Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

dimanche 19 février 2012

မေတ္တာရှိရင်အရာရာပြည့်စုံတယ်

မေတ္တာတရားရဲ့အကျိုးအာနိသင်ကိုတင်ပြီးဖြစ်လို့ဒီနေ့ဘာတင်ရမလဲစဉ်းစားကြည့်တယ်၊အတွေးထဲမှာမေတ္တာ
တရားတွေသာအာရုံထဲမှာပေါ်လာတယ်။အဲဒီတော့မထူးပါဘူးဆိုပြီးခေါင်းစဉ်ကို...မေတ္တာရှိရင်အရာရာပြည့်စုံ
တယ်...ဆိုပြီးခေါင်းစဉ်ကိုစဉ်းစားမိလိုက်တယ်၊သို့သော်...ဘာရေးရမည်မှန်းမသိသေးပေ။။။။။

ညအိပ်ယာဝင်တော့ပေါ်လာပါပြီ၊၊အိပ်ရေးပျက်မည့်အတွေး...အင်း....မေတ္တာဆိုတာက.. သန့်ရှင်းတဲ့မေတ္တာ
မသန့်ရှင်းတဲ့မေတ္တာ ဆိုပြီးနှစ်မျိုးခွဲထားတယ်၊အင်း...လူတွေအတွက်သန့်ရှင်းတဲ့မေတ္တာတရားသည်သာကောင်းပါတယ်၊ဘုန်းကြီး
ဖြစ်တော့သန့်ရှင်းတဲ့မေတ္တာတရားနဲ့ဆိုင်တယ်၊သန့်ရှင်းတဲ့မေတ္တာကိုပဲဦးစားပေးရေးမည်ဟုတွေးမိလိုက်ပါတယ်၊


သန့်ရှင်းတဲ့မေတ္တာ မသန့်ရှင်းတဲ့မေတ္တာကိုတော့စာရှု့သူတို့သိပြီးသားနေမှာပါ၊ရှင်းမပြတော့ဘူး..
တွေးရင်းပေါ့...ပေါ်လာတာကအမေ့ကိုပါ။အမေဟာစာရေးသူတို့ငယ်ငယ်ကပြောပြခဲ့တဲ့ပုံပြင်လေးအကြောင်း
ခေါင်းထဲမှာပေါ်လာတယ်၊သေချာစဉ်းစားမိတယ်စာရေးမယ်ဆိုပြီးတော့ပေါ့ပေါ်လာပါပြီ၊

သေချာမှတ်မိတာကအဲဒီနေ့ကဆောင်တွင်းကြီးဆိုတာသေချာတယ်၊မီးဖိုနားမှာ အမေရယ် အဖေရယ် စာရေးသူရယ် ညီလေးရယ် အမငယ်ရယ် အခြားသူငယ်ချင်းတွေရယ်ကောက်ညှင်းပေါင်းပန်းခံ
အလယ်မှာချလို့...အမေကစပြောတယ်..သားတို့သမီးတို့ပုံပြင်ပြောပြမယ်နားထောင်မလား၊?

နားထောင်မယ်ပေါ့အခြားသောသူငယ်ချင်းတွေနဲ့အတူတူစာရေးသူပြောလိုက်တယ်၊ အဲဒါနဲ့
အမေက...ဟုတ်ပါပြီနားထောင်နော်သေသေချာချာလို့ပြောပြီးပုံပြင်လေးကိုစတင်လိုက်ပါတော့တယ်၊

တခါတုံးကပေါ့ကွယ်...၇ွာတရွာမှာအဘသုံးဦးရှိသတဲ့...အဘသုံးဦးဟာငယ်ငယ်ကတည်းကအတူတူနေ
တူတူစားပေါ့ တနေ့မှာအဘသုံးဦးဟာခရီးသွားစရာကိစ္စရှိလို့ခရီးထွက်ကြတာပေါ့ကွယ်၊အော်...နေအုံး
အဘသုံးဦးရဲ့နာမည်တွေကိုပြောပြရအုံးမယ်၊ အဘတဦးရဲ့နာမည်က ဘဓန နောက်တဦးက ဘအောင်လံ
နောက်ဆုံးတဦးက ဘမေတ္တာတဲ့ မှတ်မိပြီလားတဲ့အမေမေးပါတယ်၊စာရေးသူတို့ကို..

မှတ်မိပါတယ်အမေလို့ပြောလိုက်ပါတယ်....အဲဒါနဲ့အမေကဆက်ပြောပါတယ်၊ အဘသုံးဦးဟာခရီးသွားတာရှည်လာတော့မောလာတာပေါ့ကွယ်၊ရွာတရွာရောက်တော့
ရွာရဲ့အလယ်အိမ်တအိမ်ရှေ့မှာ..အဲဒီအိမ်ရှေ့မှာအရိပ်ကောင်းတဲ့သစ်ပင်ကြီးရှိတယ်၊အရိပ်ကောင်းတဲ့သစ်ပင်
အောက်မှာထိုင်းပြီးတော့နားကြသတဲ့၊

အသက်ကြီးသောအဘတွေအိမ်ရှေ့မှာလာနားနေတာတွေ့တော့အိမ်ထဲမှာရှိတဲ့သူငယ်မလေး
ကအဘတို့အိမ်ထဲကိုကြွကြပါ၊အိမ်ထဲမှာရေနွေးကြမ်းလေးးဘာလေးသောက်ပြီးအနားယူလို့ရပါတယ်၊
ပြီးမှအဘတို့သွားစရာရှိတာဆက်ပြီးသွားကြပေါ့အိမ်ထဲကိုကြွပါလို့ပြောပြီးဖိတ်လိုက်တယ်၊

အဲဒီလိုသားတို့သမီးတို့လဲလူကြီးတွေတွေ့ရင်သူငယ်မလေးလိုရိုရိုသေသေဆက်ဆံကြနော်တဲ့
အမေကဖြတ်ပြီးစာရေးသူတို့ကိုဆုံးမခဲ့ပါတယ်၊ နောက်တော့အမေဆက်ပြောပါတယ်၊သူငယ်မလေးကဖိတ်လိုက်
တော့အဘသုံးဦးကပြန်ပြောတယ်၊သူငယ်မအိမ်ထဲမှာဘယ်သူ၇ှိလဲ?..ဘယ်သူမှမရှိပါဘူးအဘအေးအေးဆေးဆေး
နေလို့ရပါတယ်၊ အခြားသူတွေဘယ်သွားကြလဲ..သူငယ်မကလင်ယောင်္ကျားလယ်ထဲကိုသွားပါကြောင်းပြောပြပါတယ်၊

အဘတို့သူငယ်လေးပြန်လာမှဝင်ခဲ့မယ်ခုတော့မလာသေးပါဘူးကွယ်လို့ပြောလိုက်တော့သူငယ်မကဟုတ်ကဲပါ
လို့ပြောပြီးအိမ်ထဲကိုပြန်ဝင်သွားပါတယ်၊ခဏကြာတော့လင်ယောင်္ကျားပြန်လာပါတယ်၊သူငယ်မကလင်ယောင်္ကျား
ကိုအိမ်ရှေ့ကအဘတို့ကိုဖိတ်ထားတယ်၊ရှင်လာမှဝင်မယ်ပြောလို့ရှင့်ကိုစောင့်နေတာ၊

အော်...ဖိတ်လိုက်ပေါ့ကြီးသောသူတွေကိုဧည့်ခံရတာကုသိုလ်ရပါတယ်၊အကိုသွားခေါ်လိုက်မယ်ဆိုပြီး
တော့အဘတို့ကိုခေါ်လိုက်ပါတော့တယ်၊နေအုံးတဲ့အဘတို့ပြောတဲ့စကားလေးနားထောင်ပါအုံး
အဘတို့နာမည်တွေကိုသူငယ်နဲ့သူငယ်မကိုပြောပြမယ်၊ဘ နာမည်က ဘဓန ဘ နာမည်က ဘ အောင်လံ
ဘနာမည်က ဘမေတ္တာပါလို့သူတို့ကိုသူတို့မိတ်ဆက်လိုက်ပါတယ်၊

သူငယ်တို့ကြိုက်နှစ်သက်ရာတယောက်ကိုခေါ်ပါ သုံးယောက်လုံးတော့မလိုက်နိုင်ဘူးလို့ပြောလိုက်တယ်။ရပါတယ်အဘရယ်အကုန်လုံးကြွပါအိမ်ထဲကို
ကဲသူငယ်နဲ့သူငယ်မတို့အဘတို့ပြောတာကိုနားထောင်ပါ ။အိမ်ထဲဝင်ပြီးနှစ်ယောက်တိုင်ပင်လိုက်အုံး
ဘယ်သူကိုဖိတ်မလဲပေါ့....မိန်းမလုပ်သူက ဘ ဓနကိုဖိတ်မယ် ဘ ဓနကိုဖိတ်ရင်တို့နှစ်ယောက်ဥစ္စာဓန
တွေပေါတာပေါ့..ယောင်္ကျားလုပ်သူက ဘ အောင်လံကိုဖိတ်မယ် ဘ အောင်လံကိုဖိတ်၇င်အောင်မြင်မှုတွေအလီလီနဲ့အဆင်ပြေမှာ၊

၊နောက်ဆုံး... ကဲပါ ဘ မေတ္တာပဲဖိတ်လိုက်ရအောင်မေတ္တာရှိရင်လဲအေးချမ်းပါတယ်ဆိုပြီး...နှစ်ယောက်စလုံးသွားပြီးဘမေတ္တာကြွပါ
လို့ပြောပြီးဖိတ်လိုက်တယ်၊အားလုံးလိုက်လာကြတယ်၊ဟာ အဘတို့ဘာလို့သုံးဦးစလုံးလိုက်လာရတာလဲ
ဘမေတ္တာဘဲဖိတ်တာလေ၊အဘတို့ပဲပြောပြီးအကုန်လုံးမရဘူးဆို။။။။။။
အဘတို့ပြန်ပြောလိုက်ပုံကမေတ္တာရှိရင် ဓနကော အောင်လံကောရှိပြီးသားလို့မှတ်ပါ။
လောကမှာလဲမေတ္တာရှိရင်အရာရာပြည့်စုံတယ်၊သူငယ်နဲ့သူငယ်မမှတ်ထားမေတ္တာတရားရှိအောင်သာကြိုးစား
မေတ္တာ၇ှိရင်သူငယ်နဲ့သူငယ်မအရာရာပြည့်စုံပြီးသာမှတ်လို့ပြောပြီးအိမ်ထဲကိုလိုက်လာကြပါတော့ခဏလေး
ရေနွေးကြမ်းလေးဘာလေးသောက်ပြီးအဘသုံးဦးဟာခရီးပြန်ထွက်သွားပါတော့တယ်၊

အဲဒီမှာအမေကပုံပြင်လေးပြီးဆုံးခဲ့ပေမဲ့အမေ့ရဲ့ဆုံးမတာလေးကမပြီးသေးပါဘူး၊သားတို့သမီးတို့မှတ်ထားပါ
မေတ္တာတရားဟာ ကြမ်းတမ်းတဲ့ဘီလူးကိုတောင်လူလိုလိမ္မာရေးခြားဖြစ်အောင်ဖန်ဆင်းနိုင်တယ်၊ဘယ်လောက်ပင်ကြမ်းတမ်းစေ
ကာမူမေတ္တာတရားနဲ့တွေ့ရင်အားလုံးအေးချမ်းသွားတာပါပဲ၊။အမေက စာရေးသူတို့ကိုမေးပါတယ် ။

နာရာဂီဠိဆင်ဆိုတာကြားဘူးလားတဲ့စာရေးသူကတော့မကြားဘူးပါလို့ပြောလိုက်တယ်၊
အမငယ်ကတော့ကြားဘူးတယ်တဲ့၊အမေကထားပါအဲဒီဆင်ကြီးကအရမ်းကြမ်းတမ်းတာ၊ဒါပေမဲ့..
မြတ်စွာဘုရားရဲ့မေတ္တာတရားနဲ့တွေ့တော့ယဉ်ကျေးသွားတာပဲ။

ဟိုေ၇ှ့တုံးကလဲ ဝေဂူဆရာတော်ဆိုတာရှိတယ်၊အဲဒီဆရာတော်ကြီးကတနေ့မှာကျွဲနှစ်ကောင်ခတ်တာ
မြင်တွေ့တယ်။မြင်မြင်ချင်းပဲဆရာတော်ကြီးကမေတ္တာပို့တယ်၊ဘယ်လိုပို့လဲဆိုတော့။နညမညဿဒုက္ခမိစ္ဆေယျ..
လို့ဆိုပြီးမေတ္တာပို့နေတယ်။ဆ၇ာတော်ကြီးမေတ္တာပို့တယ်ဆိုရင်ပဲကျွဲနှစ်ကောင်ခတ်တာရပ်သွားတယ်တဲ့၊

မေတ္တာတရားဟာဘယ်လောက်စွမ်းသလဲ...သားတို့သမီးတို့လဲလူတွေကိုမေတ္တာထားနိုင်အောင်ကြိုးစား
ပြီးလိမ္မာစွာနေထိုင်ကြပါလို့ပြောပြီး....ကဲကဲ ...ကောက်ညှင်းပေါင်းတွေတောင်အေးနေလောက်ပြီစားကြတာပေါ့ဆိုပြီးအမေကစာရေးသူကိုကောက်ညှင်းဆုတ်
ကလေးဆုတ်ပေးနေသောအမေ့ကိုဒီနေ့အထိအမှတ်ရနေဆဲပါပဲ.....
မေတ္တာတရား ရှိသောသူမှာ၊
အရာရာအားလုံး ပြည့်စုံပေတာ၊
ပြည့်လိုသူများ ကျင့်သုံးလို့သာ၊
နေ့စဉ်မပျက် ထားကြမေတ္တာပါ။
ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ...

0 comments:

Enregistrer un commentaire