Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

dimanche 9 mars 2014

သင်ဒီလိုလေးတွေးပြီးနေလိုက်ပါ


မိဘများမသိနားမလည်တာမေးတဲ့အခါ

ညံ့လိုက်တာလို့မတွေးမိပါစေနဲ့၊

ငယ်ငယ်က မသိတာတွေကို ဥပမာပုံဆောင်ပြီး

သင့်ကိုထပ်ခါတလဲလဲရှင်းပြခဲ့ဘူးတယ်လေ။

မိဘများ အပေါ့အလေးတွေမနိုင်တော့တဲ့အခါ

ရွံရှာတဲ့အပြုမူမျိုးမပြုမိပါစေနဲ့၊

ငယ်ငယ်က သင့်ရဲ့အပေါ့အလေးတွေကို

ရွံရှာမှုမရှိဘဲ လုပ်ပေးခဲ့ဘူးတယ်လေ။

မိဘများ လက်တွေကတုန်ကယင်နဲ့ ထမင်းဟင်းတွေ ဖိတ်စင်တဲ့အခါ

ဒေါသတွေမဖြစ်မိပါစေနဲ့၊

ငယ်ငယ်က သင့်ကိုထမင်းဟင်းတွေမဖိတ်စင်အောင်

သေချာဂရုတစိုက်နဲ့ကျွေးမွေးပြုစုခဲ့တယ်လေ။

မိဘများ စကားပြောပြီးသားကို ပြန်ထပ်လောင်းပြောဆိုတဲ့အခါ

စိတ်ထဲမှာညိုညင်မှုမဖြစ်မိပါစေနဲ့၊

ငယ်ငယ်ကသင့်ကို အိပ်ယာဝင်ပုံပြင်တွေ ဇာတ်လမ်းတွေ

ထပ်ခါတလဲလဲပြောပြခဲ့ဘူးတယ်လေ။

မိဘများအသက်အရွယ်ကြီးရင့်လို့ မသွားနိုင်တဲ့အခါ

သင့်စိတ်တွေမိဘအပေါ်မပြစ်မှားမိပါစေနဲ့၊

သင်ငယ်ငယ်ကလမ်းလျှောက်တတ်အောင်ဘယ်သူသင်ပေးခဲ့တာလဲ?ဓမ္မစမ်းရေ။

0 comments:

Enregistrer un commentaire