ဘာဝနာကို
ဗုဒ္ဓဘာသာတို့ရင်းနှီးပြီးသားစကားလုံးလေးတခုပါ သို့သော် ထိုစကားလုံးဟာ မြန်မာစကာလုံးမဟုတ်
ပါဠိဝေါဟာတခုဖြစ်ပါတယ် မိမိတို့စိတ်ထဲမှာဖြစ်ပေါ်လာအောင် တကြိမ်ဖြစ်ခဲ့ပြီး နောက်၌လည်းအထပ်ထပ်ဖြစ်ပေါ်လာအောင်ရှု့မှတ်ပွားများခြင်းလို့အဓိပ္ပါယ်ရပါတယ်။
ဘယ်အရာတွေကိုအဖန်ဖန်ရှု့မှတ်ပွားများအားထုတ်ရမလဲဆိုတော့သမထနဲ့ဝိပဿနာလုပ်ငန်းစဉ်
တွေပဲဖြစ်ပါတယ်ယင်းလုပ်ငန်းစဉ်တွေကိုမိမိရဲ့စိတ်ထဲမှာအထပ်ထပ်ဖြစ်ပေါ်လာအောင်ရှု့မှတ်အားထုတ်
ခြင်းသည်
ဘာဝနာလို့ခေါ်တယ် သမထ ဝိပဿနာဟုလုပ်ငန်းနှစ်ခုကွဲပြားသဖြင့် သမထဘာဝနာ ဝိပဿနာဘာဝနာ ဟုဘာဝနာကလဲနှစ်မျိုးရှိပါတယ်။
သမထဟူသည်...လိုချင်မှု လောဘ ဒေါသ မောဟစသောအပူဓာတ်တို့ကိုငြိမ်းသက်အေးမြစေတတ်၏ဟု
အဓိပ္ပါယ်ရှိပါတယ် ထိုသမထကား ပထဝီကသိဏစသောကသိုဏ်းဆယ်ပါး ဗုဒ္ဓါနုဿတိစသောအနုဿတိဆယ်ပါး စသည်ဖြင့်ကျင့်နည်းကျင့်စဉ်လေးဆယ်ရှိပါတယ်။
ထိုလေးဆယ်ထဲမှတပေခန့်လောက်ဖြစ်စေ
ကောက်နယ်တလင်းခန့်လောက်ဖြစ်စေရွှံ့စေးဖြင့်မြေဝန်း
သဏ္ဍာန်ပြုလုပ်ပြီး ပထဝီပထဝီ ဟုအဖန်ဖန်ရှု့မှတ်ခြင်းကိုပထဝီကသိုဏ်ရှု့သည်ဟုခေါ်ပါတယ်။
အရဟံစသောမြတ်ဘုရားဂုဏ်တော်တွေကိုအဖန်ဖန်ရှု့မှတ်ပွားများအားထုတ်ခြင်းကိုဗုဒ္ဓါနုဿတိရှု့မှတ်ခြင်း
ဟုခေါ်ပါတယ်ထိုသို့ရှု့မှတ်နေရာ၌စိတ်ကိုဟိုဟိုဒီဒီမပျံ့လွင့်စေဘဲအာရုံမှာတည်ငြိမ်နေခြင်းကို
သမာဓိရသည်ဟုခေါ်ပါတယ်။
ထိုအခါလောဘစသောကိလေသာတရားများမရှိဘဲစိတ်သည်အေးငြိမ်းချမ်းသာနေပါတယ် ထိုသို့သမာဓိရမှသာစိတ်ချမ်းသာနိုင်မည်ဖြစ်ပါသဖြင့်သမထဟူသည်သမာဓိရဲ့အမည်ဖြစ်ပါတယ်
ထိုသမထလုပ်ငန်းတွေကိုအဖန်ဖန်တလဲလဲရှု့မှတ်မှုနှင့်တွဲဖက်ပြီး
သမထဘာဝနာဟုခေါ်ကြပါတယ်။
ထူးထူးခြားခြားသိမြင်ရှု့မှတ်တတ်သောအသိဥာဏ်ကို
ဝိပဿနာဟုခေါ်ပါတယ် တစုံတခုသောအာရုံကို မြင်လျှင် မြင်တယ်ဟု၍လည်းကောင်း တနေရာကနာလျှင်
နာတယ်ဟု၍လည်းကောင်း ရှု့မှတ်နေရာတွင် ထိုမြင်နေရာ နာနေရာ အာရုံသည် ဖြစ်လိုက်ပျောက်လိုက်စသည်ဖြင့်
မမြဲခြင်းအမှတ်အသား စသည်ကိုရှု့မှတ်နေသောယောဂီသည် သိမြင်လာပါတယ်။
ထိုဝိပဿနာလုပ်ငန်းကို
အဖန်ဖန်ပြုလုပ်ရှု့မှတ်မှုဘာဝနာနှင့် တွဲဖက်ပြီး ဝိပဿနာဘာဝနာဟုခေါ်ကြခြင်းဖြစ်ပါတယ်၊ထိုသမထဘာဝနာ ဝိပဿနာဘာဝနာ နှစ်မျိုးလုံးကိုပင် ကမ္မဋ္ဌာန်းဟုခေါ်ကြပါသေးတယ်။
သမထအလုပ်ဝိပဿနာအလုပ်တို့၏ တည်ရာ မှီရာဖြစ်သောကြောင့် ကမ္မဋ္ဌာန်းဟုခေါ်ကြခြင်းဖြစ်ပါတယ် မြင်တယ် နာတယ် ညောင်းတယ်စသည်ဖြင့်ဝိပဿနာရှု့ရာ၌
ထိုရှု့မှတ်မှုအလုပ်သည် မြင် နာ ညောင်း စသောအာရုံ၌ တည်မှီရပါတယ်။
ထို့ကြောင့် ထိုမြင်
နာ ညောင်းစသောအာရုံသည် ကမ္မဋ္ဌာန်းပင်ဖြစ်ပါတယ် သို့ဖြစ်၍ သမထဘာဝနာ ဝိပဿနာဘာဝနာဟုခေါ်သကဲသို့ပင်သမထကမ္မဋ္ဌာန်းဝိပဿနာကမ္မဋ္ဌာန်းဟူ၍လည်းခေါ်ဆိုနိုင်သည်သာ
ဖြစ်ပေတယ်။
မည်သို့ပင်ဖြစ်စေကာမူထိုသမထ
ဝိပဿနာတို့သည်မိမိတို့သန္တာန်မှာတကြိမ်တခါသာမဟုတ် အကြိမ်ကြိမ်အဖန်ဖန်ငြိမ်းအေးစေသင့်
ဖြစ်ပွားစေသင့်သောကြောင့်ဘာဝနာများပင်ဖြစ်ကြပါပေသည်။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။
0 comments:
Enregistrer un commentaire