Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mercredi 19 février 2014

ဓမ္မစမ်းရေ အတွေးစာစုများ

နိုင်ငံအတွက်လူမျိုးအတွက် ဘာသာအတွက်

အဆိပ်ဖြစ်စေမယ့်

ဝက်သားဟင်းစားနေရမည့် အစား

နိုင်ငံအတွက် လူမျိုးအတွက် ဘာသာအတွက်

အဆိပ်ကင်းတဲ့

ရေကန်ကနေရေတစ်ခွက်သောက်ပြီး

ဘ၀ကို ရုန်းကန်ရတာဘဝကပိုလှပမယ်ထင်ပါတယ်....။


 တကယ့်စစ်မှန်သောလူ့ လောကကို

ရင်ဆိုင်ဖြတ်သန်းလာရသောအခါ

ကျောင်းသင်ခန်းစာ လောက်နဲ့  မပြည့်စုံတော့ဘူး၊

ကျောင်းသင်ခန်းစာကလမ်းပြရုံလောက်ပဲရှိတာပါ

ဘဝပေးလာတဲ့သင်ခန်းစာတွေကမှ

ဘ၀အတွက်တကယ့်လိုအပ်ချက်တွေဖြည့်ဆည်းပေးမှာပါ...။ 




အချစ်ကြောင့် ရခဲ့တဲ့ ပျော်ရွှင်မှုတွေထက်

အချစ်ကြောင့် ရခဲ့တဲ့

ဆင်းရဲမှုတွေက ပိုများမယ်ထင်ပါတယ်၊

မင်းအချစ်ကိုတွယ်တာနေအုံးမှာလား?

အချစ်ကိုဖယ်ရှားပစ်မှာလား?...။


 သုခဿ အနန္တရံ ဒုက္ခံ လို့ ဗုဒ္ဓက ဟောပြတော်မူခဲ့ပါတယ်။

ယာယီအပျော်အတွက် အဖေါ်မက်ပြီး မလျှော်ရာကံတွေ

လုပ်နေမယ်ဆိုရင် ရလာဒ်ကတော့ ဒုက္ခတွေပဲ ဖြစ်လာမှာပါ။




ရုပ်လှတာမလိုချင်နဲ့ စိတ်လှတာကိုမက်မောကြပါ

အသားဖြူဖို့ပေါင်းမတင်ချင်ပါနဲ့ စိတ်လှဖို့သီလကိုစောင့်ထိန်းကြပ

ငွေကြေးချမ်းသာဖို့အတွက်ကြီးမကြည့်နဲ့ စိတ်ချမ်းသာဖို့လည်းကြည့်အုံး

ဘယ်သူတွေဘယ်လိုပျော်ကြပျော်ကြ ကိုယ်ကသီလနဲ့ပျော်အောင်နေဖို့လိုတယ်

ဘယ်သူတွေတရားသိသိမသိသိ ကိုယ်တရားသိဖို့လိုတယ်…


 ရိုးသားသောသင့်ရဲ့စိတ်ကြောင့်

တပါးသူအမြင်ကြည်လင်စေပါတယ်၊

အပြစ်ကင်းသော သင့်ရဲ့စိတ်ကြောင့်

တပါးသူကိုလည်း ပီတိဖြစ်စေပါတယ်၊

ရိုးသားပြီး စိတ်ညစ်စိတ်မဲကင်းရင်

ပစ္စုပ္ပန်မှာလည်းရဲ့ရင့်စေတယ်

သံသရာမှာလည်းရဲရင့်စေတယ်။


 နွားငယ် ချိုပေါက်လာတော့

ပြန်တိုတယ်ဆိုတာမရှိဘူး

ရှည်မြဲရှည်လာတတ်တယ်

လူတွေမှာလဲ

လူတွေကြီးလာလေ

လောဘတွေ တဏှာရာဂတွေ

ကြီးကြီးလာတယ် မလျော့သွားဘူး

မသေမချင်းလိုချင်မှုတွေက ရှည်နေကြတယ်

ကိုယ့်ကိုကို ပြန်စမ်းကြည့်ကြအုံး...


 မိဘတွေကသားသမီးတွေကို

စာသင်ခိုင်းတယ်ဆိုတာ

စာမတတ်ဘဲလူညံ့လူအတွေ

မဖြစ်အောင်သင်ခိုင်းတာပါ၊

ဒါပေမယ့် ပညာတတ်ကြီးဖြစ်ပြီး

လူမိုက်ကြီး လူရမ်းကားတွေ ဖြစ်သွားရင်တော့

မိဘတွေတော့စိတ်မကောင်းဖြစ်တော့မှာပဲ...။


ဆွေးနွေးခြင်း တိုင်ပင်ခြင်းဟာ

လူတွေအတွက်

ချစ်စရာကောင်းပေမဲ့

ငြင်းခုံခြင်းကိုတော့ပညာရှိတွေ

မုန်းတီးကြပေလိမ့်မည်...။


သင် ဘာအတွက်နဲ့ပြောနေသလဲ။

လူမျိုးအတွက်လား ဘာသာအတွက်လား နိုင်ငံအတွက်လား?

သင် ဘာအတွက် အလုပ်လုပ်နေလဲ

လူမျိုးအတွက်လား ဘာသာအတွက်လား နိုင်ငံအတွက်လား?

သင် ဘာကြောင့်အသက်ရှင်သန်နေသလဲ

လူမျိုးအတွက်လား ဘာသာအတွက်လား နိုင်ငံအတွက်လား?

ကိုယ်ကျိုးမဖက်အများအတွက်ဆိုရင်

သင့်ရဲ့ရပ်တည်ချက် မှန်ကန်ပါတယ်

ကိုယ်ကျိုးအတွက်ဆိုရင်တော့

သင်ရဲ့ရပ်တည်ချက်ကဝမ်းနည်းစရာပင်။ ဓမ္မစမ်းရေ..
 



0 comments:

Enregistrer un commentaire