ပင်ကိုယ်သဘော
အလေ့အထ မြင့်မြတ်ကောင်းမွန်သောအကျင့်စသည်တို့သည် သီလ၏အနက်အဓိပ္ပါယ်များဖြစ်ကြ၏ကိုယ်ဖြင့်ပြုမှု
နှတ်ဖြင့်ပြုမှု စိတ်ဖြင့်ပြုမှုတို့ကိုဖရိုဖရဲမဖြစ်စေဘဲကောင်းစွာထားခြင်း ကောင်းစွာဆောင်ခြင်းတို့ကို
သီလဆောက်တည်သည်ဟုခေါ်ပါတယ၊်
သီလသည်အထူးခြားဆုံး
အဆန်းကျယ်ဆုံး အဆင်းတန်ဆာပင်ဖြစ်ပါတယ် အမျွှေးပျံ့ဆုံးသောရနံ့လည်းဖြစ်ပါတယ် ထိုကြောင့်ကျမ်းဂန်တွေမှာခုလိုအမျိုးမျိုးဖော်ပြခဲ့ပါတယ်၊
သီလသည် ယောဂီသူတော်စင်တွေအတွက်အထူးခြားဆုံးအဆင်းတန်ဆာ
သီလဖြင့်တန်ဆာဆင်သောသူသည်တန်ဆာဆင်နည်းအမျိုးမျိုးတွင်အဆန်းကျယ်ဆုံး
တန်ဆာဆင်နည်းဖြစ်ပါတယ်၊
စန္ဒကူးပန်း
တောင်ဇလပ်ပန်း ကြာပန်း မိုစွေပန်းတို့၏ မျွှေးရနံ့ထက် သီလ၏ရနံ့ကအမျွှေးပျံ့ဆုံးဖြစ်ပါတယ်
တောင်ဇလပ်ပန်း စန္ဒကူးပန်းတို့၏မျွှေးရနံ့သည် အနည်းငယ်မျှသာဖြစ်တယ်သီလရနံ့၏ကျော်စောသင်းပျံ့သည်ရနံ့သည်ကားနတ်ပြည်တို့၌ပင်
အလွန်အကဲပျံ့နှံမျွှေးကြိုင်လှပါတယ်
ဟု ခုလိုသီလကိုတခမ်းတနားဖော်ပြထားပါတယ်။
သီလကိုဆောက်တည်သောသူများဘယ်လိုကျေးဇူးတွေရနိုင်သလဲ
သီလကိုစောင့်ထိန်းသောသူတွေကတော့အောက်ဖော်ပြပါအကျိုးတရားတွေကိုခံစားရမှာဖြစ်ပါတယ်။
၁.. မမေ့မလျော့ခြင်းကြောင့်များစွာသောစီးစည်အစုကိုရရှိနိုင်ခြင်း
၂.. ကောင်းသောကျော်စောသတင်းပျံ့နှံ့ခြင်း
၃.. ပရိတ်သတ်အလယ်သို့မကြောက်မရွံ့မျက်နှာမညှိုးမငယ်ချဉ်းကပ်ရခြင်း
၎.. မတွေမဝေသေရခြင်း
၅.. အချိန်တန်၍သေပြီးသည့်နောက်နတ်ပြည်သို့လားရခြင်းစသောအကျိုးတရားတွေရနိုင်တယ်လို့
(သုတ်မဟာဝါ ပရိနိဗ္ဗာနသုတ်မှာ )ဟောထားတာတွေ့ရပါတယ်။
စာရှု့သူတို့လဲ မိမိရဲ့ခန္ဓာကိုယ်လေးကိုသီလရနံ့လေးထုံမျွှန်းတော်မူကြစေဖို့တိုက်တွန်းပါတယ်။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။
0 comments:
Enregistrer un commentaire