Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

jeudi 20 juin 2013

သာသနာကွယ်ပျောက်ခြင်း၏အကြောင်းတရားများ

နိဒါနဝဂ္ဂသံယုတ် သဒ္ဓမ္မရူပကသုတ်မှာ သာသနာကွယ်ပျောက်ခြင်းရဲ့အကြောင်းကိုမြတ်ဗုဒ္ဓကခုလိုမိန့်ဆိုထားပါတယ်။

" ချစ်သား ကဿပ -
ဥပမာအားဖြင့် လောက၌ ရွှေတုငွေတု မပေါ်သေးသမျှ

ရွှေစစ်ငွေစစ်သည် မကွယ်ပျောက်နိုင်၊ရွှေတုငွေတုပေါ်သော

အခါကျမှ သာလျှင် ရွှေစစ်ငွေစစ်ကွယ်ပျောက်သကဲ့သို့

ထို့အတူလောက၌ တရားတု၊ တရားယောင်၊ တရားလက်သစ်

မပေါ်သေးသမျှ သူတော်ကောင်းတို့၏တရားစစ်တည်းဟူသော

သာသနာတော်သည် မကွယ်ပျောက်နိုင်။

တရားတု၊ တရားယောင်၊ တရားလက်သစ် ပေါ်ပေါက်

လာသော အခါကျမှသာလျှင်သူတော်ကောင်းတို့၏တရား

စစ်တည်းဟူသော သာသနာတော်သည် ကွယ်ပျောက်ရလေတော့၏။

ချစ်သားကဿပ -

ပထ၀ီစသော ဓာတ်ကြီးလေးပါးသည် သာသနာတော်ကို မကွယ်ပျောက်စေနိုင်၊ သာသနာတွင်းမှ

ပုဂ္ဂိုလ်များသာလျှင် သာသနာတော်ကို ကွယ်ပျောက်စေနိုင်သည်။ "

အထက်ပါဗုဒ္ဓစကားကိုထောက်ဆသောအားဖြင့်သာသနာအတွင်းမှာရှိနေကြသော
ဗုဒ္ဓဘာသာများသည်သာလျှင်ဗုဒ္ဓသာသနာတော်ကိုဖျက်ဆီးမည်သည်သာဖြစ်ပါတယ်..

ဒါကြောင့်ကိုယ့်ကိုကိုအရင်စဉ်းစားပါ တကယ်ဗုဒ္ဓဘာသာအစစ်လားငါဟာသာသနာတော်ကိုကော
တကယ်ကြည်ညိုရဲ့လား သာသနာတော်ကိုခုတုံးလုပ်ပြီးကိုယ့်ကိုကိုကြီးပွားအောင်လုပ်နေတာလား?

ဗုဒ္ဓ၏အဆုံးအမ၊ သာသနာတော်ကို မကွယ်ပစေလိုသော သူတော်ကောင်းမှန်သမျှ ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်၊ဖော်ဆောင်ချက်၊ အခြေခံအချက်အလက်များကို သေချာကျနစွာသိရှိရန် လွန်စွာမှအရေးကြီးလှပါသည်။

ဘာကြောင့်လဲဆိုရင် တရားတု၊ တရားယောင်များသည် သိသိသာသာတစ်မျိုး၊မသိမသာတစ်မျိုး နည်းမျိုးစုံဖြင့် တတ်ယောင်ကားဖြင့်ပေါ်ပေါက်နေသောကြောင့်ဖြစ်ပါသည်။
ခုလိုတတ်ယောင်ကားပုဂ္ဂိုလ်တုတွေပေါ်ပေါက်များပြားလာရင်တော့သာသနာတော်ဟာကွယ်ပျော်လာနိုင်ပါတယ်..
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ......

0 comments:

Enregistrer un commentaire