Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 6 mai 2013

သူယုတ်မာဖြစ်ကြောင်းတရားများ


ဒီနေ့စာရေးသူ thesis အတွက် ပရာဘဝသုတ်ကိုရှာရင်း လူတွေအတွက်မြတ်ဘုရားဟောကြားခဲ့သောဝသလသုတ်ကလေးကိုသွားတွေ့တယ်လေ စာကိုဖတ်ရင်းသိစေချင်တဲ့စိတ်ကတဖွားဖွားပေါက်လာတယ် ဒါနဲ့ရေးသားလိုက်ရပါတယ်။

တခါတုံးကမြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူစဉ် သာဝတ္ထိမြို့တွင် မိမိ၏ အမျိုးဇာတ်(မျိုးရိုး)ကို အကြောင်းပြု၍ မိမိကိုယ်ကို အထင်ကြိးမာနဝင်နေသော အဂ္ဂိကဘာရဒွါဇ အမည်ရသော ပုဏ္ဏားတစ်ယောက်ရှိသည်။

တစ်နေ့တွင် မြတ်စွာဘုရားသည်အိမ်စဉ်လှည့်လည်၍ဆွမ်းခံကြွရင်းပုဏ္ဏား၏နေအိမ်ဘက်သို့ ရောက်ရှိလာ
သည်ထိုစဉ် ပုဏ္ဏားက မြတ်စွာဘုရားကို  ဦးပြည်းယုတ်၊ထိုနေရာ၌ ရပ်လော့၊သူယုတ်မာ ရပ်လော့ ဟုဆိုသည်။
 
မြတ်စွာဘုရားသည် စိတ်ဆိုးအမျက်ထွက်ခြင်း၊တုန်လှုပ်ခြောက်ခြားခြင်းမရှိ၊ ပင်ကိုယ်အားဖြင့် ငြိမ်သက် တည်ကြည်သောဣနြေ္ဒ၊သာယာကြည်နူးဖွယ်သော အသံတော်ဖြင့်  ပုဏ္ဏား သင်သည် သူယုတ်မာ အဖြစ် ကို  လည်းကောင်း၊ သူယုတ်မာ ဖြစ်ကြောင်း တရားကိုလည်းကောင်း၊သိသလော ဟုမေးလေသည်။

ထိုအခါမှ ပုဏ္ဏားသည်  သူယုတ်မာ ဟူသော စကားလုံး၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်စဉ်းစားမိကာ  အရှင်ဂေါတမ အကျွန်ုပ် မသိပါ၊ သူယုတ်အဖြစ် ကိုလည်းကောင်း၊ သူယုတ်မာ ဖြစ်ကြောင်း တရား ကိုလည်းကောင်း အကျွန်ုပ် သိနိုင်လောက်အောင် ဟောကြားပေးတော်မူပါ ဟုလျှောက်ထား လေသည်။

ဒီနေရာမှာစကားညှပ်လိုက်ပါရစေလောကလူတွေကကိုယ့်ကသာသူတပါးကိုကဲ့ရဲ့ချင်ကြတယ်ကိုယ်ပြော
လိုက်တဲ့သဘောသဘာဝအကြောင်းစုံကိုမေးလိုက်သည့်အခါမသိကြသည်ကများတယ်သူများအကြောင်း
ပြောရင်ကိုယ်အကြောင်းပါ ပါသွားပြီဆိုတာမသိကြဘူး သူ့ကိုဂုဏ်မြောက် ကိုယ့်ဂုဏ်မြောက်၏ သူ့ကိုဂုဏ်နှိမ့် ကိုယ့်ဂုဏ်နှိမ့်၏တဲ့ ဒါလေးနှလုံးအမြဲသွင်းတတ်ဖို့လိုပါတယ်။

မြတ်စွာဘုရားက ဟောတော်မူသည်မှာ
(၁)လူတစ်ယောက်သည် အမျက်ထွက်လေ့ရှိသူ ရန်ငြိုးဖွဲ့လေ့ရှိသူ သူတပါးကျေးဇူးကို မေ့ဖျောက် တတ်သူ အယူဖောက်ပြန်တတ်သူ လှည့်ပတ် ကောက်ကျစ်တတ်သူ။

(၂)လူတစ်ယောက်သည် လူ, ငှက် စသော သတ္တဝါတို့ကို ညှင်းဆဲ သတ်ဖြတ်သူ သတ္တဝါတို့အပေါ်၌ သနားညှာတာမှုမရှိသူ။
 
(၃)လူတစ်ယောက်သည် မြို့ရွာ၊လယ်မြေ၊ခြံမြေ၊ဥယျာဉ်မြေ တို့ကို ဖျက်ဆီးသူ  ထိုအလုပ်မျိုးကို ပြုလုပ်လေ့ရှိသောသူ။
 
(၄)လူတစ်ယောက်သည် ပိုင်ရှင်မပေးသော ပစ္စည်းကို ခိုးယူလိုသော စိတ်ဖြင့် ယူသူ။
 
(၅)လူတစ်ယောက်သည် သူတပါးထံမှ ငွေကြေးကို ချေးယူပြီးလျှင် ကြွေးရှင်မှ အကြွေးတောင်းသည့်အခါ သင့်ကို အကြွေးပေးစရာမရှိဟုပြောဆိုလျှက် ထွက်ပြေးသူ။
 
(၆)လူတစ်ယောက်သည် ငွေကြေးမဆိုသလောက်ကို အလိုရှိသည့်အတွက် ခရီးသွားကို သတ်ဖြတ်ကာ ထိုငွေကြေးကို ယူသူ။
 
(၇)လူတစ်ယောက်သည် မိမိကိုယ်ကို သက်သေထား၍ မုသားဆိုသူ။
 
(၈)လူတစ်ယောက်သည် ဆွေမျိုး(သို့မဟုတ်)မိတ်ဆွေခင်ပွန်း တို့၏ မယားတို့ကို အနိုင့်အထက်ဖြင့် ဖြစ်စေ၊ နှစ်ဦးသဘောတူ လွန်ကျူးပြစ်မှားသူ။
 
(၉)လူတစ်ယောက်သည် အမိ(သို့မဟုတ်) အဖ(သို့မဟုတ်) အကိုနှင့်ညီ(သို့မဟုတ်) အမနှင့်ညီမ(သို့မဟုတ်) ယောက္ခမများကို ရိုက်နှက်၏။ကြမ်းတမ်းသောစကားကိုဆိုလေ့ရှိသူ။
 
(၁၀)လူတစ်ယောက်သည် အိုမင်း၍ နောက်ဆုံးအရွယ်သို့ရောက်နေသော မိဘတို့ကို ကျွေးမွေးနိုင်စွမ်းရှိလျှက် မကျွေးမွေး၊မပြုစုသောသူ။
 
(၁၁)လူတစ်ယောက်သည် အကျိုးစီးပွားကို အလိုရှိသည့်အတွက် မေးမြန်းသည့်အခါ အကျိုးစီးပွားမဲ့ကို ပြောဆိုသောသူ။
 
(၁၂)လူတစ်ယောက်သည် ယုတ်မာသောအမှုကို ပြုပြီးလျှင် မိမိပြုသောအမှုကို ဖုံးလွှမ်းတတ်သောသူ
(၁၃)လူတစ်ယောက်သည် သူတပါးအိမ်သို့ သွားပြီးလျှင် မွန်မြတ်သောအစားအစာကို စားပြီးနောက် မိမိအိမ်သို့ လာသော မိတ်ဆွေကို (အတုန့်အပြန်)မကျွေးမွေးသောသူ။
 
(၁၄)လူတစ်ယောက်သည် ထမင်းစားချိန်ရောက်လာသော အလှူခံပုဂ္ဂိုလ်အား စကားဖြင့် ချုပ်ချယ်သောသူ ပေးလှူခြင်း မရှိသောသူ။
 
(၁၅)လူတစ်ယောက်သည် ရဟန်းသာမဏေ ကိုလည်းကောင်း၊ သူတောင်းစား ကိုလည်းကောင်း အလှူအတန်း ပြုရန် ဖိတ်ကြားပြီး ဖြစ်လျက် သင်တို့အား မဖိတ်ကြားပါဟု မုသားဆိုတတ်သောသူ။
 
(၁၆)လူတစ်ယောက်သည် မိမိကိုယ်ကို ချီးမွမ်း၏။သူတပါးကို ကဲ့ရဲ့ရှုတ်ချတတ်သောသူ။
 
(၁၇)လူတစ်ယောက်သည် ချုပ်ချယ်တတ်၏။ သူတပါးပေးလှူသည်ကိုလည်း ဝန်တိုမှုရှိ၏။ ယုတ်မာသော အလိုရှိ၏။ ကပ်စေးနည်း၏။ စဉ်းလဲ ကောက်ကျစ်၏။ အကုသိုလ်ပြုရမည်ကို မရှက်၊ အကုသိုလ်ပြုရမည်ကိုလည်း မကြောက်တတ်သောသူ။
 
(၁၈)လူတစ်ယောက်သည် မြတ်စွာဘုရားကို ဘုရားမဟုတ်ဟုစွပ်စွဲ၏။ ထိုမှတပါး ဘုရား၏ တပည့်ရဟန်း ကိုလည်းကောင်း၊ လူကိုသူတော်ကောင်းတို့ကိုလည်းကောင်း စွပ်စွဲတတ်သောသူ။
 
(၁၉)လူတစ်ယောက်သည် ရဟန္တာ မဟုတ်ဘဲ ရဟန္တာဟု ဝန်ခံသောသူ ဤသူသည် အယုတ်မာဆုံးသောသူများ ဖြစ်တယ်လို့မြတ်ဘုရားမိန့်မှာထားတွေ့ရလို့ယခုခောတ်နဲ့လဲလျော်ညီလို့
စာရေးသူတင်ပြရခြင်းဖြစ်ပါတယ်။
 
အမျိုးဘယ်လောက်ပင် မြင့်မြတ်စေကာမူ ဘယ်လောက်ပင်ချမ်းသာစေကာမူ ဘယ်လောက်ပင်ရာထူကြီးစေကာမူ ဘယ်လောက်ပင်ပညာတတ်စေကာမူယုတ်မာသော အမှုကိုပြုလျှင် ယခုဘဝ၌ပင် ကဲ့ရဲ့ဖွယ်ဖြစ်၏။ တမလွန်ဘဝ၌လည်း ဒုဂ္ဂတိဘဝသို့ လားရ၏။
 
စာရေးသူတို့ရဲ့ သုံးလောကထွတ်ထား မြတ်စွာဘုရားသည် လူတွေအတွက်ဆောင်ရန် ရှောင်ရန်တွေအကုန်လုံးတခုမကျန်ဟောထားတာတပည့်သားတွေဖြစ်တဲ့
စာရေးသူစာရှု့သူတို့လိုက်နာဖို့ရန်သာလိုအပ်ပါတော့တယ်။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ......

0 comments:

Enregistrer un commentaire