သာသနာမှာအနာထပိဏ် သူဌေးဆိုရင်
ဗုဒ္ဓဘာသာဝင်တိုင်းသိကြပြီးဖြစ်ပါတယ်…သူဌေးကြီး ဟာ ဘုရားရှင်နဲ့ တကွရဟန်းတော်များကိုဆွမ်းအမှူနဲ့လုပ်ကျွေးပြုစုတဲ့နေရာမှာအလွန်ထင်ရှားတဲ့ဒကာ
တစ်ယောက်ပါ။
သဋ္ဌေးကြီးမှာ မဟာသုဘဒ္ဒါ
စူဠသုဘဒ္ဒါ သုမနဒေဝီလို့ခေါ်တဲ့သမီးသုံးယောက်ရှိပါတယ် သမီးသုံးယောက်အနက် သဋ္ဌေးကြီးကသမီအကြီးးဖြစ်တဲ
့ မဟာသုဘဒ္ဒါ ကို သံဃာတွေရဲ့အမှူကိစ္စ အ၀၀ ဆောင်ရွက် ဖို့ တာဝန်ပေးထားပါတယ်…မဟာသုဘဒ္ဒါ
က အမှူကိစ္စ ဆောင်ရွက်ရင်းတရားတော်နာကြားလို့  သောတာပန်တည်သွားပါတယ်..နောက်တော့
အိမ်ထောင်ရက်သားကျတာနဲ့လင်ယောင်္ကျားနောက်လိုက်သွားလို့စူဠသုဘဒ္ဒါအလတ်မကိုကိုအမ
အိမ်ထောင်ရက်သားကျတာနဲ့လင်ယောင်္ကျားနောက်လိုက်သွားလို့စူဠသုဘဒ္ဒါအလတ်မကိုကိုအမ
နည်းတူတာဝန်ယူစေခဲ့ပြန်တယ်..စူဠသုဘဒ္ဒါကလည်းအမနည်းတူပဲတရားနာပြီးသောတာပန်တည်ပြန်ရော..
အိမ်ထောင်ကျပြီးခင်ပွန်းနောက်
လိုက်ပါသွားပြန်ရောပေါ့..
သဋ္ဌေးကြီးမှာအငယ်ဆုံးအထွေးဆုံးဖြစ်တဲ့သမီးတစ်ယောက်သုမန ဒေ၀ီကိုပဲအမတွေနည်းတူတာဝန်ပေးပြန်
ပါတယ်..သုမနဒေ၀ီ ကလဲ သံဃာတွေရဲ့အမှူကိစ္စ အ၀၀ ဆောင်ရွက်ကာတရားတော်တွေ နာကြားလိုက်ရင်း သောတာပန်ထက်မြင့်တဲ့ သကဒါဂမ် အရိယာဖြစ်သွားတယ်။
ပါတယ်..သုမနဒေ၀ီ ကလဲ သံဃာတွေရဲ့အမှူကိစ္စ အ၀၀ ဆောင်ရွက်ကာတရားတော်တွေ နာကြားလိုက်ရင်း သောတာပန်ထက်မြင့်တဲ့ သကဒါဂမ် အရိယာဖြစ်သွားတယ်။
အထွေးဆုံးသမီးသုမနဒေ၀ီလေးဟာ
ရောဂါသည်လေးပါအရိယာဖြစ်ပြီးနောက်ပိုင်းမှာအနာရောဂါနှိပ်စက်ပြီး
နောက်ဆုံးအချိန်ကိုရောက်လာပါတယ်..နောက်ဆုံးအနေနဲ့ဖခင်ကိုတွေ့လိုတယ်လိုအခေါ်လွှတ်တယ်..
အနာထပိဏ်သူဌေးကြီး
လဲ သမီး မကျန်းမာဖြစ်မှန်းတာသိတာနဲ့  အလှူမဏ္ဍပ် တခု ကနေ ချက်ချင်းဆိုသလိုထလိုက်လာတယ်။
``ဟဲချစ်သမီး
..သုမန ဘယ်လိုနေသေးလဲ”
``ငါ့..မောင်လေး
ဘာလဲ”
``ဟဲချစ်သမီး
.. ယောင်ယမ်းနေပြန်တာလားသမီးလေးရယ်”
``ငါ့ မောင်လေး
အမကြီး ယောင်ယမ်းပြောတာမဟုတ်ဘူး”
``ဟဲချစ်သမီး
ကြောက်မြန်းနေသလားကွယ်”
``ငါ့ မောင်ကလေး…အမကြီးမကြောက်ပါဘူး”
ဒီလောက်ခလေးပြောပြီးသမီးအထွေးဆုံးသုမနဒေဝီလေးဟာသေဆုံးသွားပါတော့တယ်ပူဆွေးသောကတွေ
ဒီလောက်ခလေးပြောပြီးသမီးအထွေးဆုံးသုမနဒေဝီလေးဟာသေဆုံးသွားပါတော့တယ်ပူဆွေးသောကတွေ
ရင်ဝယ်ပိုက်ပြီးသူ့ရဲ့အားထားရာကိုးကွယ်ဘုရားရှင်ကိုအေကြာင်းစုံရှောက်တင်ပါတော့တယ်။
“မြတ်စွာဘုရား…တပည့်တော်ရဲ
့သမီးငယ် သုမနဒေ၀ီ ဟာ စုတေသေလွန်ရှာပြီ ဘုရား
မြတ်ဘုရားကပြန်မေးတယ်ဒကာတော်…ဘယ်အတွက်ကြောင့်စိုးရိမ်ပူဆွေးငိုကြွေးနေရတာလဲ
မြတ်ဘုရားကပြန်မေးတယ်ဒကာတော်…ဘယ်အတွက်ကြောင့်စိုးရိမ်ပူဆွေးငိုကြွေးနေရတာလဲ
အနိစ္စသဘောကို ဧကန်အမှန်ရှိတယ်ဆိုတာသိတယ်မဟုတ်လား။
“အရှင်ဘုရား..
အနိစ္စတရား ဧကန် အမှန်ရှိတာကိုသိပါတယ်ဘုရား..ဒါပေမယ့် တပည့်တော်ရဲ့ သမီးအထွေးဆုံးလေးဟာအရှက်အကြောက်နဲ့ ပြည့်စုံသူဖြစ်ပါလျှက် သေလွန်ခါနီးမှာ
ယောင်ယမ်းမြည်တမ်းပြီးသေသွားရှာပါတယ်ဘုရား..အဲ့ဒီအတွက်ကြောင့်တပည့်တော်စိတ်နှလုံး
သားသမီးတော်လေးအတွက်ပူပန်စိတ်မသက်မသာ
ဖြစ်မိပါတယ် ဘုရား။
“ဒကာတော်သင့်ရဲ့သမီးတော်လေးဟာနောက်ဆုံးတွေဘာမြန်းပြောသွားသလဲလို့မေးကြည့်လိုက်တော့
အရှင်ဘုရား ..တပည့် တော် က သမီးသုမန လို့  ခေါ်တဲ့ အခါ တပည့်တော်ကို သမီးလေးက ငါ့မောင်လေးလို့ပြန်ခေါ်ပါတယ်ဘုရား။
အရှင်ဘုရား ..တပည့် တော် က သမီးသုမန လို့  ခေါ်တဲ့ အခါ တပည့်တော်ကို သမီးလေးက ငါ့မောင်လေးလို့ပြန်ခေါ်ပါတယ်ဘုရား။
သမီးလေး
ယောင်ယမ်းနေပြန် သလားလို့ မေးတဲ့အခါ…ငါ့မောင်ကလေးအမကြီး မယောင်ယမ်းပါဘူး လို့  ပြန်ပြောပါတယ်
ဘုရားသမီးလေး ကြောက်သလားလို့  မေးတဲ့ အခါ..ငါ့မောင်လေး
အမကြီးမကြောက်ပါ.. လို့  ပြောပြီး သေလွန်ရှာပါတယ် ဘုရား။
အမကြီးမကြောက်ပါ.. လို့  ပြောပြီး သေလွန်ရှာပါတယ် ဘုရား။
ဒကာတော်သူဌေးကြီး
..သင့်သမီး ဟာ ယောင်ယမ်း မြည်တမ်းတာ မဟုတ်ဘုးအရှင် ဘုရား ယောင်ယမ်း မြည်တမ်း
တာမဟုတ်ရင်..ဘာကြောင့်အဖေဖြစ်သူကိုမောင်လေး လို့ ခေါ်ဝေါ်ပြောဆိုပါသလဲ ဘုရား။
“ဒကာတော်သင်က
ငယ်ရွယ်နေ ခြင်းကြောင့်ငါ့မောင်ကလေးလို့ခေါ်ဝေါ်ပြောဆိုခြင်းဖြစ်ပါတယ်၊ဒကာတော်သင့်
သမီးသုမနဒေ၀ီဟာသင့်ထက်ကြီးတာမှန်ပေတယ်
သင်ကားသောတာပန် ပုဂ္ဂိုလ်မျှသာဖြစ်တယ်၊
သင့်သမီး သုမနဒေဝီဟာ သကဒါဂမ် ပုဂ္ဂိုလ်အဆင့်သို့ရောက်ရှိနေပြီ
ဒါကြောင့်ဒကာတော်ကို သုမနဒေဝီသမီးတော်လေးကငါ့မောင်လေးလို့ခေါ်ဝေါ်တာပါ သူမယောင်ယမ်းပါဘူး။
“မြတ်စွာဘုရားကသုမနဒေဝီသမီးတော်လေးဟာတုသိတာနတ်ပြည်ကိုရောက်ရှိသွားတယ်လို့မိန့်
လိုက်တော့သဋ္ဌေးကြီးဝမ်းမြောက်ဝမ်းသာနဲ့မြတ်ဘုရားဆီကနေပြန်သွားပါတယ်။
ဒီဝတ္ထုလေးဟာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သက်တော်ထင်ရှားရှိစဉ်ကအနာထပိဏ်သူဌေးကြီး
နှင့် သမီးသုမန ဒေ၀ီတို့ ရဲ့ သားအဖနှစ်ယောက်အကြောင်းပါ၊လောကီနယ်မှာသမီးကအဖေထက်ငယ်ပေမဲ့
လောကုတ္တရာနယ်ပယ်မှာသမီးကအဖေထက်ကြီးနေတယ်နော်။
ဒီနေရာမှာဗဟုသုတရစရာစကားလေးတခွန်းပြောချင်ပါတယ် လောကမှာမိဘ ထက်မြင့်မြတ်တဲ့ သားသမီး ကို အတိဇာတ လို့ ခေါ်ပြီးမိဘ နဲ့ တန်းတူ သားသမီးကို အနုဇာတ လို့ ခေါ်တယ်မိဘ ထက် နိမ့် ကျ တဲ့သားသမီး ကို တော့ အ၀ဇာတ လို့ ခေါ်တယ်။

ကိုယ်ကဘယ်အတန်းထဲပါသလဲဆိုတာကိုယ့်အလုပ်အပေါ်မှာပဲမူတည်တယ်ကိုယ်ကမကောင်းတဲ့အလုပ်နဲ့နေရင်
အောက်တန်းစားစာရင်းဝင်သွားမယ် အဖေတို့အမေတို့ထက်မမြင့်ရင်နေပါစေ မနိမ့်ကျစေနဲ့ဘယ်မိဘကမှ
ကိုယ့်သားသမီးနိမ့်ကျတာမမြင်ချင်ပါဘူး။
မြတ်စွာဘုရားရဲ့ သားတော် သမီးတော် ဆိုရင်တော့ရာထူးကျစရာလဲမရှိဘူး..သူတပါးဖျက်ဆီးလို့ လဲမရဘူးနော်..ဒီလို ရာထူး ကို ကိုယ်တိုင်ကြိုးစားအားထုတ်မှ ရနိုင်မှာဖြစ်ပါတယ်..
လောကီ နယ်ပယ် က ချမ်းသာတဲ့စည်းစိမ်
တွေ ရာထူးဂုဏ်ပုဒ်တွေ ကတော့ ဖျက်ဆီးခြင်းခံရတဲ့ အခါ အားလုံးပျက်စီးဆုံးရှုံးခြင်းတွေ
ဖြစ်ကုန် ပါလိမ့် မယ်မြတ်စွာဘုရားရှင်ရဲ့ သားသမီး ရတနာ အစစ်တွေ
ကို
တော့ ဘယ်သူမှဖျက်ဆီးလို့ လဲ အဆင့်ကျစရာမရှိသလိုအဆင့်မြင့်ဖို့ပဲရှီပါတယ်။
တော့ ဘယ်သူမှဖျက်ဆီးလို့ လဲ အဆင့်ကျစရာမရှိသလိုအဆင့်မြင့်ဖို့ပဲရှီပါတယ်။
ဓမ္မစမ်းရေစာဖတ်ပရိတ်သတ်ကြီး
အဆင့်မြင့်ချင်သလား
မိမိစိတ်ကိုထိန်းကာဖြင့် မိမိဘဝကိုမြှင့်တင်ကြည့်ကြပါစို့လို့တိုက်တွန်းပါရစေ။
(ဓမ္မစမ်းရေ)
0 comments:
Enregistrer un commentaire