ဘာသာရေးနဲ့အနေဝေးခဲ့သော်
ဘာသာတရားနဲ့ဝေးတဲ့
မိသားစု ဘာသာတရားနီးတဲ့ မိသားစုကိုစတင်ကြည့်ကြစို့ ဘာသာတရားနီးတဲ့မိသားစုဟာ ထမင်းစားတဲ့အချိန်ပဲကြည့်ကြည့်ပါ
အမေတို့အဖေတို့ထမင်းမစားရသေးဘူးစောင့်အုံးမှ အချိန်မရှိလို့မစောင့်နိုင်ဘူးဆိုရင်ဦးချပြီးစားမှဒီအတွေးလေးတွေသူတို့ရဲ့ခေါင်းထဲမှာရှိတယ်။
မိဘတွေကလည်း သားတို့သမီးတို့ထမင်းမစားရသေးဘူး စောင့်အုံးမှ သားတို့သမီးတို့အဆင်မှပြေရဲ့လားအဆင်ပြေပါစေ
ဒီလိုမေတ္တာလေးတွေ၇ှိတယ် စကားပြောတဲ့အခါမှာကြည့်ပါအုံးမေမေ ဖေဖေနဲ့သားတို့သမီးတို့ယဉ်ကျေးတဲ့စကားလုံးတွေပဲ
ရွေးပြီးသုံးတတ်ကြတယ်
ညင်ညင်သာသာတိုးတိုးတိတ်တိတ် စကားပြောတတ်ကြတယ်။
ကိုယ်ပြောလိုက်တဲ့စကားသံကြောင့်ပါတ်ဝန်းကျင်အနှောက်အယှက်မဖြစ်အောင်
အတတ်နိုင်ဆုံးကြိုးစားပြီးပြောကြတယ်
ကြမ်းတမ်းတဲ့စကားကိုဘယ်သောအခါမှမသုံးဖြစ်ကြပါဘူး။
အပြုမူပိုင်းကိုကြည့်ကြည့်ပါအုံး
မိဘတွေအဝတ်နေလှန်းထားလို့၇ှိရင် မခြောက်သေးရင်တောင်မိုးရွာတာပဲဖြစ်ဖြစ် အောက်ကျတာပဲဖြစ်ဖြစ်
ကောက်သိမ်းလာတတ်ကြတယ် ဒါဟာ ကာယကံမေတ္တာလို့ခေါ်တယ် ကိုယ်တိုင်မလုပ်နိုင်ဘူးဆိုရင် ကိုယ်ထက်ငယ်တဲ့သူကိုသိမ်းခိုင်းတယ်
ဒါဟာ ဝစီကံမေတ္တာလို့ခေါ်တယ် မလုပ်ခင်မခိုင်းခင်ကခုလိုအတွေးကမနောကံမေတ္တာလို့ခေါ်တယ် ကံသုံးပါးညီညွတ်နေတဲ့မိသားစုဘယ်မှာမသာယာဘဲရှိနေမလဲစဉ်းစားကြည့်ကြပါ။
စီးပွားရေးလုပ်ပြီဆိုရင်လဲ ဘာသာတရားနဲ့နီးတဲ့သူဆိုရင်
ငါမြတ်ပြီးရော တပါးသူဘယ်လိုနေနေဆိုတဲ့အတွေးသူတို့ခေါင်းထဲမှာမရှိဘူး ငါခုလိုလုပ်လိုက်ရင်သူတို့တွေဘယ်လိုဖြစ်သွားမလဲ
ငါကောင်းစားပြီးရောအတွေးအပြုအမူမလုပ်သင့်ဘူး ဒါဘာသာတရားနီးတဲ့သူ ။
ဘာသာတရားဝေးတဲ့သူကြတော့သူတို့နဲ့ဆန့်ကျင်ဘက်အတွေအခေါ်အပြုအမူလုပ်တတ်တွေးတတ်
ကြတယ်စကားပဲပြောပြောဘာပဲလုပ်လုပ်ကိုယ်အတ္တကိုေ၇ှးတန်းတင်ပြီးလုပ်ဖို့ပဲစဉ်းစားတယ်။
အနီးစပ်ဆုံးဥပမာတခုတင်ပြပါ့မယ်
အဇာတသတ်ကြည့်ပါ သူဟာတကယ့်ကိုထူးချွန်ထက်မြက်မည့်သူတယောက် ဘာသာရေးတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့မြတ်ဘုရားအရင်မတွေ့လိုက်မိတော့သူ့ဘဝဘယ်လိုဖြစ်သွားလဲ
အဆုံးသတ်ကောင်းရဲ့လား ဒေဝဒတ်ရဲ့သွေးဆောင်ဖြားယောင်းမှုနောက်ကောက်ကောက်ပါသွားခဲ့တယ။်
သူဟာတကယ်ဘာသာရေးအတွေးအခေါ်ဘာသာရေးအခြေခံကောင်းတွေ၇ှိနေမယ်ဆိုရင်
ခုလိုအဖသတ်မှုတွေဖြစ်လာမှာမဟုတ်ဘူးဘုရင်လုပ်ချင်တဲ့အတွေးခေါ်ရှိလာမှာမဟုတ်ဘူး
ဘာသာရေးနဲ့ဝေးနေလို့
မဖြစ်သင့်တာတွေဖြစ်ခဲ့ရတယ် မဖြစ်ချင်တာတွေဖြစ်လာခဲ့ရတယ်။
တိတ္ထိဆရာကြီးရဲ့တပည့်အမ္ဗဋ္ဌကိုကြည့်ကြည့်ပါ
တိတ္ထိဆရာကြီးရဲ့တပည့်တယောက်ဖြစ်ပေမဲ့ သူဟာဘာသာရေးအခြေခံတရားတွေ၇ှိတယ် သူကိုယ်တိုင်တိတ္ထိဆရာကြီး၇ဲ့တပည့်တယောက်ဖြစ်နေပေမဲ့
သူဆရာ၇ဲ့အပြုအမူတွေကိုမနှစ်သက်ဘူး မြတ်ဘုရားနဲ့တွေ့တော့ချက်ချင်းချိုသာတဲ့စကားတွေနဲ့
မြတ်ဘုရားကိုနှတ်ဆက်တယ်စကားပြောတယ်
မြတ်ဘုရားရဲ့တရားတော်တွေကိုနာပြီးရဟန်းဝတ်ဖို့
ချက်ချင်းတောင်းပန်တယ် ဒါတွေဟာဘာသာရေးနဲ့မဝေးလို့ပေါ့။
စာရှု့သူတို့လဲ
ဘာသာရေးနဲ့ဝေးနေမယ်ဆိုရင်နီးအောင်ကြိုးစားကြပါ ဘာသာရေးဟာကြမ်းတမ်းသူကိုနူးညံ့စေပါတယ်
ဘီလူးကိုလူဖြစ်အောင် လူကိုဗြဟ္မာဖြစ်အောင်လုပ်ဆောင်နိုင်ပါတယ် ဘာအကြောင်းနဲ့မှ မဝေးမိပါစေနဲ့
ဓမ္မစမ်းရေ…
0 comments:
Enregistrer un commentaire