ဘုရားဂုဏ်တော်ကိုးပါးနှင့်ပုတီးစိပ်သူတွေအတွက်
ဂုဏ်တော်တပါးချင်းဆီရဲ့အကျိုးရလာဒ်ကလေးတွေရဲ့အကြောင်းသိရအောင်ရှင်းပြလိုပါတယ်။
ဥပုသ်ဝါတွင်းကာလဆိုတော့ဗုဒ္ဓဘာသာဝင်တွေအဓိဋ္ဌာန်ပုတီးလေးတွေစိပ်တတ်တော့
အကျိုးရလာဘ်သိထားတော့ပိုပြီးပြည့်စုံတာပေါ့။
ဘုရားဂုဏ်တော်ကကိုးပါးဆိုတော့
တချို့ကပျင်းမယ်လေ ဘယ်ဂုဏ်တော်စိပ်ရင်ကိုယ်နဲ့သင့်တော်မယ်ဆိုတာရွေးချယ်လိုသူတွေအတွက်သင့်လျှော်မယ်ထင်ပါတယ်။
ကဲရှင်းကြစို့
အရဟံ ဂုဏ်တော်
..ကိုပွားသူတွေအတွက်ကတော့လာဘ်လာဘပေါများလိုသူတွေအတွက်ပဲဖြစ်ပါတယ် (အရဟံ မပြတ်ပွား လာဘ်ပွား၍
တိုးသလေ)ဒါကြောင့်လာဘ်လာဘပေါများချင်သူတိုင်း အရဟံဂုဏ်တော်ကိုစိပ်ပါ။
သမ္မာသမ္ဗုဒ္ဓဂုဏ်တော်..ပွားသူတွေအတွက်ကတော့
ကျောင်းသားတွေနဲ့သင့်လျော်ပါတယ် ဘာကြောင့်လဲဆိုရင်ဥာဏ်ပညာကြီးမားတယ်ဆိုတဲ့အကျိုးရနေလို့ပါ(
သမ္မုဒ္ဓေ ပွားလေရာ ထက်မြက်လေ ဥာဏ်ပွား)ဆိုထားတာကိုး
ဝိဇ္ဇာစရဏသမ္ပန္န
ဂုဏ်တော်ပွားသူတွေအတွက်ကတော့ မိမိကြံစည်ထားတာတွေအားလုံးပြီးစီးသူချင်များပွားနိုင်ပါတယ်
ဘာကြောင့်လဲဆိုရင် ( ဝိဇ္ဇာစ သမ္ပန္နာ ကြံဖန်ရာ ပြီးချက်ကများ) ဒါကြောင့် မိမိကြံစည်ထားတာတွေအောင်မြင်ပြီးမြောက်ချင်သူတွေကတော့
စိပ်ပါ..
သုဂတဂုဏ်တော်ကိုပွားများသူတွေအတွက်ကတော့
ဘယ်နေရာသွားသွားကိုယ်ကအနိုင်ချည်းပဲအနိုင်ရပါတယ် (သုဂတပွားလေရာ ကိုယ်ကသာနိုင်သား)ဆိုထားတာကိုး။
လောကဝိဒူ
ဂုဏ်တော်ပွားများသူတွေအတွက်တော့ ဂုဏ်ဒြပ်တွေပွားများပါတယ်တဲ့(လောကမှာဘက်စုံပွားပါလို့
ဒြပ်ဂုဏ်ပွားနှစ်ဖြာ)
အနုတ္တရော
ပုရိသဒမ္မသာရထိ ဂုဏ်တော်ပွားများသူတွေအတွက်ကတော့ ဘယ်နေရာမှာဘာအကြောင်းနဲ့ယှဉ်ပြိုင်ချင်ယှဉ်ပြိုင်ချင်
ကိုယ်ကသာနိုင်တယ်တဲ့ နောက်ပြီး လူဆိုးသူခိုးတွေရဲ့ဘေးအန္တရာယ်မဖြစ်နိုင်ဘူးတဲ့( အနုတ္တရော
ဆိုးသူကင်းတာပ ပြိုင်ဘက်ကင်းဖြစ်ရမျန်စွာ)
သတ္ထာဒေဝမနုဿာနဂုဏ်တော်ပွားသူတွေအတွက်ကတော့
မိမိရဲ့ကဘာအန္တရာယ်ကြုံကြုံ မိတ်ဆွေတွေကကူညီကြပါလိမ့်မယ်တဲ့(သတ္ထာပေါင်း ပေါင်းအာဏာ ပေါင်းသဟာကူညီကြလို့)ဆိုပြီးရှေးပညာရှင်တွေကစပ်ဆိုထားတယ်လေ..
ဗုဒ္ဓေါ ဂုဏ်တော်ပွားသူတွေအတွက်ကတော့
သူတပါးကမိမိကို ကောင်းတာကြံနေတာလား မကောင်းတာကြံနေတာလားဆိုတာသိနေတတ်တယ်တဲ့ ခြုံပြောရရင်
သူတပါးစိတ်ကိုစိတ်ထားကိုသိနေတဲ့သဘောပေါ့( ဗုဒ္ဓေါပ သူ့စိတ်မူ သိလိမ့်ဟု)တဲ့လေ
ဘဂဝါဂုဏ်တော်ပွားများသူတွေအတွက်ကတော့
မိမိကို သူတပါးကပုန်မကန်နိုင်ဘူးတဲ့ ဘုန်းကံကြီးမားတယ်တဲ့ (ဘဂဝါကားဘုန်းလျှံဆူသည် ပုန်ကံသူမရှိဘူးတဲ့လေး)လို့စပ်ဆိုထားပြန်ကိုး။
တခုချင်းစီရဲ့အကျိုးရလာဘ်ကိုလိုချင်သူများဂုဏ်တော်တခုချင်းစီစိပ်နိုင်ကြပါတယ်
အကုန်လုံးရဲ့အကျိုးရလာဘ်ကိုလိုချင်သူတွေကတော့ကိုးပါးလုံးစိပ်နိုင်ကြပါပြီ အားလုံးမြတ်ဘုရားရဲ့ဂုဏ်တော်ကိုနာနာပွားနိုင်ကြပါစေ…ဓမ္မစမ်းရေ...
0 comments:
Enregistrer un commentaire