စာရှု့သူတို့ကဖန်ဆင်းရှင်လို့ခေါင်းစဉ်ကြည့်လိုက်တော့သို့လောသို့လောများဖြစ်နေမလား? မဖြစ်ပါနဲ။့ဖန်ဆင်းရှင်ဆိုတာက ရေရှု့ဘုရားသခင်လဲမဟုတ်ပါဘူး နောက်အလ္လာအရှင်မြတ်လဲ မဟုတ်ပါဘူး။ကာလီမယ်တော်လဲမဟုတ်ပါဘူး။စာရေးသူတို့ငယ်ငယ်က(၂)တန်းကျောင်းသား ဘ၀ကျောင်းဆရာဦးသန်းဆွေပြောပြခဲ့တဲ့စကားတခွန်းနဲ့ပုံပြင်လေးတခုပါ။ဆရာက တပည့်တို့လူ့ဘ၀မှာအောင်မြင်ချင်တယ်ဆိုရင်.. ကံတခုတည်းလဲမရပါဘူး။ ဥာဏ်ကောင်းယုံနဲ့လဲမရပါဘူး။ဝီရိယတခုတည်းနဲ့လဲမရပါဘူး။ ကံ ဥာဏ် ၀ီရိယ သုံးဖြာပြည့်စုံမှ အောင်မြင်မှုသရဖူကိုရနိုင်မှာဖြစ်တယ်။အဲဒီသုံးခုဖန်ဆင်းရှင်လို့ခေါ်တယ်ကွယ်လို့ပြောပြိး.. ပုံပြင်လေးတပုဒ်ပြောပြပါတယ်ခုချိန်ထိမှတ်မိနေတုံးပါပဲ... ရှေ့ရှေ့ကပေါ့ကွယ် ငါးလေးသုံး ကောင်းရှိတယ်။သူတို့သုံးကောင်ဟာသူငယ်ချင်းတွေဖြစ်ပေမဲ့အယူအဆချင်းမတူကြပါဘူး။ တကောင်က ကံကိုယုံကြည်တယ်၊ တကောင်က ကံ ဥာဏ်နှစ်ခုကိုယုံကြည်တယ်၊ တကောင်ကတော့ ကံ ဥာဏ် ၀ီရိယ သုံးခုလုံးကိုယုံကြည်တယ်၊ သူတို့သုံးကောင်ဟာတကန်ထဲမှာအတူနေထိုင်ကြတယ်၊တနေ့မှာတော့ သူတို့နေထိုင်တဲ့ ရေကန်ကိုကြည့်ပြီး ၊ ဒီကန်ထဲမှာငါးတွေပေါတယ်ဟေး၊ မနက်ဖြန်တို့ဒီရေကန်ကိုပက်ကြရအောင်... လို့ပြောပါတယ် ၊ ဒီစကားသံကို ကံ ဥာဏ် ၀ီရိယသုံးဖြာလုံးယုံကြည်တဲ့ငါးကလေးကကြားတယ်။ သူကြားတဲ့အတိုင်းသူ့သူငယ်ချင်းတွေပြန်ပြောပြပါတယ်။ ကံ ကို ယုံကြည်တဲ့ငါးလေးကတော့ ကံပေါ့ကွာလို့ပြောလိုက်ပါတယ်။ နောက် ကံ ဥာဏ် နှစ်ခုကိုယုံကြည်တဲ့ ငါးလေးကတော့အခြေနေကြည့်ပြီးလုပ်တာပေါ့ကွာလို့ပြန်ပြောလိုက်ပါတော့တယ်၊
ကံ ဥာဏ် ၀ီရိယ သုံးခုလုံယုံကြည်တဲ့ငါးလေးကတော့ ပြောပါတယ်၊
ငါကတော့ရေကန်ပြောင်းမယ်.. အန္တရာယ်မဖြစ်ခင်ကကြိုတင်ကာကွယ်တာကောင်းမယ်။
မင်းတို့ငါနဲ့လိုက်မလားလို့မေးပါတယ်သူ့သူငယ်ချင်းတွေကို၊ သူငယ်ချင်းနှစ်ယောက်ကတော့
မလိုက်တော့ပါဘူးလို့ပြန်ဖြေလိုက်ကြတယ်လေ။ဒါဆိုရင်တော့ငါတယောက်ထဲသွားမယ်လို့
ပြောပြီးထွက်သွားပါပြီ.... နောက်နေ့ကျတော့ တံငါသည်တွေလာပြီးသူတို့နေထိုင်ရာရေကန်ကိုလာပြီးပက်ကြပါတော့တယ်၊ ရေကန်ကိုရေတွေ
ပက်လိုက်တော့ငါးတွေဖမ်းကြပါတော့တယ်၊သူတို့နှစ်ကောင်လဲပါသွားတယ်လေ၊
ကံ ကိုယုံကြည်တဲ့ငါးကလေးကတော့ပိုက်ထဲကနေအမြှီးတနှပ်နှပ်နဲ့လုပ်နေတော့ ....
တံငါသည်ကကြည့်မရတာနဲ့ ကံကိုယုံကြည်တဲ့ငါးကလေးကို ခေါင်းထုသတ်လိုက်ပါ့မယ်၊ ကံဥာဏ် နှစ်ခုကိုယုံကြည်တဲ့ငါးကလေးကတော့အကြံထုတ်နေပြီ..ဘယ်လိုလုပ်ပြီးလွတ်အောင် လုပ်မလဲ?.နောက်တော့ ကံဥာဏ် နှစ်ခုယုံကြည်တဲ့ငါးကလေးကတော့သေချင်ယောင်ဆောင်ပါတော့တယ်၊ တံငါသည်ကငါးတွေကိုရေကန်ထဲဆေးတော့ငါးကလေးကလိမ္မာပါးနပ်စွာခုန်ဆင်းပြေးလို့လွတ်သွားတယ်၊ ၊ကံ ဥာဏ် ၀ီရိယ သုံးခုလုံးယုံကြည်တဲ့ငါးကလေးကတော့အန္တရာယ်လဲမဖြစ် သူ့ဘာသာသူ အေးအေးဆေးဆေးနေထိုင်လို့ပေါ့၊ ဆရာကအဲဒီလိုပြောပြီး .. ပုံပြင်လေးကိုအဆုံးသတ်လိုက်ပါတော့တယ်၊
နောက်တော့... ပုံပြင်လေးကိုအနှစ်ချုပ်ပေးပါတယ်၊ သားတို့သမီးတို့ အောင်မြင်မှုလိုချင်ရင်
အန္တရာယ်မဖြစ်ချင်ဘူးဆိုရင် .. ကံ ဥာဏ် ၀ီရိယ သုံးခုစလုံးယုံကြည်ပြီးအလုပ်လုပ်ကြပါ၊
စာမကြိုးစားပဲအလုပ်မလုပ်ပဲကံပေါ့ကွာလို့ပြောပြီးနေတဲ့သူဟာ..ငါးကလေးသေသလိုသေရလိမ့်မယ်၊
ဘ၀ကြီးသေသွားလိမ့်မယ်၊စာမကြိုးပဲအလုပ်မလုပ်ဘဲ..ငါ ဥာဏ် ရှိတာပဲဆိုပြီး..
စာမေးပွဲနီးမှ နောက်အလုပ်ကိုနီးမှလုပ်မယ်လို့ကြံရွယ်ပြီးနေတဲ့သူဟာလဲ..ငါးကလေးဒုက္ခရောက်သလို
ဘ၀ကြီးဒုက္ခရောက်သွားလိမ့်မယ်၊ အလုပ်ကြိုးစားပြီး ကံဥာဏ်ဝီရိသုံးဖြာပြည့်စုံတဲ့ငါးလေးလို..အရာရာပြည့်စုံပြီး အန္တရာယ်မကျရောက်သလို...သားတို့သမီးတို့လဲ ကြိုးစားကြပါ၊ အောင်မြင်မှုရအောင်လုပ်ပါလို့ဆရာကသင်ပေးခဲ့ပါတယ်၊ နောက်ပြီးဆရာကပြောပါတယ် ၊ သိမ်ငယ်တဲ့စိတ်လဲမထားဖို့...ငါကဆင်းရဲတယ် .ငါတို့မိဘတွေဆင်းရဲတယ်ဆိုပြီးအောင်မြင်မှုတံခါးကိုမခေါက်ဘူးရည်မှန်းချက်မရှိဘူးဆိုရင်
ဘ၀ဟာဆုံးရှုံးသွားလိမ့်မယ်၊ လူ့ဘ၀ရလာပြီး လူတွေအတွက်အလုပ်မလုပ်ရဘူးဆိုရင်......
လူဖြစ်ရကျိုးမနပ်ဘူးပေါ့၊ ဗိုလ်ချုပ်အောင်ဆန်းကိုကြည့်ပါ သူဟာတော်တော်ကြိုးစားခဲ့ရတယ်။
အောင်မြင်မှုတံခါးကိုယုံယုံကြည်ကြည်နဲ့ခေါက်ခဲ့လို့ခုလိုဆရာတို့နိုင်ငံကြီးလွတ်လပ်ရေးပြန်ရတာပေါ့
တပည့်တို့လဲကြိုးစားပါ၊ မြတ်စွာဘုရားဟောကြားခဲ့တဲ့ဖန်ဆင်းရှင်လို့ခေါ်တဲ့ ကံ ဥာဏ် ၀ီရိယ ယုံကြည်ပြီးစာပေကိုအထူးလေ့လာပါ။လူသားအကျိုးကိုသယ်ဆောင်နိုင်အောင်ကြိုးစားကြပါလို့
ဆရာကပြောပြီး၊ ကဗျာလေးနဲ့ဆရာကနှတ်ဆက်ပါတယ် ၊ ကဗျာလေးကိုဆက်ဖတ်ကြည့်ပါအုံး၊
ဖန်ဆင်းရှင်သုံးဦးတဲ့
******************
သားတို့သမီးတို့ စဉ်းစားပါ
အရမ်းတော့မယုံချင်စရာ၊
့ အောင်မြင်မှုရလိုက၊
အလုပ်ကိုကြိုးစားကြ၊
မကြိုးစားပဲ အပျင်းထူ၊
ဆုပဲတောင်းနေသူ၊
ကယ်မည့်သူဘယ်မရှိ၊
ဒုက္ခရောက်မှာတော့သေချာသိ၊
ကိုယ်၏စွမ်းအားကိုယ်ကိုးပါ၊
သေချာတိုးတက်လာမှာပါ၊
ဗုဒ္ဓဘုရားဟောကြားထား၊
ကံ ဥာဏ် ၀ီရိယ စွမ်းအင် အား၊
ဖန်ဆင်းရှင် လို့ယုံကြည်ထား ၊
ဆရာရဲ့ကဗျာလေးကသိပ်အားရှိဖို့ကောင်းပါတယ် ၊ ခုလဲစာရှု့သူတို့မြတ်ဘုရားဟောကြားခဲတဲ့ဖန်ဆင်းရှင်လို့ခေါ်တဲ့ ကံ ဥာဏ် ၀ီရိယကိုလက်တွေ့အသုံးချကြည့်ပြီးကြိုးစားကြည့်မယ်ဆိုရင်သေချာအောင်မြင်မှာပါ ၊ လုပ်ကြည့်လိုက်ပါ ရဲရဲအာမခံပါတယ်၊။ ဓမ္မစမ်းရေသောက်သုံနိုင်ကြပါစေ၊

0 comments:
Enregistrer un commentaire