
***********************
ကမ္ဘာလောကကြီးမှာ၊
အလှပဆုံးပုဂ္ဂိုလ်ကို။
ရွေးချယ်ကာသရဖူပေးရရင်၊
သားကတော့အမေ့ကိုပဲ၊
ရွေးချယ်လိုက်မယ်၊
ဘာကြောင့်လဲဆိုရင်၊
အမေဟာ.. သားအမြင်မှာ၊
မပြင်ဆင်ပဲလှနေလို့ပါပဲ၊
ကမ္ဘာလောကကြီးမှာ။
ဝီရိယအရှိဆုံးပုဂ္ဂိုလ်ကို၊
ရွေးချယ်ကာသရဖူပေးရရင်၊
သားကတော့အမေ့ကိုပဲ၊
ရွေးချယ်လိုက်မယ်၊
ဘာကြောင့်လဲဆိုရင်။
အမေဟာသားတို့အရေးဆို၊
အစဉ်မနှေးတဲ့ဝီရိယနဲ့ကြိုးစားခဲ့တယ်၊
ကမ္ဘာလောကကြီးမှာ၊
မေတ္တာရှိဆုံးပုဂ္ဂိုလ်ကို၊
ရွေးချယ်ကာသရဖူပေးရရင်၊
သားကတော့အမေ့ကိုပဲ၊
ရွေးချယ်လိုက်မယ်၊
ဘာဖြစ်လို့လဲဆိုရင်၊
အမေဟာသားတို့အတွက်ဆို၊
အစဉ်မညှိုးတဲ့မေတ္တာနဲ့ချစ်ခဲ့တယ်
စာရှု့သူများကျမ္မာချမ်းသာပြီး၊ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ၊
0 comments:
Enregistrer un commentaire