Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

dimanche 9 mars 2014

ဓမ္မစမ်းရေ အတွေးစာစုများ

***မိမိကိုပေးကမ်းလို့ သဘောကောင်းလိုက်တာလို့

မတွေးလိုက်ပါနဲ့

ပေးကမ်းခြင်းရဲ့နောက်ကွယ်မှာ ရယူမှုရှိတယ်။

မိမိကို ကဲ့ရဲ့ပြစ်တင်လို့ မနောဆိုးလိုက်တာလို့

မတွေးလိုက်ပါနဲ့

ကဲ့ရဲ့ခြင်းရဲ့နောက်ကွယ်မှာချီးမွန်းခြင်းရှိနေတယ်။


 ***ဘဝခရီးမှာ အကောက်အကွေ့မရှိဘဲဖြောင့်ဖြောင့်ဖြူးဖြူးနဲ့

လိုရာပန်းတိုင်ကိုရောက်ချင်သလား

မိမိရဲ့စိတ်ကို အရောင်မဆိုးပဲ ဖြောင့်ဖြောင့်နေလိုက်စမ်းပါ

သင့်ရဲ့ပန်းတိုင်က ဖြောင့်ဖြူးနေလိမ့်မယ်။


  
***ရယူလိုက်ရလို့ပျော်တဲ့အပျော်ထက်

ပေးလိုက်ရလို့ပျော်ရတဲ့အပျော်က

ပိုပြီးမြင့်မြတ်ပါတယ်၊

သို့သော်..

လူတွေလိုချင်တာကရယူလိုက်ရလို့ပျော်တဲ့အပျော်ကို

ပိုပြီးတန်ဖိုးထားတတ်ကြတယ်။


 ***လူတွေအများစုဟာ ဘဝကိုအကြာကြီးနေနေရသလို

ခံစားပြီး စည်းစိမ်တွေရစ် အတ္တတွေပြိုင် မာနတွေကြီးပြီး

ဘဝကိုဆက်လက်နေထိုင်နေကြတယ်

တကယ်တော့ ဘဝဆိုတာ တိမ်တိုက်ပမာပါပဲ

လေလာရင်ရွေ့သွားရမှာကိုသိလျှက်နဲ့မေ့နေကြတယ်။


***အညံ့စားအားထုတ်မှုဖြင့် အအောင်မြင်ဆုံးဘဝကိုမပိုင်ဆိုင်နိုင်

အားအကောင်းဆုံးကြိုးစားအားထုတ်မှုဖြင့်သာအအောင်မြင်ဆုံး

ဘဝတခုကိုပိုင်ဆိုင်နိုင်ပါတယ်၊

အညံ့စားအားထုတ်မှုနဲ့တော့ အညံ့စားဘဝပဲရမှာပေါ့။


***ပန်းကလေးတွေ သူတော်ကောင်းနဲ့ပေါင်းမိလို့
ဘုရားနာမှာနေရာရကြတယ်၊

ကျောက်ခဲလေးတွေ သူတော်ကောင်းနဲ့ပေါင်းမိလို့
တပါးသူရှိခိုးတဲ့ ဘုရားဆင့်တုတော်ဖြစ်ရတယ်၊

လူတွေလည်း သူတော်ကောင်းနဲ့ပေါင်းမိရင်
အေးချမ်းမှုတော့ရမှာပါ။


 ***ကိုယ်ကျင့်တရားကောင်းဖို့ဆိုရင်

ခုချိန်ကစပြီးထိန်းလိုက်ပါ

အတိတ်တွေ အနာဂါတ်တွေစောင့်မနေပါနဲ့

စစ်မှန်သောဘဝဟာ ပစ္စုပ္ပန်ပဲလေ။


  
***စစ်မှန်တဲ့ငြိမ်းချမ်းမှုဆိုတာ

ကိုယ်ကျင့်တရားရယ် ဖြူစင်မြင့်မြတ်တဲ့နှလုံးသားရယ်နဲ့

တည်ဆောက်ထားတာပါ၊

ကိုယ့်ကျင့်တရားနဲ့ မြင့်မြတ်တဲ့နှလုံးသားမရှိဘဲနဲ့တော့

ဘဝတက်လမ်းမရှာမိဖို့လိုပါတယ်။ဓမ္မစမ်းရေ...


0 comments:

Enregistrer un commentaire