စာပေကြည့်ရင်း သေပွဲဝင်မယ်၊
ဝီရိယတော့ မရှော့ပါကွယ်၊
အသွေးအသား ကုန်သွားစေကွယ်၊
အမှတ်စွဲ အောင်ပွဲခံရမယ်၊
ကြိုးစားကြကွယ့် နောက်ကျနေမယ်၊
အတူတူပဲ သူလဲလူကွယ်၊
သူရလို့မှ ကိုယ်မရရင်ကွယ်၊
အများထဲအားနည်းရှက်စဖွယ်၊
ကြိုးစားပါကွယ့် ခုထိချိန်ခါ၊
ဘာရယ်ကြောင့်များ ပျင်းခဲ့လေတာ၊
ဘယ်သူ့ကြောင့်များ ပျင်းခဲ့လေတာ၊
အများထဲပျင်းတဲ့ရက်တွေကြာ၊
မသိတုန်းက ချိန်ဖြုန်းရက်ကြာ၊
သိလျှင်ပယ်ရှား ဘယ်သူ့တွက်တာ၊
ကိုယ့်အရေးမို့ ကိုယ်တွေးခါခါ၊
လူဖြစ်ရ တန်ဖိုးအရရှာ၊၊၊၊၊။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ
0 comments:
Enregistrer un commentaire