သမိုင်းဆရာတို့အလိုအရလူဟာအစပထမကတယောက်ထဲနေပြီးလုပ်ချင်ရာလုပ်တဲ့
အရိုင်းလူသားတဦးဖြစ်တယ် နောက်မှတဖြေးဖြေးယဉ်ကျေးလာပြီးအပေါင်းအပါ
အဖွဲ့စည်းနဲ့နေတတ်လာတယ်၊
ဘယ်လိုပဲဖြစ်ဖြစ်လူဟာကြောက်တတ်မှုနဲ့ လိုချင်တက်မက်မောမှုနဲ့ဖွဲ့စည်းထားတာတော့သေချာပါတယ်
လူ့ဘဝကြီးဟာ ကြောက်စရာတွေအများကြီးရှိသလိုလိုချင်တက်မက်မောစရာတွေလဲအများကြီးပြည့်နေပါတယ်။
ရေတက်ခြင်း
မီးလောင်ခြင်း လေမုန်တိုင်းတိုက်ခြင်း စသောသဘာဝဘေးအန္တရာယ်များ
ခိုက်ရန်ဖြစ်ပွားမှုတိရစ္ဆာန်တို့၏အန္တရာယ်နာမှုအိုမှု သေမှုစသောဘေးဒုက္ခများဟာလဲလူ့လောကကြီး
ထဲမှာပေါများတော့လူတွေဟာအလူးအလဲခံရရှာတယ်။
ခိုက်ရန်ဖြစ်ပွားမှုတိရစ္ဆာန်တို့၏အန္တရာယ်နာမှုအိုမှု သေမှုစသောဘေးဒုက္ခများဟာလဲလူ့လောကကြီး
ထဲမှာပေါများတော့လူတွေဟာအလူးအလဲခံရရှာတယ်။
ဒီလိုဘေးဒုက္ခတွေခံရပါများလာတော့လူတွေဟာကြောက်တတ်လာတယ် ထိုဘေးဒုက္ခတွေငြိမ်းအေးဖို့အားကိုးရာရှာလာတယ်ဒီလိုရှာဖွေမှုနဲ့ပါတ်သက်ပြီး မြတ်ဘုရားက
ဘေးအန္တရာယ်အမျိုးမျိုးကိုကြောက်ရွံ့တဲ့သူတွေဟာ
တောင်တွေ တောတွေ အာရာမ်တွေအထင်ကရသစ်ပင်ကြီးတွေ ကို လူတွေဟာကိုးကွယ်ရာအဖြစ်ရှာကြတယ်။
ဒီလိုရှာကြံမှုဟာသူတို့လိုချင်တဲ့ငြိမ်းအေးမှု ဘေးဒုက္ခမှလွတ်မြောက်ချင်မှုတွေကြောင့်ပဲ
ပင်လယ် သမုဒ္ဒရာထဲမှာလုပ်ကြတဲ့သူတွေကလဲ ရေပင်လယ်စောင့်နတ်တွေကို ကိုးကွယ်ကြလာတယ် ခုမြန်မာပြည်မှာဆိုဦးသျှင်ကြီးလိုပုဂ္ဂိုလ်မျိုးပေါ့။
တောတောင်မြေတွေကိုအမှီပြုပြီးလုပ်ကိုင်စားသောက်ကြတဲ့သူတွေကလဲ တောစောင့်နတ်တွေကို ကိုးကွယ်လာကြတယ်
လယ်ယာမြေရဲ့ကောက်ပင်ကိုအမှီပြုပြီးလုပ်ကိုင်စားသောက်သူတွေကလဲ မိုးကိုမျှော်ပြီး မိုးနတ်မင်းကိုပူဇော်ပသကြတယ်။
စာရှု့သူတို့လဲ ဒီလိုမျိုးတွေမြင်ဖူးမှာပါ ခုအိန္ဒိယမှာတချို့ဆိုကျောက်တုံးကြီးတွေကိုးကွယ်ကြတယ်
ဘာဖြစ်လို့ကိုးကွယ်ကြလဲ ကျောက်တုံးကြီးဟာ လူတွေထက်သန်မာလို့တဲ့ လူမစွမ်းနိုင်တာစွမ်းနိုင်လို့တဲ့
အော်ကိုးကွယ်မှုဟာအဆန်းပါလား။
ဒါတွေအားလုံးဟာကိုးကွယ်မှုအစတွေပါပဲမြတ်ဘုရားကတော့ ကိုးကွယ်ရာနှင့်မကိုးကွယ်ရာတွေကိုခွဲခြားပေးခဲ့ပါတယ်
တော တောင် အာရာမ် အထင်ကရသစ်ပင်တွေစသောကိုးကွယ်မှုတွေဟာဘေးကင်းသောကိုးကွယ်ခြင်းမဟုတ်၊
မြတ်သောကိုးကွယ်ခြင်းမျိုးမဟုတ်
ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့်ဆင်းရဲဒုက္ခမှမလွတ်မြောက်နိုင် ကိုးကွယ်ရာအစစ်ကား
ဗုဒ္ဓ ဓမ္မ သံဃာလို့ခေါ်တဲ့ရတနာသုံးပါးပဲ။
ထိုအစစ်အမှန်ရတနာသုံးပါးကို ဆည်းကပ်သောသူဟာ သစ္စာလေးကိုလဲသိမြင်နိုင်တယ်
မဂ္ဂင်ရှစ်ပါးကိုလဲသိမြင်နိင်တယ်ဒါတွေသိနိုင်ရင်တကယ်အေးချမ်းမှုတွေကိုရနိုင်တယ်
မြတ်ဘုရားဟောကြားထားတော်မူခဲ့ပါတယ်။
ဒါကြောင့်စာရှု့သူတို့လဲ
ကိုးကွယ်ရာအမှန်နဲ့အမှားကိုခွဲခြားပြီးသိနိုင်ဖို့ရန်အမှန်တကယ်လိုအပ်ပါတယ်။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။
0 comments:
Enregistrer un commentaire