၁၊ အမှန်စကားကိုဆိုရာ၏
၂၊ သူတပါးအားအမျက်မထွက်ရာ
၃၊ သီလရှိသောသူရောက်လာသည်ရှိသော်အနည်းငယ်မျှကိုလည်းပေးလှူရာ၏
ထိုသုံးပါးကြောင့်နတ်ပြည်ရောက်နိုင်တယ်လို့မြတ်ဘုရားဟောကြားတော်မူခဲ့ပါတယ်။
စာရေးသူဒီဂါထာလေးဖတ်ပြီ်းမယုံဘူးဖြစ်နေတယ်ဒီလောက်နည်းတာဟုတ်နိုင်ပါ့မလား
အထောက်အထားရှာမယ်ဆိုပြီးရှာတယ်
တွေ့ပါပြီ။
အရှင်မဟာမောဂ္ဂလာန်နတ်ပြည်ကြွတယ်လေ
နတ်ပြည်ရောက်တော့ နတ်သမီးလေးတွေကိုတယောက်ချင်းဆီလိုက်မေးတယ် ဒါကြောင့်သိခဲ့ရတာ ဒီလိုမေးတာဟာလဲ
လူပြည်ကလူတွေသူတို့တွေအားကျပြီးကုသိုလ်တွေပြုအောင်ပြန်လည်ဟောကြားဖို့အတွက်ပဲဆိုတာ
သဘောပေါက်ခဲ့ရတယ်။
ပထမဦးဆုံးတွေ့တဲ့နတ်သမီးလေးကိုမေးတယ်
အရှင်နတ်သမီး ထိုမျှလောက်ကြီးကျယ်သောနတ်စည်းစိမ်ကိုဘာတွေလုပ်ခဲ့လို့ရခဲ့တာလဲ နတ်သမီးကပြန်လျှောက်တယ်တပည့်တော်မ
မပြောပြရပါစေနဲ့ ရှက်လို့ပါ တပည့်တော်လုပ်ခဲ့ကုသိုလ်ဟာအင်မတန်နည်းပါးလှပါတယ်။
အရှင်မောဂ္ဂလာန်ကပြောသာပြောပြပါမရှက်ပါနဲ့
သင့်စကားတခွန်းဟာလူတွေအတွက်တန်ဖိုးသိပ်ကြီးပါတယ်ပြောပြပါဆိုတော့မှနတ်သမီးလေးက တပည့်တော်မအလှူလဲမလှုဘူးပါ
ဘုရားရှင်နှင့်တကွသံဃာတော်တွေလဲမလုပ်ကျွေးဘူးပါ တရားတော်လဲမနာကြားခဲ့ဘူးပါ သို့ပေမဲ့
အသက်ထက်ဆုံးမှန်သောစကားကိုသာဆိုခဲ့ပါ၏။
မုသာဝါဒသိက္ခာပုဒ်ကိုလည်းမသိခဲ့ပါ..သို့သော်မှန်သောစကားဟာလူတွေအတွက်ကောင်းတယ်ဆိုတာ
တပည့်တော်မသိပါတယ်အဲဒါကြောင့်မှန်သောစကားကိုသာအသက်ထက်ဆုံးပြောကြားခဲ့လို့
တပည့်တော်မနတ်စည်းစိမ်ကိုရခဲ့ပါ၏။
နောက်တယောက်ဆီသွားပြီး
ရှေးနည်းအတိုင်းမေးပြန်တယ်
ထိုနတ်သမီးလေးကမလျှောက်ဝံ့သူပြုတဲ့ကုသိုလ်ဟာနည်းပါးနေတော့ရှက်နေတယ် ရဟန္တာအရှင်မြတ်ကြီးပြောခိုင်းတော့ပြောပြပါတယ်တပည့်တော်မသည်ကဿပဘုရားရှင်
လက်ထက်ကသူတပါးကျွန်ဖြစ်ခဲ့ပါတယ်။
တပည့်တော်မရဲ့အရှင်သခင်ဟာအလွန်ပင်ရက်စက်ကြမ်းကြုတ်ပြီးနှတ်ကလည်းကြမ်း နီးရာပစ္စည်းနဲ့ခေါင်းကိုရိုက်တယ်
တပည့်တော်မဟာစဉ်းစားပါတယ်
ငါအရှင်ကိုပြန်အမျက်ထွက်လိုက်လျှင်အရှင်ဟာပစ္စုပ္ပန်မှာဥပဒေအရအရေးယူခံရဖွယ်ရှိသလို
တမလွန်ဘဝမှာလဲ
ချမ်းသာသုခနဲ့ဝေးလိမ့်မယ် ဟုမိမိကိုသာဆုံးမပြီးတကြိမ်တခါမှအမျက်မထွက်ခဲ့ပါ ထိုကုသိုလ်လေးနဲ့နတ်ပြည်ရောက်ရပါတယ်ဘုရား။
နောက်တယောက်သွားပြီးရှေးနည်းအတိုင်းမေးပြန်တယ်
နတ်သမီးကပိုလို့တောင်ရှက်နေသေးတယ်သူလုပ်ခဲ့တဲ့ကုသိုလ်နည်းနေတာကိုးရှက်ရင်ရှက်လောက်စရာ
သို့ပေမဲ့ ရဟန္တာအရှင်မြတ်ကြီးမေးတာဆိုတော့ဖြေကြားခဲ့ပါတယ်။
တပည့်တော်က ရှေးဘဝကကြံခင်းစောင့်တဲ့သူဆင်းရဲမဖြစ်ခဲ့ပါတယ်
ရဟန်းတော်တပါးအားစေတနာသန့်သန့်နဲ့ကြံတချောင်းလှူခဲ့ဖူးပါတယ်ထိုစေတနာကြောင့်
နတ်စည်းစိမ်ရခဲ့ပါတယ်ဘုရားလို့လျှောက်ပါတယ်။
ဒီလိုနဲ့ရဟန္တာအရှင်မြတ်ကြီးလိုက်လံမေးမြန်းခဲ့ရာ သစ်သီးတလုံးလှူခဲ့တဲ့သူ မုန်လာတထုတ်လှူခဲ့သူ
တမာရွက်လှူခဲ့သူစသည့်နတ်သမီးတွေလဲတွေ့ခဲ့ရပါတယ်။
ဒီလိုနဲ့မြတ်ဘုရားကိုပြန်လျောက်တော့
မြတ်ဘုရားကငါဘုရားကိုဘာလို့ပြန်မေးနေတာလဲ ကိုယ်တိုင်တွေ့ခဲ့မြင်ခဲ့ပြီမဟုတ်လား ပြောသော်လဲရဟန္တာကြီးကပြန်လည်တောင်းပန်လို့
မြတ်ဘုရားမိန့်တော်မူခဲ့တယ်။
၁၊ အမှန်စကားကိုဆိုရာ၏
၂၊ သူတပါးအားအမျက်မထွက်ရာ
၃၊ သီလရှိသောသူရောက်လာသည်ရှိသော်အနည်းငယ်မျှကိုလည်းပေးလှူရာ၏။
စာရှု့သူတို့ကသူတို့ထက်ပိုပြီးလုပ်နိုင်လောက်ပါတယ်နော် ဘုရားသာသနာနဲ့တွေ့နေတဲ့အချိန်မှာ
နတ်ပြည်ရောက်ချင်ရင်တော့နတ်လမ်းလေးတွေရှာကြံရတယ် ရှာတော့တွေ့တယ် နည်းလမ်းလဲတွေ့ပြီမလုပ်ဘူးဆိုရင်တော့ကိုယ်အပြစ်နဲ့ကိုသာရှိပါစေတော့ပေါ့။
ဥပမာလေးတခုရှိတယ် လက်ကိုပေနေသောအညစ်ကျေးကိုဆေးဖို့ရန် ရေရှိလျက်နဲ့မဆေးကြောခဲ့ဖူးဆိုရင်
ဘယ်သူအပြစ်လဲ? စဉ်းစားပြီးသာလုပ်ကြပါတော့……ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။
0 comments:
Enregistrer un commentaire