Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 10 juin 2013

သံသရာဟူသည်

သံသရာဟူသောဝေါဟာကပါဠိဝေါဟာရတခုဖြစ်ပါတယ် တခုချင်းခွဲကြည့်လိုက်သော်သံ တပုဒ် သာရကတပုဒ်ဖြစ်ပါတယ်သံရဲအဓိပ္ပါယ်ကအဆက်မပြတ်၊သာရရဲ့အဓိပ္ပါယ်က ဖြစ်ခြင်း
 နှစ်ပုဒ်ပေါင်းလိုက်တော့အဆက်မပြတ်ဖြစ်ခြင်းလို့အဓိပ္ပါယ်ရသောကြောင့် ခန္ဓာ အာယတန ဓာတ်တွေကအဆက်မပြတ်ဖြစ်နေတာကို အဌကထာတွေမှာ သံသရာလို့ခေါ်တယ်။

သံသရာရဲ့အစကိုမသိနိုင် မမြင်နိုင် သတ္တဝါတို့၏ ပထမဖြစ်ပေါ်ခြင်းကိုရှာဖွေ၍မတွေ့ရှိနိုင် သံသရာကားအစမရှိအဝိဇ္ဇာတဏှာဟူသောသံယောဇဉ်ရှိသည်ဖြစ်၍ပြေးသွားကျင်လည်ရသော
သတ္တဝါတို့၏ရှေးအစွန်းကားမထင်တစ်ဘဝပြီးတစ်ဘဝပြေးသွားကျင်လည်လျှက်သာရှိတာကို
သံသရာလို့ခေါ်တယ်လို့ဂဒ္ဒူလဗ္ဗသုတ်မှာဖော်ပြထားပါတယ်။

သံသရာဟူသော ဘဝစက်ရဟတ်သည် ထာဝရကျင်လည်ခြင်း ဟုတိုက်ရိုက်အဓိပ္ပါယ်ပြန်လိုက်ချင်ပါတယ် ဘာလို့လဲဆိုရင်သံသရာဟာပါဠိစာပေတွေမှာအမြဲတစေမတည်ငြိမ်ဘဲမိုးမောက်တက်ကြွပြီးလျှင်ပြန်လည်
နိမ့်ဆင်းသွားသည့်ဘဝသမုဒ္ဒရာကိုရည်ညွန်းထားသောအမည်ဖြစ်နေလို့ပါ။

တဘဝပြီးတဘဝ မွေးဖွားခြင်း အိုမင့်ရင့်ရော်ခြင်း ဆင်းရဲခြင်းသေဆုံးခြင်းတို့ဟာတခါတရံမှမစဲပဲဖြစ်ပျက်နေသည့်သင်္ကေတအမှတ်တံဆိပ်မဟုတ်လား? 

ပိုမိုတိကျစွာပြောရမည်ဆိုလျှင် သံသရာဟူသည် ပြတ်တောက်ခြင်းမရှိသော ခန္ဓာငါးပါးတို့၏ဖြစ်ပျက်အစဉ်ကြီးတခုဖြစ်၏ခန္ဓာငါးပါးအပေါင်းစုသည်စိတ်ကူးကြံဆ၍မရသော
အချိန်ကာလများကိုဖြတ်သန်းပြီးတစုပြီးတစုခဏမစဲအမြဲတစေပြောင်းလဲလျက်ရှိတာကို
သံသရာဟုခေါ်ဆိုလိုက်ချင်သည်။

ဘယ်လောက်ထိရှည်လျားသလဲဆိုရင် သင်သည်ဖခင်နှင့်မိခင်တို့ ကွယ်လွန်ခြင်းကြောင့်လည်းကောင်း သားများသမီးများညီအစ်ကိုမောင်နှမများ သေဆုံးပျက်စီးခြင်းကြောင့်လည်းကောင်းကာလကြာရှည်စွာ
ပူဆွေးသောကရောက်ခဲ့ရတယ်။

 သံသရာခရီးရှည်၌မနှစ်သက်စဖွယ်ဆင်းရဲဒုက္ခကိုခံစားနေရစဉ် ပူဆွေးငိုကြွေးရသဖြင့်ကျရောက်ခဲ့ရသောမျက်ရည်အစုဟာမဟာသမုဒ္ဒရာလေးစင်း၌ရှိသည့်ရေများထက်
ပိုလို့တောင်များသေး၏ဟုမြတ်ဘုရားဟောကြားခဲ့သေးတာကိုး။

ရှည်လျားသောသံသရာခရီးတလျှောက်မှာတစ်ဘဝပြီးတစ်ဘဝပြေးသွားကျင်လည်အခါမှာ မိခင်အဖြစ်နဲ့ရောသားသမီးအဖြစ်နဲ့ရော နောက်ညီအစ်ကိုမောင်နှမအဖြစ်နဲ့ပါဘဝပေါင်းမြောက်များစွာ
ကျင်လည်ခဲ့ရဖူးကြတယ်။

ထိုသို့ရှည်လျားသောနေ့ညဉ့်တို့ပါတ်လုံးဆင်းရဲကိုလူသားတိုင်းခံစားရဖူးလေပြီ ထိုသို့ကြီးမားလှသောဆင်းရဲကိုတဦးတယောက်မျှမကျန်ခံစားခဲ့ဖူးတာပါပဲ တကယ်ပင်သံသရာခရီးဟာရှည်လျားလှလွန်းလို့အလုံးစုံသောသင်္ခါရတရားတွေကိုငြီးငွေ့ခြင်းငှာ
သင့်သည်သာလျှင်တည်း တပ်မက်ခြင်းငှာမသင့်လျော်တော့ပေ။ 

မသိမှုအဝိဇ္ဇာတဏှာတွေကဆက်လက်ပြီးဖုံးကွယ်နေမည်ဆိုလျှင်ဘယ်ထိအောင်ရှည်လျားနေအုံးမည်လဲ?
သင်ကကောဆက်လက်ရှည်ချင်တဲ့ဆန္ဒတွေရှိနေအုံးမည်လား? 

သင်လိုချင်တဲ့ဆန္ဒအတိုင်းသံသရာခရီးကတော့ဆက်လက်ပြီးဖြစ်နေအုံးမှာပဲ။
မည်သည့်သတ္တဝါမဆိုကိုယ်ဖြင့်ဖြစ်စေ နှတ်ဖြင့်ဖြစ်စေ စိတ်ဖြင့်ဖြစ်စေ တစုံတခုပြုမည်သည်သာဖြစ်ပေတယ် 

ထိုသူကသူလုပ်တဲ့အလုပ်ကကောင်းတဲ့အပြုအမူကောင်းသောပြောဆိုမှု ကောင်းသောကြံစည်မှုဆိုရင် သူလုပ်ခဲ့တဲ့အတိုင်းကောင်းမွန်သောအသီးအပွင့်တွေရရှိခံစားရမည်သာဖြစ်ပေတယ်။
မကောင်းတဲ့အပြူအမူအတွေးခေါ် ပြောဆိုမှုဆိုရင်တော့ဆက်လက်ပြီးသံသရာလည်နေအုံးမည်သာ 

ဒါကြောင့်ရုပ်ခန္ဓာတေဘူမကတရားတို့၏ချုပ်ပျောက်ရာအမှန်နိဗ္ဗာန်တရားသည်သာလျှင် ဆင်းရဲဒုက္ခကင်းရာဖြ စ်ပေတယ် အားထားရာဧကန်မုချဖြစ်ပေတယ် ဒါကြောင့်ဒါလေးကိုနားလည်အောင်ဖတ်ကြည့်ပါ.

Dukkha-sacca is like a heavy a heavy load.

Samudaya-sacca is like carrying the heavy load.

Nirodha-sacca is putting down the load, so we feel better.

Magga-sacca is the way to put down the heavy load.
                                                    ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ

0 comments:

Enregistrer un commentaire