သိပ်လှပေမဲ့
စိတ်မလှရင် မင်းကိုငါမကြိုက်ဘူး၊
အပြောကောင်းပေမဲ့
အကောင်းမပြောရင်လည်း မင်းကိုငါမကြိုက်ဘူး၊
ပြုံးပြတတ်ပေမဲ့
ဆုံးမတတ်တဲ့သူမဟုတ်ရင်လည်း မင်းကိုငါမကြိုက်ဘူး၊
သဒ္ဓါရှိပေမဲ့
တဏှာရှိနေရင်လည်း မင်းကိုငါမကြိုက်ဘူး၊
ချမ်းသာပေမဲ့
ကရုဏာမရှိရင်လည်း မင်းကိုငါမကြိုက်ဘူး၊
ပညာတတ်ပေမဲ့
နှလုံးမလှရင်လည်း မင်းကိုငါမကြိုက်ဘူး၊
ရာထူးကြီးပေမဲ့
စာနာမှုမရှိရင်လည်း မင်းကိုငါမကြိုက်ဘူး၊
ဓမ္မစမ်းရေ...
0 comments:
Enregistrer un commentaire