· ကင်းစင်အတ္တ
မာနမပါ
စိတ်ရင်းချာဖြင့် မေတ္တာတရား
လက်ကိုင်ထားတာ ဒို့မြန်မာ။
·
ဆင်းရဲ့ဒုက္ခ
တွေ့ကြုံကလဲ
မျှဝေအတူ လက်တွဲကူ၍
ကရုဏာတရား လက်ကိုင်ထားတာ ဒို့မြန်မာ
·
စည်းစိမ်ဥစ္စာ
ပွားများကာဖြင့်
အများသူငှာ ချမ်းသာသုခ
ရနေကြလို့ ဝမ်းမြောက်တတ်တာ ဒို့မြန်မာ
·
ဆင်းရဲသူဆို
ကူညီလို၍
ပိုမိုသဒ္ဓါ မြန်မာမှာ များစွာရှိပါသည်။
ထိုသည့်စိတ်ဓာတ် အရင်းမြတ်ကြောင့်
လေးစားထိုက်တာ ဒို့မြန်မာ။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။
0 comments:
Enregistrer un commentaire