။။ မနေ့ကငါ တွေ့လိုက်တာက။
အူဝဲငိုသံ ဆူဆူညံလို့၊
ချစ်ခဲ့တာက အမေပါ၊
။။ မနေ့ကငါ တွေ့လိုက်တာက၊
မပီကလာ စကားသံကို။
ချစ်ခဲ့တာလဲ အမေပဲ။
။။ မနေ့ကငါ တွေ့လိုက်တာ
ကျောင်းသားအသွင် အမေမြင်လို့။
အမေ့ရင်မှာ ပီတိဖြာ
။။ မနေ့ကငါ တွေ့လိုက်တာက
သမဏသွင် အမေမြင်လို့။
ရင်မှာပီတိ ဂွမ်းစိထိ။
။။ ရက်တွေဖြတ်သန်း အသက်ပန်းတွေ။
ရသောခဏ လူ့ဘ၀ကား။
ပီတိပန်းတွေ ဝေချင်မိတယ်။
ယနေ့မှသည် နောင်နှစ်တွေဆီ
ထိုမှတပါး...
။။ လူသားအကျိုး သယ်ပိုးချင်သည်။
သာသနာအကျိုး သယ်ပိုးချင်သည်။
ယနေ့မှသည် နောင်နှစ်တွေဆီ။
အူဝဲငိုသံ ဆူဆူညံလို့၊
ချစ်ခဲ့တာက အမေပါ၊
။။ မနေ့ကငါ တွေ့လိုက်တာက၊
မပီကလာ စကားသံကို။
ချစ်ခဲ့တာလဲ အမေပဲ။
။။ မနေ့ကငါ တွေ့လိုက်တာ
ကျောင်းသားအသွင် အမေမြင်လို့။
အမေ့ရင်မှာ ပီတိဖြာ
။။ မနေ့ကငါ တွေ့လိုက်တာက
သမဏသွင် အမေမြင်လို့။
ရင်မှာပီတိ ဂွမ်းစိထိ။
။။ ရက်တွေဖြတ်သန်း အသက်ပန်းတွေ။
ရသောခဏ လူ့ဘ၀ကား။
ပီတိပန်းတွေ ဝေချင်မိတယ်။
ယနေ့မှသည် နောင်နှစ်တွေဆီ
ထိုမှတပါး...
။။ လူသားအကျိုး သယ်ပိုးချင်သည်။
သာသနာအကျိုး သယ်ပိုးချင်သည်။
ယနေ့မှသည် နောင်နှစ်တွေဆီ။
0 comments:
Enregistrer un commentaire