လောကအလယ်မှာသတ္တဝါတခုရယ်လို့ဖြစ်ပေါ်လာရင်တူရာတူရာပေါင်းစုတတ်ကြပါတယ်၊
ဆင်းရဲတဲ့သူကလည်းဆင်းရဲတဲ့သူအချင်းချင်းပေါင်းဖော်တတ်ကြသလိုချမ်းသာသောသူကလည်း
ချမ်းသာသူနဲ့အပေါင်းဖော်လုပ်တတ်ကြတယ်ဒါဟာဓမ္မတာတခုပါပဲ။
တူရာတူရာစုပြီး ကောင်းကျိုးတွေလုပ်နေရင်တော့ကိစ္စမရှိပါဘူး၊မကောင်းတာတွေလုပ်နေ၇င်တော့

မိမိလုပ်တဲ့အလုပ်အတိုင်းတူသောအကျိုးကိုခံစားရမှာပါပဲလို့မြတ်ဘုရားမိန့်ခဲ့ပြန်ပါတယ်။
ဒီစကားဟာလဲလောဘ ဒေါသ မောဟလုံးဝကင်းစင်တဲ့အလုံးစုံသိတဲ့သဗ္ဗညုတဥာဏ်တော်ကြီးနဲ့ ဘုရားဖြစ်တော့မှ ဟောကြားတာ ဖြစ်တဲ့အတွက် လူ လူ ချင်း ၊ ယောက်ျား ယောက်ျားချင်း ၊ ဘုန်းကြီး ဘုန်းကြီးချင်း ၊ မယ်သီလရှင် မယ်သီလရှင်ခြင်း ၊သူ တောင်းစား သူတောင်းစားချင်း ၊ ဆရာဝန် ဆရာဝန်ချင်း ကိုယ်ချင်းစာတတ်သလို သူလည်း လောကီ သား ကိုယ်လည်း လောကီသားမို့လို့ သူ့ကို ကိုယ်နားလည်း ကိုယ့်ကို သူနားလည်သလို တူရာတူရာ ချင်းဆိုတော့ ကိုယ်ချင်းစာတတ်တာပေါ့။
ကိုယ့်မှာလည်း လောဘ ဒေါသ မောဟအပြည့်နဲ့ဆိုတော့ကိုယ်လိုသူလို လောဘ ဒေါသ မောဟအပြည့်နဲ့

လူတွေက ဖော်ထုတ်တဲ့ အသိဥာဏ်တွေကျတော့ နားလည်တာ လက်ခံတာ။
ကိုယ်နဲ့ဥာဏ်ရည်တူတာကို။
တူရာတူရာပေါင်းစုတတ်တာကိုမြတ်ဘုရားကသာဝတ္ထိပြည်၌(သီတင်းသုံး) နေတော်မူခိုက်၊ရဟန်းတို့

သတ္တဝါတို့သည်...ဓာတ်အားဖြင့်သာလျှင်တပေါင်းတည်းတသားတည်း
ဖြစ်ကုန်၏။
ပျင်းရိကုန်သော သူတို့သည်-ပျင်းရိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊သတိလွတ်ကင်းသော သူတို့သည်-သတိလွတ်ကင်းသော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊
ပညာမဲ့ကုန်သော သူတို့သည်-ပညာမဲ့ကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ထက်သန်သော လုံ့လ ရှိကုန်သော သူတို့သည်-ထက်သန်သော လုံ့လရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏၊
ထင်သော သတိရှိကုန်သော သူတို့သည်-ထင်သော သတိရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ် ကုန်၏၊ပညာရှိကုန်သော သူတို့သည်-ပညာရှိကုန်သော သူတို့နှင့်အတူ တပေါင်းတည်း တသားတည်း ဖြစ်ကုန်၏။ဟု (မိန့်တော်မူ၏)။
တယောက်နဲ့တယောက်တူရာပေါင်းစုကာကိုယ်ချင်းစာတတ်ပေမဲ့တကယ်အနှစ်သာရဖြစ်တဲ့တရားကို

တန်ဖိုးထားရကောင်းမှန်းလည်းမသိဘူး။
အားကိုးရကောင်းမှန်းလည်း မ သိဘူး။ ဘယ်လောက် ဘုရားမှာ
ခက်ခက်ခဲခဲဖော်ထုတ်ခဲ့ရတယ်ဆိုတာကိုလည်း နားမလည်ဘူး။
ဘာမဟုတ်တဲ့ ကိုယ်လိုလောဘ ဒေါသ မောဟနဲ့ အပင်ပန်းခံတာ ကိုယ်ကျိုးစွန့်တာ ဆေးဝါးတွေ ဖော်ထုတ်တာရောဂါတွေတိုက်ဖျက်ဖို့ အတွက် ဆေးလိပ်တွေ တိုက်ဖျက်ဖို့အတွက် အရက်တွေတိုက်ဖျက်ဖို့အ တွက် စွမ်းစမ်းတမံ ဒါတွေလုပ်နေတဲ့ ကိုယ်လိုလောဘ ဒေါသ မောဟနဲ့လုပ်တဲ့ လူအချင်းချင်းကိုသာ အထင်ကြီးအားကျနေတယ်။
ကိလေသာနဲ့လုပ်တဲ့အလုပ်လောက်သာ ကိုယ်ကလည်း တူရာတူရာချင်း သာကိုယ်ချင်းစာတတ်တယ်။လောဘ ဒေါသ မောဟကင်းစင်တဲ့ ဘုရားလုပ်တဲ့အလုပ်ကျတော့ အ ရေးကြီးမှန်း ဘုရားပြောတဲ့စကားကျတော့ နားထောင်ရကောင်းမှန်းတောင် နားမလည်တဲ့သူကများ တာပဲ။
ဘာမဟုတ်တဲ့ ကိုယ်လိုအပါယ်သွားမယ့် သူတွေပြောတာကိုသာ ကိုယ့်မှာဖြစ်တဲ့ စိုးရိမ်သောက တွေကို သတ်ပေးနိုင်တာလဲမဟုတ်ဘဲနဲ့ အရက်တိုက်သလိုမျိုး မူးအောင်တိုက်ပြီးတော့မှ စိတ်ညစ် ပျောက်တာ ၊ ဒီလိုလုပ်တဲ့ လောကီဆေးဝါးတွေလောက်သာ အားကိုးနေကြတာပဲ။
တရားဆေးသောက်လိုက်ရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဆေးသောက်လိုက်ရင်ပိုက်ဆံလည်း

တစ်ပြားမှမကုန်ပဲနဲ့ကိုယ့်မှာဖြစ်တဲ့မကောင်းတဲ့စိတ်တွေလည်းသေတာပဲ၊ဒီလိုစိတ်မျိုးကျတော့တူရာ
မစုချင်ကြဘူး၊ဘာမှမဟုတ်တဲ့ရှိုးပွဲတွေကျတော့တူရာတွေပေါလိုက်တာ။
ဒီလိုတူရာတွေကိုမပေါင်းမိစေဖို့အထူးသတိထားဖို့လိုပါတယ်၊ခုလိုခောတ်ကြီးမှာမကောင်းမှုလုပ်

သူတွေကများတော့မိမိရဲ့စိတ်တွေလည်းမကောင်းမှုဘက်ယိုင်မည်စိုးသောကြောင့်ပြောဆိုရေး
သားခြင်းဖြစ်ပါတယ်။
မိမိရဲ့စိတ်ကိုထိန်းချုပ်သတိတရားလက်ကိုင်ထားမိမိရဲ့တူရာဟာသူတော်ကောင်းတရားပဲဖြစ်စေရမည်

ဟုနှလုံးသွင်းဒါဆိုရင်သင်ဘဝဟာလက်ရှိပစ္စုပ္ပန်ကောတမလွန်ပါချမ်းသာသုခရမည်ဆိုတာ
ဓမ္မစမ်းရေ ရဲရဲကြီးကတိပြုပါတယ်။
(ဓမ္မစမ်းရေ)
(ဓမ္မစမ်းရေ)
0 comments:
Enregistrer un commentaire