စည်းအကာအရံတွေလုပ်ပြီးမှ
လူတွေလိုအကာအရံလုပ်ပြီးမှ
နေထိုင်ခဲ့တာမဟုတ်ဘူး
ဘယ်သူမှလည်း
လမ်းဖောက်မပေးခဲ့ဘူး
ကိုယ့်လမ်းကြောင်းအတိုင်း
ကိုယ်လုပ်ပြီးမှစီးဆင်းခဲ့တာ
နေထွက်တာနေဝင်တာတွေငေးမနေဘူး
လရောင်နဲ့ကြယ်တာရာအကြောင်းလဲ
မစဉ်းစားခဲ့ဘူး
မုန်းအတိုင်းအကြောင်းလဲမသိဘူး
ကိုယ့်လမ်းကိုဖောက်
ကိုယ့်အိမ်ကိုဆောက်ပြီးနေထိုင်ခဲ့တာ
သူ့အတွက်ကြောင့်
လူတွေအေးချမ်းချင်အေးချမ်းမယ်
တခြားသောသဘာဝတောတောင်တွေ
စိမ်းလန်းချင်စိမ်းလန်းမယ်
ဒါတွေကိုသူဂုဏ်ယူမနေပါဘူး
သူရည်မှန်းချက်အတိုင်း
စီးမြဲစီးနေလေရဲ့…ဓမ္မစမ်းရေ..
0 comments:
Enregistrer un commentaire