Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

jeudi 20 février 2014

တူညီတဲ့စိတ်ဓာတ်နဲ့
------------------------
လူတွေ တချို့

မျက်ရည်ကျနေသူကိုအားပေးရမည့်အစား

မျက်ရည်တွေအသွင်သွင်စီးဆင်းစေတယ်

ချောက်ထဲကျသူကို

ကုန်းပေါ်ရောက်အောင်တင်ရမည့်အစား

ချောက်ထဲမှာတဝဲဝဲလည်စေချင်ကြတယ်

ဆာလောင်သောသူကို

စွန့်ကြဲရမည့်အစား

ဥပေက္ခာပြုကာမသိချင်ယောင်ဆောင်နေကြတယ်

လောကမှာ ကြင်နာမဲ့နှလုံးသား

ပိုင်ဆိုင်သူတွေသူများပြားလိုက်ကြတာ

သွားမယ် သူငယ်ချင်း

တို့တူတူ မေတ္တာကိုယ်စီနဲ့

မျက်ရည်ကျသူကို သုတ်ပေးကြမယ်

ဆာလောင်သောသူကို

ပေးကျွေးမယ်

အိုနေတဲ့အပင်ကို

ရေလောင်ပြီး ရွက်သစ်တွေဝေစေရမယ်

ငယ်သူကိုဖေးမမယ်

လဲသူကိုထူပေးမယ် တူညီတဲ့စိတ်ဓာတ်နဲ့

ပြောနေကြာတယ် ခုပဲသွားကြရအောင်။ဓမ္မစမ်းရေ...

0 comments:

Enregistrer un commentaire