ခုစာရေးသူတို့နိုင်ငံမှာဖြစ်ပျက်နေသောအကြောင်းအရာပဋိပက္ခတွေကိုနေ့တိုင်းတွေ့နေရတယ်
ဒါတွေကိုဖတ်ပြီးစာရေးသူတို့ရဲ့ဗုဒ္ဓဘာသာဟာဘာလဲဆိုတာသူတို့ကိုသိစေချင်လာတယ်ဒါကြောင့်
ဗုဒ္ဓဘာသာဟူသည်
ဟုခေါင်းစဉ်ရွေးလိုက်မိတယ်။
ဗုဒ္ဓဘာသာသည်
အဓိကအားဖြင့် သည်းခံနိုင်မှု ရန်မလိုမှု ကျိုးကြောင်းညီညွတ်မှု လက်တွေ့ကျမှု အာနိသင်ထက်မြက်မှုနှင့်အနန္တစင်္ကြဝဠာအတိုင်းအတာအားဖြင့်မှန်ကန်မှုတို့ကြောင့်အတုမရှိသော
ဘာသာတခုဖြစ်ပါတယ်။
ဗုဒ္ဓဘာသာသည်ညီညွတ်စည်းလုံးအောင်ပေါင်းစည်းပေးသည့်အရှိန်အဝါစွမ်းအားများအနက်
အမွန်မြတ်ဆုံးစွမ်းအားဖြစ်ပြီးလျှင်ကမ္ဘာလောကကိုအဆင့်မြင့်မြင့်တင်ပေးနိုင်သည့်တခုတည်းသော
မောင်းတံတခုဆိုရင်လည်းမှားမည်မထင်ပါ။
အမွန်မြတ်ဆုံးစွမ်းအားဖြစ်ပြီးလျှင်ကမ္ဘာလောကကိုအဆင့်မြင့်မြင့်တင်ပေးနိုင်သည့်တခုတည်းသော
မောင်းတံတခုဆိုရင်လည်းမှားမည်မထင်ပါ။
ဗုဒ္ဓဘာသာဟာမေတ္တာတရားကိုသက်ရှိသတ္တဝါအားလုံးသို့ဖြန့်ဝေကျင့်သုံးပါတယ်လူသားအားလုံးကိုလည်း အမျိုးဇာတ် အသားအရောင် စသည်မခွဲခြားပဲမိမိနှင့်ထပ်တူထားပြီးဆက်ဆံတတ်ပါတယ်။
လူတဦးနှင့်တဦး
ခွဲခြားထားသောအကာအရံတံတိုင်းများကိုချိုးဖောက်ရန်ကြိုးပမ်းသည့်အရာမှာလည်း ဗုဒ္ဓဘာသာရဲ့မေတ္တာတရားပင်ဖြစ်ပါတယ်
အခြားသူတို့သည်အခြားဘာသာဝင်အခြားနိုင်ငံသားများဖြစ်သည့်အတွက်သူတို့ကိုရှောင်ရမည်ဆိုလျှင်
ခိုင်လုံသည့်အကြောင်းပြချက်မဟုတ်ပါ။စူဠဗျူဟာမဟာဗျူဟာသုတ်များကိုအခြေခံထားသည့်..
ထိုမြင့်မြတ်သောသည်းခံခြင်းအမိန့်ပြန်တမ်းမှာအသောကမင်းကြီးဟာခုလိုမိန့်ဆိုထားပါတယ်
အတူတကွယှဉ်တွဲနေထိုင်းခြင်းဟာကောင်းမွန်သည့်အရာဖြစ်တယ် ဒါပေမဲ့ 'လူသားအားလုံးတို့သည်သူတပါးတို့လက်ခံယုံကြည်သောဘာသာတရားကိုလည်းလိုလိုလားလား
ထိုမြင့်မြတ်သောသည်းခံခြင်းအမိန့်ပြန်တမ်းမှာအသောကမင်းကြီးဟာခုလိုမိန့်ဆိုထားပါတယ်
အတူတကွယှဉ်တွဲနေထိုင်းခြင်းဟာကောင်းမွန်သည့်အရာဖြစ်တယ် ဒါပေမဲ့ 'လူသားအားလုံးတို့သည်သူတပါးတို့လက်ခံယုံကြည်သောဘာသာတရားကိုလည်းလိုလိုလားလား
နားထောင်ရမည်ဖျက်ဆီးမှုမလုပ်ရဘူးငါ့ဘာသာကောင်းစားပြီးရောအခြားဘာသာဘာဖြစ်ဖြစ်ဆိုပြီး
မလုပ်ရဘူး'တဲ့။
ဗုဒ္ဓဘာသာသည်
နိုင်ငံတနိုင်ငံ သီးသန့်လူမျိုးတမျိုး၏နယ်ပယ်အတွင်း၌သာကန့်သတ်ထားသည်မဟုတ် ဗုဒ္ဓဘာသာဟာစင်္ကြဝဠာတခုလုံးနဲ့ဆိုင်တယ်
ဗုဒ္ဓဘာသာ လူမျိုးရေးဝါဒလည်းမဟုတ်ပါ
လူမျိုးရေးဟူသည်မှာ...တနည်းပြောရသော်ပိုမိုကျယ်ပြန့်သောအခြေခံပေါ်တွင်
တည်ဆောက်ထားသည့်ဇာတ်စနစ်၏အခြားအသွင်အပြင်တမျိုးဖြစ်တယ် ဆိုရေးရှိကဆိုရမည်ဆိုလျှင် ဗုဒ္ဓဘာသာသည်တကမ္ဘာလုံးရှိလူသားအားလုံးကိုလူသားတမျိုးတည်းပင်ဖြစ်သည်ဟုမှတ်ယူသော
အကြီးကျယ်ဆုံးသောဘာသာတခုလို့ပြောပါရစေ။
တည်ဆောက်ထားသည့်ဇာတ်စနစ်၏အခြားအသွင်အပြင်တမျိုးဖြစ်တယ် ဆိုရေးရှိကဆိုရမည်ဆိုလျှင် ဗုဒ္ဓဘာသာသည်တကမ္ဘာလုံးရှိလူသားအားလုံးကိုလူသားတမျိုးတည်းပင်ဖြစ်သည်ဟုမှတ်ယူသော
အကြီးကျယ်ဆုံးသောဘာသာတခုလို့ပြောပါရစေ။
ဗုဒ္ဓဘာသာသည် ဝေးသူ သို့မဟုတ် နီးသူ,ရန်သူ သို့မဟုတ် နိုင်ငံခြားသား,သစ္စာဖောက်သူ သို့မဟုတ်
ဇာတ်အနိမ့်ဆုံးလူသား လူဖြူ သို့မဟုတ် လူမဲ, စသည်မခွဲခြားပါ ဘာကြောင့်လည်းဆိုလျှင် နားလည်မှုမှတဆင့်သိရှိရသောစင်္ကြဝဠာမေတ္တာသည်လူသားအားလုံးကိုညီအစ်ကိုမောင်နှမများဖြစ်အောင်
တည်ထောင်ပေးသောကြောင့်ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာသည်
ကမ္ဘာကြီးရဲ့နိုင်ငံတခုဖြစ်ပါတယ်ဗုဒ္ဓဘာသာသည်တကမ္ဘာလုံးကိုသူ၏မိခင်နိုင်ငံဟုခံယူပြီးလျှင်
လူသားအားလုံးကိုလည်း ညီအစ်ကိုမောင်နှမများဟုမှတ်ယူလိုက်ပါတယ်။
ဒါကြောင့်မို့စာရေးသူတို့နိုင်ငံမှာရှိနေကြသောအခြားသောဘာသာကိုးကွယ်သူတို့သည်
မေတ္တာတရားကြီးမားသော ဘာသာကိုမနှောက်ယှက်ပါနဲ့မဖျက်ဆီးကြပါနဲ့ သူတပါးကကိုယ့်ကိုမေတ္တာထားပါလျှက်နဲ့ကိုယ်ကမေတ္တာမထားဘဲတိုက်ခိုက်မည်ဆိုလျှင်
သူတပါးကငြိမ်းချမ်းနေပါလျှက်ကိုယ်ကငြိမ်းချမ်းမှုမရှိအောင်ဖန်တီးမည်ဆိုလျှင် ကိုယ့်ကိုကိုတွေးကြည့်စေချင်ပါတယ်။
သင်ဒါလုပ်သင့်တယ် ဒါမလုပ်သင့်ဘူးလို့ အမိန့်မပေးလိုပါ သို့သော် တိုက်တွန်းချင်ပါတယ်
သင်လူသားတဦးဖြစ်ခဲ့မယ်ဆိုရင် သင်ရဲ့နှလုံးသားထဲမှာ သင့်ရဲ့ဦးနှောက်ထဲမှာ ကမ္ဘာလောကကြီးငြိမ်းချမ်းပါစေ
လူသားအားလုံးငြိမ်းချမ်းပါစေဆိုတဲ့စိတ်ဓာတ်ကလေးမွေးစေချင်ပါတယ်။
ဗုဒ္ဓဘာသာသည်
ဥာဏ်ပညာနဲ့အကြင်နာတရားဟူသောရောင်ခြည်တန်းအစုံဖြင့် တလောကလုံးကိုထွန်းလင်းတောက်ပ နွေးထွေးစေပါတယ်
မွေးဖွားခြင်းနှင့်သေဆုံးခြင်းဟူသော
သမုဒ္ဒရာထဲ၌ရုန်းကန်ကူးခတ်နေသောသတ္တဝါတိုင်းအပေါ်သို့ဗုဒ္ဓဘာသာရဲ့အကြင်နာမေတ္တာတရားတွေ
ဖြာကျစေလျက်ရှိပါတယ်။
အကြင်နာမှုနဲ့မေတ္တာတရားကိုလက်ဝယ်ပိုင်ပိုင်ထားရှိတဲ့ဘာသာတခုကို
သင်ရှို့တဲ့ဒေါသမီးအတ္တမီးကြောင့်တလောကလုံးအရုပ်ဆိုးအကျည်းတန်မှုတွေမဖြစ်ပါစေနဲ့လို့ပြောပါရစေ
အားလုံးကျမ္မာပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။
0 comments:
Enregistrer un commentaire