- လူတစ်ယောက်နဲ့ ရန်ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကို သူနဲ့တန်းတူဖြစ်အောင် အဆင့်နှိမ့်လိုက်ခြင်း ဖြစ်သည်။
- ကိုယ့်စိတ်ကို သူများက ၀မ်းနည်းအောင်၊ ၀မ်းသာအောင် လုပ်လို့ရနေပြီဆိုရင်၊ ကိုယ်က သူ့လက်ခုပ်ထဲကရေ ဖြစ်သွားပြီ။
- သူတစ်ပါးမှာ အမှားတစ်ခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေရသလို သဘောထားပါ။
- ကိုယ့်အပြစ်ကို ရှာပြတဲ့သူကို ကိုယ့်ကျေးဇူးရှင်လို့ သဘောထားပါ။
- ကိုယ်က သူများကို အပြစ်တင် ရှုံ့ချနေတာဟာ သူဘယ်လိုလူလဲဆိုတာ မပေါ်လွင်ဘူး။ ကိုယ်ဘယ်လိုလူလဲဆိုတာတော့ သေသေချာချာ ပေါ်လွင်သွားပြီ။
- သူတစ်ပါးကို အပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုး ကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်ပါတယ်။ သူတစ်ပါးမှာ ကောင်းတာမြင်ရင်လည်း အဲဒီလို ကောင်းတာကော ငါ့မှာ မရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ မရှိသေးရင် ရှိအောင်လုပ်ရမည်။
- ကိုယ်စိတ်ကို ကိုယ်သိတာဟာ လူကလွဲလို့ တခြားဘယ်သတ္တ၀ါမှ မလုပ်နိုင်ပါဘူး။ ဒါဟာ လူသားရဲ့ထူးခြားတဲ့ အရည်အချင်းပါ။ ဒီအလုပ်ကို မလုပ်သေးသ၍ လူမပီသသေးသူ၊ အဆင့်မြင့်လူသား မဖြစ်သေးသူ ဖြစ်နေမှာပါ။
- သတိနဲ့ နေတာများလေလေ၊ လူကြီးဆန်လေလေ၊ ရင့်ကျက်လေလေပါပဲ။
- ပစ္စုပ္ပန်ဟာ တန်ဖိုးအရှိဆုံးပါ။ အနာဂါတ်ကို မျှော်ပြီး ပစ္စုပ္ပန်ကို မဖြုန်းသင့်ပါ။
- ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူ၊ ကိုယ့်အလုပ်ကို ကိုယ်အတက်နိုင်ဆုံး ကောင်းအောင်လုပ်တဲ့သူဟာ သူ့ဟာသူ စိတ်ကျေနပ်မှု ရနေတယ်။ စိတ်ချမ်းသာနေတယ်။ ပျော်နေတယ်။ သူများချီးမွမ်းတာ အပေါ်မှာ မှီခိုမှုမရှိဘူး။ လွတ်လပ်နေတယ်။
- ပျော်ပျော်နေပါ။ ပေါ့ပေါ့တန်တန်မနေပါနဲ့။
- လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံခွင့်မလွတ် နိုင်တဲ့သူတွေဟာ အဖေါ်မဲ့တတ်တယ်။ သူများအကြောင်း မကောင်း ပြောတတ်သူတွေမှာလည်း အဖေါ်မဲ့တတ်တယ်။
- ခွင့်လွတ်ခြင်းဆိုသည်မှာ ပျော့ညံ့ခြင်းမဟုတ်၊ သတ္တိရှိခြင်းသာ။
- သူများကိုနိုင်ချင်တာ ကလေးဆန်တဲ့စိတ်၊ သူများကို အပြစ်ရှာချင်တာ မရင့်ကျက်တဲ့စိတ်။
- သင်ဘယ်လိုလူလဲဆိုတာ သိချင်လျှင် သင့်ပတ်ဝန်းကျင်ကလူတွေကို အကဲခတ်ပါ။ သင်နှင့်သင့်ပတ်ဝန်းကျင်က လူတွေရဲ့ ဆက်ဆံရေးဟာ သင့်ကိုသင် ဘယ်လိုလူလဲဆိုတာ ဖေါ်ပြနေပါတယ်။
- သူများကို ဘယ်လိုလူစားလို့ပြောတာဟာ ကိုယ့်ကိုယ်ကို ဘယ်လိုလူစားလို့ပြောတာနဲ့ တူပါတယ်။
- တစ်ကိုယ်တည်း နေခြင်းဟာ လေးနက်တဲ့အသိဥာဏ်ကို ဖြစ်ပေါ်စေတယ်။
- တစ်ကိုယ်တည်း စိတ်ချမ်းသာစွာ နေထိုင်နိုင်ခြင်း၊ အများနှင့် အဆင်ပြေပြေ နေနိုင်ခြင်းသည် မြင့်မားသောစိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုဖြစ်သည်။ ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ...
0 comments:
Enregistrer un commentaire