မြတ်ဘုရားရာဇဂြိုလ်မှာဟောထားတာလေးပါလူတွေအတွက်ရှောင်ရန် ဆောင်ရန်လေးတွေဖြစ်တဲ့
အတွက်မြတ်ဘုရားဟောထားတဲ့အတိုင်းတခန်းခြင်းဆီရေးသားသွားပါ့မယ်။
အခန်းထဲမှာစာကြည့်ရင်းပျင်းရိနေတာနဲ့တခြားစာပြောင်းကြည့်လိုက်ပါတယ်၊တခြားစာက
သိင်္ဂါလောဝါဒသုတ်ဖြစ်နေတော့မြတ်ဘုရားကပျင်းရိခြင်းအပြစ်ခြောက်ပါးကိုသေချာကျကျနန
ဟောထားတာတွေ့ရတော့ကိုယ့်လိုပဲပျင်းနေတဲ့သူတွေသိစေချင်ကိုယ့်လိုမပျင်းရလေအောင်မြတ်ဘုရား
ဟောထားတာလေးတွေဖောက်သည်ချချင်စိတ်ပေါက်လာတာနဲ့ရေးလိုက်မိပါတယ်။
ပျင်းရိခြင်းအပြစ်ခြောက်ပါး
(၁)အေးလွန်းသည်အခါမှာ
အမှုကိစ္စကိုမပြု။
(၂)ပူလွန်းသည့်အခါမှာအမှုကိစ္စကိုမပြု။
(၃)မိုးချုပ်လွန်းသောအခါမှာအမှုကိစ္စကိုမပြု။
(၄)စောလွန်းသည်အခါမှာအမှုကိစ္စကိုမပြု။
(၅)ဗိုက်ဆာသည့်အခါမှာ
အမှုကိစ္စကိုမပြု။
(၆)ဗိုက်ပြည့်သည့်အခါမှာအမှုကိစ္စကိုမပြု။
ထိုသို့မခိုင်လုံသောကိစ္စများကိုယိုးမယ်ဖွဲ့ပြီးနေသောထိုသူအားမဖြစ်သေးသောစည်းစိမ်တို့သည်
မဖြစ်ပေါ်လာကုန်၊ဖြစ်ပေါ်ပြီးသောစည်းစိမ်တို့သည်ပျက်စီးခြင်းသို့ရောက်ရတတ်တယ်။
မြတ်ဘုရားက
ချစ်သား ပျင်းရိခြင်းအပြစ်တို့သည် ထိုခြောက်ပါးတို့တည်းဟုမိန့်တော်မူခဲ့ပါတယ်။
သေရည်ဆိုင်မှာသာအဖော်ဖြစ်သောသူသည်
သောက်ဖော် သောက်ဖက် မိတ်ဆွေ မည်၏။ အဆွေ အဆွေ ဟုခေါ်ပြီးမျက်မှောက်မှာသာအဖော်သဟဲဖြစ်လျှက်မျက်ကွယ်မှာရန်သူသဖွယ်ဖြစ်သောသူသည်
ဟန်ဆောင်မိတ်ဆွေလို့ခေါ်တယ်၊
အကြင်သူသည် အကြောင်းကိစ္စဖြစ်ပေါ်လတ်သော် အဖော်သဟဲဖြစ်ပြီးနေတယ် ထိုသူသည် မိတ်ဆွေစစ်မည်တယ်။
နေမြင့်အောင်အိပ်ခြင်းလည်းကောင်း
သူတပါးမယားကိုမှီဝဲခြင်းလည်းကောင်း ရန်သူများခြင်းလည်းကောင်း အကျိုးမဲ့ပြုခြင်းလည်းကောင်းမကောင်းသောအဆွေခင်ပွန်းရှိခြင်းလည်းကောင်းအလွန်စေးနှဲခြင်းလည်းကောင်း
ထိုခြောက်ပါးတို့သည် လူကိုဖျက်ဆီးတတ်ကုန်၏။
မကောင်းသောမိတ်ဆွေခင်ပွန်းရှိသူသည်လည်းကောင်းမကောင်းသောအပေါင်းဖော်ရှိသူသည်လည်းကောင်း မကောင်းသောအလေ့ကျင့် မကောင်းသောကျက်စားရာရှိသူသည်လည်းကောင်း
ယခုဘ၀မှလည်ကောင်း တမလွန်ဘ၀မှလည်းကောင်း နှစ်ပါးစုံသော(ပျက်စီးခြင်းသို့) လျှောကျတတ်ကုန်၏။
လောင်းကစားကစားလေ့ရှိခြင်းလည်းကောင်းမိန်းမလိုက်စားခြင်းလည်းကောင်းသေရည်သေရက်သောက်စားခြင်း
လည်းကောင်းကခြင်းတီးခြင်းသီဆိုခြင်းကိုကြည့်ရှု့နားထောင်လေ့ရှိခြင်းလည်းကောင်းနေ့၌အိပ်လေ့ရှိခြင်း
လည်းကောင်းအခါမဲ့ခရီးသွားခြင်းလည်းကောင်းမကောင်းသောသူတို့ကိုအဆွေခင်ပွန်းဖွဲ့ခြင်းလည်းကောင်း
အလွန်စေးနှဲခြင်းလည်းကောင်း ထိုခြောက်ပါးသောအကြောင်းတို့သည် လူကိုဖျက်ဆီးတတ်ကုန်၏။
အကြင်သူသည်ကြွေအန်တို့ဖြင့်လောင်းကစားကစားကြကုန်၏၊သေရည်သေရက်ကိုသောက်စားကြကုန်၏၊
သူတပါး၏အသက်နှင့်တူကုန်သောသူယုတ်မာတို့သာမှီဝဲအပ်ကုန်သောပညာရှိတို့ရှောင်ကြဉ်အပ်ကုန်သော
သူတပါးမယားတို့သွားလာကုန်၏၊သူတပါးတို့၏စည်းစိမ်အခြံအရံသည်လဆုတ်ပက္ခ၌ဖြစ်သောလကဲ့သို့ဆုတ်ယုတ်တတ်၏။
မရှိဆင်းရဲသောအရက်သမားသည်အရက်သောက်လိုသည်ဖြစ်သောကြောင့်အရက်ဆိုင်သို့သွားတယ်၊။။။။။
ထိုအရက်သမားသည်ရေ၌ကျောက်ခဲနစ်မြုပ်သကဲ့သို့ကြွေး၌နစ်မြုပ်လတ္တံ့မိမိကိုယ်ကိုဆွေမျိုးမရှိအထီးကျန်သူ၏
အဖြစ်ကိုလျှင်စွာပြုလတ္တံ့။
နေ့၌အိပ်လေ့ရှိသော
ညဉ့်၌ထလေကမ၇ှိသောအမြဲမူးယစ်နေသော ကာမဂုဏ်လိုက်စားသောသူသည် အိမ်ကိုအုပ်စိုးခြင်းငှာမတတ်ကောင်း။
အေးလွန်းသည်
ပူလွန်းသည် မိုးချုပ်လွန်းသည်ဟုပြောဆိုပြီးအမှုကိစ္စတို့ကိုမပြုလုပ်ဘဲစွန့်လွှတ်ကုန်သော
သူတို့ကိုအကျိုးစီးပွားတို့သည်ကျော်လွန်ပြီးအခြားသောအလုပ်လုပ်သောသူထံသို့သွားရောက်ကုန်၏။
လောက၌ထိုသူသည်
အအေးကိုလည်းကောင်း အပူကိုလည်းကောင်း မြက်ထက်လွန်ပြီးမအောက်မေ့ ထိုသူသည်အလုပ်ကိုပြုလုပ်သည်ဖြစ်သောကြောင့်စီးပွားချမ်းသာတို့သည်မစွန့်
စောင့်ရှောက်ကုန်၏ဟု မြတ်ဘုရား သိင်္ဂါလောဝါဒ သုတ်မှာဟောထားတာတွေ့ရပါတယ်။
စာရေးသူလည်းရေးရင်းပျင်းစိတ်တွေဖျောက်ကာစာကိုဆက်လက်စာကြည့်ဖြစ်ပါတော့သည်….ဆက်လက်ဖော်ပြပါအုံးမည်။။။။။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။
0 comments:
Enregistrer un commentaire