ဒီနေ့တော့နံပါတ်(၂)အချက်ရေးကြတာပေါ့ နံပါတ်(၂)အချက်ငါးပါးသီလကိုခါးဝတ်ပုဆိုးကဲ့
သို့လုံခြုံရပါမည်စာရှု့သူထဲမှာကောလုံခြုံတဲ့သူရှိသလားစာရေးသူတောင်မလုံဘူးလို့အမှန်ကန်ဆုံး
ဝန်ခံလိုက်တာပါအများဆုံးကျူးလွန်တာကတော့လေးခုမြောက်ပေါ့ကျန်တာတွေတော့လုံပါတယ်
လူလောကထဲနေရတာဆိုတော့တချို့ဟာတွေမကျူးလွန်ချင်ဘဲကျူးလွန်ခဲ့ရတယ်လေအတတ်နိုင်
ဆုံးရှောင်ကြဉ်နိုင်အောင်ကြိုးစားပါတယ်စာရှု့သူတို့လဲတတ်နိုင်သလောက်ရှောင်ကြဉ်နိုင်အောင်
ကြိုးစားပါလို့တိုက်တွန်းချင်ပါတယ်ငါးပါးသီလနဲ့ပါတ်သက်ပြီး==== ဥပမာလေးတခုပြောပြပါမယ် ...... ရှေ့အခါကသူတော်ကောင်းတွေကငါးပါးသိလကိုအသက် လဲပြီးကာကွယ်ကြတယ် ပြောပါမည် ဥပမာလေးကဒီလိုပါအဌသာလိနီအဌကထာမှာလာပါတယ် တခါတုံးကဒကာတယောက်ဟာရဟန်းတပါးဆီငါးပါးသီလယူပြီးပြန်လာတယ်အပြန်မှာသူဟာနွား
ကျောင်းထွက်ရပါတယ်နွားကျောင်းရင်း.... နွားတွေပျောက်လို့သူလိုက်ရှာပါတယ်နွားပျောက်လို့လိုက်ရှာရင်းသူ့ကိုစပါးကြီးမြွေတကောင်
ညှိုးယူခြင်းကိုခံရပါတယ် . .သူရဲ့လက်ထဲမှာဓားတချောင်းပါပါတယ်ညှိုးယူခံရတဲ့သူ့ရဲ့စိတ်မှာသတိတရားမလွတ်ခင်
စိတ်ထဲမှာပေါ်လာတာကစိတ်ရိုင်းလေးတခုပေါ့ သူဟာမြွေကြီးကိုသတ်ဖို့အကြံတွေပေါ်လာခဲ့
တာပါပဲ နောက်ပိုင်းမှာသူစိတ်သူအနိုင်၇နိုင်ခဲ့တယ်သူယူလာတဲ့သီလကိုပြန်အမှတ်ရသွားတယ်
အသက်ပင်သေသေငါဟာငါယူလာတဲ့ငါးပါးသိလကိုအပျက်မခံနိုင်ဘူးဟုစိတ်ကိုထိန်းချုပ်ကာ
စိတ်ကိုပြောင်းပြန်လုပ်လိုက်ပြီးသတ်မည့်နေရာကိုမေတ္တာသုံးလိုက်တယ်မြွေကြီးဟာသူ့စိတ်ကိုသိ
တော့သူ့ရဲ့မာန်တွေချကာငါးပါးသီလလုံခြုံတဲ့သူကအနိုင်ရရှိသွားတယ်သူ့ရဲ့ညှိုးအားတွေလဲ
ဖြေလိုက်ပါတယ် သီလတရားကိုကြောက်လန့်တာလဲပါတာပေါ့.....
စာရှု့သူတို့ကောပါရမီမြောက်အောင်ငါးပါးသီလကိုလုံခြုံအောင်ကြိုးစားကြပါ..
စဉ်းစားပါဗုဒ္ဓဘာသာတွေဟာငါးပါးသီလနဲ့ရင်းနှီးတယ်ဆိုပေမဲ့တကယ်ခက်ခဲတယ့်
တရားတွေဖြစ်လို့ဗုဒ္ဓဘာသာစစ်ဖြစ်ဖို့ဒုတိယမြောက်အဖြစ်ရေးသားလိုက်တာပါနောက်ပြီး
ငါးပါးသီလရဲ့ဂုဏ်ကျေးဇူးတွေကိုလင်္ကာလေးရေးပြီးစပ်ထားတဲ့ဆရာတော်ဦးဃောသိတ၇ဲ့ကဗျာ
လေးကိုရေးလိုက်ပါတယ်ဆက်ပြီးဖတ်ကြည့်လိုက်ပါအုံးနော်..
။။ သူ့သက်သတ်ကာ စီးပွားရှာ ကိုယ်မှာမတည်မြဲ
၊၊၊ ဘ၀တိုင်းလို သက်တမ်းတို မက်ဖိုလ်နိဗ္ဗာန်လွဲ
။။ သူ့ဟာခိုးငြား မကြီးပွား စီးပွားကိုယ့်မှာမဲ့
။။ ဘ၀တိုင်းပ တောင်းစားရ မ၀ရေစာမဲ့
။။ မုသားပြောမှု ကာမေသု ပျော်မှုမရှောင်လွဲ
။။ သြဇာအာဏာ ညံ့ဖျင်းကာ ဖြစ်ရာအရှက်ကွဲ
။။ သူရာအရက် သောက်စားဖက် သေပျက်ခံငရဲ
။။ ဘ၀အသင်္ချေ ရာကုဋေ ဖြစ်လေအရူးပဲ
။။ သီလငါးဖြာ ထို့ကြောင့်သာ မြဲပါနိစ္စစွဲ
ထိုလင်္ကာလေးကိုကြည့်ပြီးငါးပါးသီလကိုလုံခြုံစွာနေထိုင်နိုင်ဖို့ကြိုးစားကြပါ
ပထမသရဏဂုံသုံးပါး ဒုတိယငါပါးသီလကိုယုံကြည်စွာနဲ့ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ပြီးနောက်ဆုံး
အိနြေ္ဒငါးပါးလုံခြုံအောင်နေနိုင်ဖို့နောက်နေ့တင်ပြပါမည်...ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ..

0 comments:
Enregistrer un commentaire