Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 20 février 2012

ယဉ်ကျေးမှုဆိုသည်မှာ

ထိုသို့ခေါင်းစဉ်လေးကိုစဉ်းစားမိတာနဲ့..သဲကုန်းမြို့ ရပ်ကွက်(၃) ထန်းရင်း ဆရာကြီးဦးခင်မောင်တို့မိသားစုကိုသတိတရဖြစ်ခဲ့
ရပါတယ်၊ခုဆောင်းပါးလေးဟာဆရာကြီးတို့မိသားစုနဲ့ဆိုင်တော့...နည်းနည်းရှင်းပြပါရစေ...
ဆရာကြီးဦးခင်မောင်သည်အထက်တန်းကျောင်းအုပ်ဆရာကြီး..ဆရာကတော်ကဒေါ်ရီသန်း..သူတို့မှာသားသမီး(၈)ယောက်ထွန်းကားပါတယ်။ယောင်္ကျားလေးကနှစ်ယောက် မိန်းကလေးကခြောက်ယောက်ပါ၊သားနှစ်ယောက်အနက်တယောက်ဆရာဝန်..
တယောက်ကအဖေတူကျောင်းဆရာ..သားနှစ်ယောက်စလုံးမိန်းမယူသွားကြပြီးမိန်းကလေးများမှာကျောင်းဆရာမတွေချည်း။။
အပျိုကြီးတွေ မိအိုဖအိုတွေကိုလုပ်ကျွေးနေကြတယ်၊အငယ်ဆုံးသမီးမှာ(၃၉)နှစ်ရှိပါပြီအကြီးသမီးမှာ(၅၆)နှစ်ရှိပါပြီ။။

စာရေးသူကအဲဒီမိသားစုမှာအချစ်ဆုံးမောင်လေးတယောက်ပေါ့သူတို့မိသားစုသည်အလွန်ယဉ်ကျေးပြီး
ဘာသာတရားကိုင်းရှိုင်းကြပါတယ်၊ဆရာကြီးဦးခင်မောင်သည်..စာရေးသူအပါဝင်သားသမီးတွေကိုညတညမှာဆုံးမခဲ့သော
ယဉ်ကျေးမှုဆိုတာဟူသောစကားလုံးကိုသတိတရရေးသားလိုက်တာပါ။။ဆရာကြီးကယဉ်ကျေးမှုဆိုသည်မှာ......

ဟူသောစကားကိုစတင်ပါတယ်၊ အဘိဓာန်မှာတော့ ကောင်းစွာပြုလုပ်ခြင်း ယဉ်ကျေးဖွယ်ရာပြုလုပ်ခြင်း လူရိုင်းအမူကျင့်နေရာတွင်ကောင်းမွန်သောအမူကျင့်ကိုအစားထိုးခြင်းဟုဖွင့်ဆိုထားတယ်၊ထိုအချက်သည်အထူးအားဖြင့်
လူ့လောက(သို့မဟုတ်)လူမျိုးတစုကိုသာရည်ညွန်းထားခဲ့ခြင်းဖြစ်လေသည်၊တိရစ္ဆာန်နှင့်မခြားသည့်လူ၏တောတွင်းအခြေနေကို
အရိုင်းဟုခေါ်သည်၊ယဉ်ကျေးမှုဆိုသောစကားလုံးမှာထိုအရိုင်းဟူသောစကားလုံး၏ဆန့်ကျင်ဘက်ဖြစ်ပေသည်၊

ဆရာကြီးကတချက်ချင်းရှင်းပြနေတယ်၊စာရေးသူအပါဝင်နားထောင်နေပါတယ်၊စာရေးသူသည်အဲဒီအချိန်က(၁၃)နှစ်သားမျှ
ရှိသေးသည်..ဆရာကြီးကတချက်ချင်း၇ှင်းပြရင်းရှေ့ဆက်ပါတယ်၊သို့ရာတွင်လူတဦး (သို့မဟုတ်)လူ့လောကတခုသည်
ရိုင်းစိုင်းသည်(သို့မဟုတ်)ယဉ်ကျေးသည်ဟုဘယ်လိုသိကြမလဲ....

ဥရောပတိုက်ကလူတွေက,ငါတို့သည်ယဉ်ကျေးသည်,အာရှတိုက်သားတွေဟာအရိုင်းဟု,အထင်ရှိကြသည်၊
ထိုသို့ထင်မှတ်နေခြင်းမှာဥရောပတိုက်သားတွေဟာအာရှတိုက်သားတွထက်အ၀တ်စားပိုမိုဝတ်စားနေခြင်းကြောင့်လော
တချက်စဉ်းစားမိတာပါရိုးရိုးလေးပေါ့၊သှိုသော်လဲအ၀တ်အစားဆိုတာရာသီအလိုက်ပေါ်မှာသာမူတည်တယ်လေအအေးနိုင်ငံများ
သည် အပူနိုင်ငံများထက် ပိုပြီးအ၀တ်ဝတ်ကြသည်၊ထိုအကြောင်းကြောင့်လဲမဖြစ်နိုင်။။

သို့မဟုတ်လျှင် လက်နက်ရှိသူသည်လက်နက်မဲ့သူထက်ပိုပြီးအင်အားရှိသည်ဖြစ်လို့ပိုပြီးယဉ်ကျေးသူ
ဖြစ်မည်လော...ပိုပြီးယဉ်ကျေးသူဖြစ်ဖြစ်မဖြစ်ဖြစ်အားနည်းသူကမူအားကြီးသူကို,ခင်ဗျားမယဉ်ကျေး,ဟုပြောရဲမည်မဟုတ်ပေ။
အင်းအား၇ှိသူကအမျက်ထောင်းထောင်းထပြီးလက်နက်နဲ့ပစ်လိုက်ရင်ပြောသူမှာသေသွားနိုင်တယ်လေ၊

ယင်းကဲ့သို့အနိုင်ကျင့်မှုကိုယဉ်ကျေးသည့်အရာ(သို့မဟုတ်)လိမ္မာပါးနပ်သည့်အ၇ာဟုတွေးတောမည်လော
ကဲ..သားတှိုသမီးတို့ကပြောမယ်ယဉ်ကျေးမှုဆိုသောစကားလုံးမှာသိဖို့ရန်ခက်ခဲပါလားဟုတွေးလိမ့်မယ်၊ဟုတ်ပါတယ်..
ယဉ်ကျေးမှုဆိုသောအချက်ဟုအလွန်ခက်ခဲ့တဲ့ပြဿနာတခုပါပဲ။

အဲဒီအချိန်မှာ..စာရေးသူအမှတ်ရလိုက်တာ ကျော်ဟိန်းကြီးကိုပါ..ကျော်ဟိန်းဇာတ်ကားမှာသူ့ကိုသား
တွေကမေးတယ်၊အဖေ လိမ္မာတယ်ဆိုတာဘာလဲတဲ့..ကျော်ဟိန်းကလဲလူမိုက်ဆိုတော့လိမ္မာတာကိုမသိဘူး၊ကျော်ဟိန်းကြီးကပြန်ဖြေလိုက်ပုံက
ငါ့သားအဖေလိုမမိုက်တာကိုပြောတာထင်တယ်တဲ့...အဖြေလေးကသိပ်လှပါတယ်။

ဆ၇ာကြီးပြောတာကိုဆက်ရေးပါရစေအုံး။ယဉ်ကျေးမှုဆိုတာ ကောင်းစွာပြောဆိုမှု ကောင်းစွာနေထိုင်မှု
ကောင်းမွန်သည့်ပစ္စည်း ကောင်းမွန်သည့် ပန်းချီကားနှင့်စာအုပ်များ သေသပ်လှပသောပစ္စည်းဝတ္ထုများသည်..ယဉ်ကျေး
မှုရဲ့အမှတ်သားဆိုတာမှန်ပါတယ်။သို့သော်..ကိုယ်ကျိုးအတွက်မငဲ့ကွက်ဘဲအများအကျိုးအတွက်အခြားသူတွေနဲ့ပူးပေါင်းပြီး
အလုပ်လုပ်သူ လူတော်လူဖြောင့် တဦးကဆိုခဲ့ပြီးသည့်ယဉ်ကျေးသည့်အမှတ်သားထက်ပိပြီးကြီးသည့်အမှတ်သားဖြစ်ပေသည်၊


တကယ်တော့ယဉ်ကျေးမှုဆိုတာအားလုံးကောင်းကျိုးအတွက်တညီတညွတ်ထဲပူးပေါင်းပြီးအလုပ်လုပ်ခြင်းသည်သာ
အကောင်းဆုံးယဉ်ကျေးမှု့လို့ဆိုနိုင်ပါတယ်,ဟုဆရာကြီးကပြောပြီးဆုံးမပါတယ်။ဆရာကြီးရဲ့ဆုံမစကားရပ်တော့....
မိသားစုအားလုံးထမင်းဝိုင်းပြင်ပါတော့တယ်.စာရေးသူကတော့သံပရာရည်လေးနဲ့သောက်ပြီးပြန်လာခဲ့ရတယ်။
ဆရာကြီးရဲ့ဆုံးမစကားကိုခုတော့ပြန်သုံးသပ်မိပါတယ်။ယဉ်ကျေးမှုဆိုတာလူသားအားလုံးအတွက်အားလုံးပူးပေါင်းပြီးအလုပ်လုပ်နိုင်ဖို့အများအကျိုးအတွက်အလုပ်လုပ်နိုင်ဖို့သာရည်ရွယ်တယ်ဆိုတာသိသွားခဲ့ပါပြီ။။။

ကျေးဇူးပါဆရာကြီး.........ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။။

0 comments:

Enregistrer un commentaire