ဗုဒ္ဓဘာသာသည်
အာရှတိုက်သားအများစုတို့၏ ကိုးကွယ်သည့်ဘာသာတခုဆိုရင်မှားမည်မထင် ကမ္ဘာပေါ်တွင်ဗုဒ္ဓဘာသာဝင်သန်းငါးရာကျော်ရှိသဖြင့်ကမ္ဘာ့လူဦးရေနဲ့တွက်ချက်ကြည့်ရင်
လေးပုံတပုံခန့်
သာရှိမည်၊
ဗုဒ္ဓဘာသာဝင်အများစုသည်သူတို့၏ဆရာသမား၏ကောင်းသောသင်ပြချက်ကိုမသိကြပါ၊တကယ်လို့
လူတယောက်ဟာဗုဒ္ဓဝါဒကိုမှန်ကန်စွာလိုက်နာလို့
ဗုဒ္ဓဘာသာကောင်းလို့အမည်ခံလိုလျှင် မြတ်ဘုရား၏ သင်ပြချက်များကိုအရင်လေ့လာရမည်။
ဗုဒ္ဓဝါဒကိုဆည်းပူးလေ့လာလာလျှင်ဘဝရဲ့ခက်ခဲသောပြဿနာများကိုပိုပြီးလွယ်ကူစွာနားလည်လာလိမ့်မယ်
မြတ်ဘုရားသည်သူ၏အသိပညာကိုသူတဦးတည်းသိမ်းပိုက်မထားပါ
သူရဲ့တပည့်များအား သူ၏သင်ပြချက်များကိုနားထောင်ရုံမျှ နားထောင်အောင်လည်းအမိန့်ကိုတခါမှမပေးခဲ့ဘူးပါ။
လူတယောက်သည် မြတ်ဘုရားရဲ့တပည့်တယောက်ဖြစ်ရုံနဲ့ကောင်းကင်ဘုံသို့ခေါ်ဆောင်သွားမည်
ဟုလည်းတယောက်သောသူကိုမျှကတိစကားမပြောခဲ့ဘူးပါ
ဘာကြောင့်ကတိစကားမပြောခဲ့သလဲဆိုရင် လူတယောက်ကို လူတယောက်ကကောင်းကင်ဘုံသို့မခေါ်ဆောင်နိုင်သလို
ငရဲဘုံသို့လည်းမခေါ်ဆောင်နိုင်ပါ။
မိမိလုပ်ခဲ့သောအလုပ်ကသာအလုပ်အပေါ်မူတည်ပြီးခေါ်ဆောင်သွားပါလိမ့်မယ်ရှောင်ရန်ဆောင်ရန်တော့
မြတ်ဘုရားအကုန်သင်ပြပေးခဲ့ပါတယ်၊ဒါကြောင့်မြတ်ဘုရားသည်သူရဲ့တပည့်များအား
သူရဲ့သင်ပြချက်များနှင့်သူရဲ့နမူနာကောင်းများကိုလိုက်နာရန်သြဝါဒပေးတော်မူခဲ့ပါတယ်။
မြတ်ဘုရားသည် ချစ်ခင်ကြင်နာမှုဟူသော မေတ္တာတရားကို လူများ နတ်များ တိရစ္ဆာန်များ စသောသတ္တဝါအားလုံးကိုပွားများပေးပို့တော်မူပါတယ်
ထိုသို့ပို့သသောမေတ္တာကို စင်္ကြာဝဠာမေတ္တာလို့ခေါ်ပါတယ်။
သက်ရှိသတ္တဝါအားလုံးအတွက်မြတ်ဘုရား၏ကရုဏာနှင့်မေတ္တာသည်အလွန်ကြီးမားရကားတွန့်ဆုတ်ခြင်း
အနည်းငယ်မျှအလျင်းမရှိဘဲသံသရာဆင်းရဲဒုက္ခများကို
မြတ်ဘုရားခံယူတော်မူခဲ့ပါတယ် ဗုဒ္ဓစာပေများကိုလေ့လာလျှင်မြတ်ဘုရားလေးသင်္ချေနဲ့ကမ္ဘာတသိန်းအပင်ပန်းဆင်းရဲခံမှုတွေတွေ့ရလိမ့်မယ်။
ခိုင်မြဲသောဆုံးဖြတ်ချက် ကြီးမားသောလုံးလ မြင့်မားသောပညာတို့၏အထောက်အကူဖြင့်သာလျှင်
ဘုရားဖြင့်အောင်ကြိုးစားလာခဲ့တယ်၊အကြောင်းမှာဘုရားအဖြစ်ရယူနိုင်မှုဟာတစုံတယောက်သော
ပုဂ္ဂိုလ်တည်းသိမ်းပိုက်ထားနိုင်သည့်အခွင့်အရေးမဟုတ်သောကြောင့်ပါ၊
စာရှု့သူတို့လည်းကြိုးစားလျှင်ဘုရားဖြစ်နိုင်တယ်စာရေးသူလည်းကြိုးစားလျှင်ဘုရားဖြစ်နိုင်တယ်
မြတ်ဘုရားတို့သည် အခြားသောသူများကိုလည်း ထိုသို့သောစိတ်ဓာတ်များကိန်းဝပ်အောင် အားပေးတော်မူခဲ့ပါတယ်
အခြားသူကိုလည်းအလားတူဘုရားဖြစ်လာရန် အလိုရှိတော်မူကြတယ်။
ဂင်္ဂါဝါဠုသဲစုမကဘုရားအဆူဆူပွင့်ထွန်းတော်မူပါသော်လည်းနိဗ္ဗာန်တည်းဟူသောထာဝရချမ်းသာကို
ရအောင်မကျင့်ဆောင်နိုင်သောသတ္တဝါများစွာကံမကောင်းစွာနဲ့ကျန်ရှိနေအုံးမှာအသေချာပါပဲ
ဘာကြောင့်လည်းဆိုရင် မသိမှုအဝိဇ္ဇာတရားကဖုံးလွှမ်းထားတာကိုသူတို့မဆုတ်ဖြဲပစ်နိုင်သေးလို့ပါပဲ။
စာရှု့သူတို့ကော
စာရေးသူကောပါ ဗုဒ္ဓစိတ်ဓာတ်ကိန်းအောင်းအောင်နေဖို့လိုပါတယ် တကယ်လို့မြန်းဗုဒ္ဓစိတ်ဓာတ်ပျောက်ကွယ်သွားမယ်ဆိုရင်
မြတ်ဗုဒ္ဓလိုအေးချမ်းမှုရဖို့ဝေးပြီလေ၊ ထိုစိတ်ဓာတ်မျိုးကိုအေးချမ်းမှုရသည်အထိထိန်းထားနိုင်အောင်
လေ့ကျင့်မှုတွေနဲ့ကြိုးစားမှုတွေပေါင်း
စပ်ကာစာရှု့သူတို့ကော စာရေးသူပါပြုစုပျိုးထောင်ရန်လိုပေလိမ့်မယ်။
မြတ်ဘုရားလိုအေးချမ်းမှုအပင်ကိုရရန်မိမိတို့စိုက်ပျိုးသောမျိုးစေ့ကိုကြီးထွားသန်မာသည့်အပင်မျိုးဖြစ်လာ
ပြီး အေးချမ်းမှုဟူသောအသီးအပွင့်ကိုဆောင်နိုင်ရန်ဘယ်လိုလုပ်ဖို့လိုပါသလဲ....လောင်းရိပ်မမိအောင်
အမြဲဂရုစိုက်ပြီး
ရေလောင်းခြင်း မြေသြဇာကျွေးခြင်းတည်းဟူသောအလုပ်များလုပ်ဖို့လိုအပ်သလို အပင်ငယ်ဘဝကောအပင်ကြီးဘဝပါပြုစုပျိုးထောင်ဖို့များစွာသတိထားပြီးလုပ်ဆောင်ရမှာဖြစ်ပါတယ်။
အမြဲလုပ်ပေးနေရင်တနေ့ကိုယ်ပျိုးထားတဲ့အေးချမ်းမှုအပင်ကအသီးတွေဝေဝေဆာဆာပွင့်လာပါလိမ့်မယ်
ကြိုးစားဖို့ပဲလိုတာပါ။
သို့သော်လည်း
မြတ်ဘုရားလိုအေးချမ်းမှုအပင်ကြီးထွားလာဖို့ရန်လွယ်ကူသောအလုပ်တော့မဟုတ်ပေ
နေပူဒဏ်တွေ
လေပျင်းမုန်တိုင်းဒဏ်တွေအလွန်ချမ်းအေးသောရာသီဥတုဒဏ်တွေနဲ့တူတဲ့ပြဿနာပေါင်း
များစွာ ကိလေသာပေါင်းများစွာကို
ယခုဘဝကော နောင်ဘဝကော အံတုကာကြိုးစားရုန်းထွက်ရလိမ့်မယ်။
မြတ်ဘုရားလိုအေးချမ်းမှုရရန်အလွန်ခက်ခဲသောကြောင့်အလွန်ကြာမြင့်သောအခါမှအေးချမ်းးမှု
အသီးပွင့်တွေကပွင့်ထွန်းပေါ်ပေါက်လာပေတယ်၊ထိုအသီးအပွင့်တွေဝေဝေဆာဆာပွင့်ထွန်းလာပြီဆိုလျှင် လူသားအားလုံးကိုအေးချမ်းမှုအသီးအပွင့်မျှဝေလိုရပါပြီ။
လူတို့သည်
အမှန်နဲ့အမှားကိုခွဲခြားပြီးမသိခြင်းဖြင့်မောဟအမိုက်မှောင်အတွင်းမှာနေထိုင်နေကြ၏ သူတို့သည်လောကီဆိုင်ရာ
မကောင်းမှုများဟူသော လောကနွံထဲမှာရုန်းကန်နေကြရ၏ လူတွေဟာယခုလက်ရှိဘဝလေးကိုတည်မြဲနေသည်ဟုထင်နေကြတယ်
တကယ်တော့အဲဒီထင်နေတာလေးကိုကကိုမတည်မြဲတာပါ။
ပေါ်လွင်နေသောအချက်ကလေးကိုနားမလည်နိုင်သောကြောင့်လူတို့သည်တိုတောင်းသောအချိန်ပိုင်း
အတွင်းသာတည်ရှိနိုင်သည့်ပျော်ရွှင်မှုများတွင်နစ်မွန်းနေကြတယ်၊ထိုပျော်ရွှင်မှုများတွင်ပိုလို့ပင်ငြိတွယ်
နေကြတယ်ပျော်ရွှင်မှုတို့ရဲ့ကျေးကျွန်များအဖြစ်သို့ရောက်ရှိကာအမှန်တရားကိုမမြင်နိုင်တော့ဘဲ
အကန်းဘဝသို့ လုံးဝဆင်းသက်ကြရလေတော့တယ်။
အကြောင်းအရာလေးကိုရှင်းပြသည့်အခါလူတွေဟာအမှန်တရားကိုနားမထောင်ချင်ကြတော့ပေ
အတိုချုပ်ပြောရလျှင် လူတွေဟာ မည်သည့်အရာမှန်သည်ကိုနားလည်ဖို့ရန် အလွန်တရာထုံပေပေဖြစ်လာပြီးတော့
လူအများစုက ငါမှန်တယ်ထင်လို့ ငါလုပ်တာ ဟု ရဲရဲကြီးပြောလာကြတော့တယ်။
တကယ်လို့များ လူသားတိုင်းက
ဒီအကျင့်တွေလိုက်နာကြမည်ဆိုလျှင်ကမ္ဘာကြီးဘာဖြစ်သွားမလဲ? များမကြာမှီသူတော်ကောင်းတရားများပျောက်ကွယ်သွားပြီးလျှင်
မကောင်းတဲ့ဒုစရိုက်တရားများနေရာယူအစားဝင်လာလိမ့်မယ် အစားဝင်လာသည့်အခါ ရှုပ်ထွေးပွေလီသော
ကမောက်ကမဖြစ်ခြင်းနှင့်အလွန်တရာများပြားသော ဆင်းရဲခြင်းအကြောင်းတရားတွေပေါ်ပေါက်လာကြမည်။
မသိမိုက်မဲမှုကြားမှာလိမ္မာရေးခြားရှိစေရန်
စိတ်ဓာတ်ညံ့ဖျင်းသူများကြားမှာ စိတ်ဓာတ်ကောင်းမွန်ဖို့ရန် စိတ်မရှည်သူများကြားမှာ စိတ်ရှည်သူများဖြစ်ဖို့ရန်
ယစ်မူးနေသူတွေရဲ့ကြားမှာ ယစ်မူးနေသည်မဖြစ်ဖို့ရန် မုန်းတီးမှုအာဃာတတွေပေါများနေတဲ့လူတွေရဲ့ကြားမှာကြင်နာတတ်တဲ့နှလုံးလှပိုင်ရှင်ဖြစ်လာဖို့ရန်စသော
အကြောင်းအရာများ လောကအလယ်မှာ မရရှိနိုင်လုပါးဖြစ်သော
အောင်မြင်မှုအချို့ဖြစ်ပါတယ်။
မြတ်ဘုရားကဲ့သို့သော
ပြိုင်ဘက်ကင်းသည့်ပုဂ္ဂိုလ်ထူးတွေအခါအားလျော်စွာပေါ်ထွန်းလာခဲ့ကြတယ် သင့်လျော်သောအခါမှာမြတ်ဘုရားတို့သည်အမှန်တရားကိုဟောဖော်ဖို့ရန်
ပေါ်ထွန်းလာကြမည်သာ
ဖြစ်ပါတယ်။
ခုချိန်ကစပြီးစာရေးသူကောစာရှု့သူတွေပါ
ထိုကဲ့သို့သောမဟာကရုဏာရှင်တွေနဲ့တွေဖို့ခုကတည်းကကြိုးစားဖို့ရန်လိုအပ်ပေသည် ထိုကဲ့သို့သော
မဟာကရုဏာရှင်တွေနဲ့တွေ့ဖို့ရန်လွယ်ကူသောအရာမဟုတ်ပေ..... ဒါကြောင့်မို့ စွမ်းအားရှိသလောက်ကြိုးစားဖို့ရန်လိုအပ်လာပေလိမ့်မည်။
စတင်လျှောက်လှမ်းသောသူတို့အဖို့ခက်ခဲမည်ဟု....ယူဆသော်လည်းတကယ်လို့
မိမိရရှိထားသောအသိပညာ အနည်းငယ်နှင့်ပင် မိမိရဲ့စွမ်းအင်ကိုအသုံးပြုလျှက် ပထမခြေလှမ်းကိုစတင်လှမ်းဖို့ကြိုးစားလိုက်စမ်းပါ
အခက်အခဲတဝက်ကျော်လွန်ပြီးဖြစ်နေပါလိမ့်မယ်။
ဘဝတည်းဟူသောတောင်ထိပ်သို့တက်သောသူတွေအဖို့တလှမ်းတည်းနဲ့မရောက်နိုင်ပါဘူး
ဆက်ကာဆက်ကာလှမ်းရင်းဘဝရဲ့ကြီးကျယ်သောတောင်ထိပ်ပေါ်သို့ရောက်နိုင်တာကို
စာရေးသူကောစာရှု့သူတွေပါသတိမူရမယ်လေ။
ဘဝတောင်ထိပ်သို့ရောက်ဖို့ရန်မည်မျှသောရက်တွေကြာမည်ဆိုတာတော့မပြောနိုင်ပါ
ဒါကြောင့်သူတပါးတွေထက်စောစောရောက်နိုင်ဖို့ရန်ခုကတည်းကအင်အားနဲ့တူတဲ့ကုသိုလ်တွေစုဆောင်းဖို့
လိုအပ်ပါလိမ့်မယ်။
ကြီးကျယ်သောပင်လယ်ရေပြင်တွေဟာစုဆောင်းမိကြသောရေစက်ကလေးများပါ
မြတ်ဘုရားရှင်ကဲ့သို့သော
အေးချမ်းသောအရာအားလုံးဟာလဲ ကောင်းသောအမှုတွေရဲ့ စုစည်းမှုတခုပါ
အခြားတနည်းပြောရသော် မကောင်းသောမဲညစ်နေသောအရာတွေကင်းစင်နေတဲ့အဖြူထည်လေးပေါ့။
အမြင့်ဆုံးဘဝပန်းတိုင်ရှာဖွေနေသောလူတဦးဟာ
အလွန်ရှည်လျားသောနာရီပေါင်းများစွာ ရက်ပေါင်းများစွာ ဘဝပေါင်းများစွာထပ်မံအသုံးပြုရပေးအုံးမည်
ကောင်းသောပေးစပ်မှုတွေများလာရင် တနေ့တချိန်မှာ လိုချင်နေတဲ့အရာတွေပြည့်နှပ်နေပေလိမ့်မယ်။
ဘဝရဲ့အမြင့်ဆုံးပန်းတိုင်ရောက်ပြီးဆိုလျှင်ကိုယ့်အောက်မှာရှိနေတဲ့လူစုလူထုကြီးကိုအပေါ်စီးကနေမြင်
နရသလိုဖြစ်နေလိမ့်မယ်......သို့သော်
သံသရာဝဲဂယက်မှလွတ်မြောက်လိုသောသူသည်ထာဝရအေးချမ်းသောပန်းတိုင်ဆီရောက်ရှိသွားပေလိမ့်မည်။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။
0 comments:
Enregistrer un commentaire