Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mardi 12 février 2013

စကာင်္ပူကျောင်းသားများစွမ်းရည်မြင့်မားသည်ဟုကြားရသည်

စင်ကာပူနိုင်ငံ မူလတန်းနှင့် အလယ်တန်းကျောင်းသားများသည် သင်္ချာ၊ သိပ္ပံနှင့် စာဖတ်စွမ်းရည်တွင် နိုင်ငံတကာမှ သတ်မှတ်ချက်များကို ကျော်လွှားနိုင်ခဲ့ပြီး ထိပ်တန်းအဆင့်တွင် ရှိနေကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ အဆင့်သတ်မှတ်ချက်စာရင်းနှစ်ခု ထွက်ပေါ်လာရာတွင် စင်ကာပူကျောင်းသားများသည် စစ်ဆေး သည့်ရမှတ်များကို ထိပ်ဆုံးအဆင့်တွင်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ရုံမက ပညာရေးတွင် ညံ့သည်ဟု သတ်မှတ်ထားခြင်း ခံထားရသူများကလည်း ကမ္ဘာ့အဆင့်ကိုပြိုင်နိုင်သည့် အမှတ်များရှိနေသည်ဟုဆိုသည်။

ကျောင်းသားများတွင် သင်ယူမှုစွမ်းရည် မြင့်မားလာသည့်အပြင် တွေးခေါ်မှုပုံစံလည်း တိုးတက်မြင့်မားလာ ကြောင်း၊ ပညာရေးဝန်ကြီးဌာန (MOE) အနေဖြင့် သင်ရိုးညွှန်းတမ်းများကို ပြုပြင်ပြောင်းလဲခြင်း၊ ပြုပြင်ပြောင်း လဲလိုက်သည့် သင်ရိုးသစ်တွင် ကျောင်းသားလူငယ်များ၏ အတွေးအခေါ်ကို ဦးစားပေးသည့် သင်ကြားမှုပုံစံသို့ လမ်းကြောင်းပြောင်းလိုက်ခြင်းကြောင့် ထိုသို့ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနက သုံးသပ်ထားသည်။

နိုင်ငံတကာသတ်မှတ်ချက်အဆင့်ပြိုင်ပွဲတွင် စင်ကာပူကျောင်းသားများ ထိပ်တန်းသို့တက်လာနိုင်ခြင်းအတွက် ကျောင်းသားမိဘများအပြင်၊ ဆရာ ဆရာမများကပါ အံ့အားသင့်ခဲ့ကြရသည်။

ယမန်နှစ်က နိုင်ငံတကာအဆင့် သင်္ချာ၊ သိပ္ပံနှင့် စာဖတ်စွမ်းရည်စစ်ဆေးမှုကို စင်ကာပူနိုင်ငံမှ ကျောင်းသား ၁၂၅၀၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြ သည်။ 

၂၀၀၆-၂၀၀၇ ခုနှစ်မှစတင်ခဲ့သည့် ထိုစမ်းသပ်စစ်ဆေးမှုများကို စင်ကာပူနိုင်ငံမှ တောက်လျှောက်ဝင် ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

Timss (Trends in International Mathematics and Science Study) ပြိုင်ပွဲတွင် စင်ကာပူမှ အသက် ၁၀ နှစ်ဝန်းကျင် မူလတန်း (၄ တန်း) အဆင့်မှကျောင်းသားများသည် သင်္ချာတွင် အမြင့်ဆုံးအမှတ် ၆၀၆ မှတ်ရကာ ဗိုလ်စွဲခဲ့သည်။ တောင်ကိုရီးယားသည် ဒုတိယ၊ ဟောင်ကောင်က တတိယနေရာတွင်ရှိသည်။ 

စင်ကာပူ မူလတန်း (၂ တန်း) အဆင့်တွင် သိပ္ပံဘာသာတွင် ပထမ၊ သင်္ချာတွင် ဒုတိယရရှိခဲ့သည်။
နိုင်ငံတကာစာဖတ်စွမ်းရည်ပြိုင်ပွဲတွင် စင်ကာပူမှ ၄ တန်းအဆင့် အသက် ၁၀ အရွယ်လူငယ်များက အဆင့် ၄ ရရှိခဲ့ပြီး၊ ဟောင်ကောင်၊ ရုရှား၊ ဖင်လန်နိုင်ငံများ၏ နောက်တွင်ရောက်သွားခဲ့သည်။

Timss ပြိုင်ပွဲသည် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သုံးရပ်ကို စစ်ဆေးသုံးသပ်ပြီး အဆင့်သတ်မှတ်ခြင်း ဖြစ်သည်။ ထိုပြိုင်ပွဲသည် ဘာသာရပ်ဆိုင်ရာကို သိခြင်း၊ အသုံးချနိုင်ခြင်း၊ တွေးတောဆင်ခြင်နိုင်ခြင်း ၃ ရပ်ကို တိုင်းတာစစ်ဆေးခြင်းဖြစ်သည်။

၂၀၀၄ ခုနှစ်မှစတင်ပြီး စင်ကာပူနိုင်ငံတွင် “နည်းနည်းသင်၊ များများလေ့လာ” နိုင်ရေးသို့ ပညာရေးလမ်းကြောင်း ကို ပြောင်းခဲ့ပြီးမှ ယခုကဲ့သို့ အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနကပြောကြားသည်။ 

0 comments:

Enregistrer un commentaire