ဗုဒ္ဓဘာသာစစ်စစ်ဆိုတာကဘာလဲဆိုတာပြောကြအုံးစို့ဒီနေ့
ရှေ့ဦးစွာဗုဒ္ဓဘာသာကိုဆန်းစစ်ကြည့်ကြမယ် ဗုဒ္ဓဆိုတာ ဗုဓဓာတ် အပစ္စည်း တိ ၀ိဘတ်ကလာတာပါ ဗုဓ ကသိခြင်းအနက်ထွက်ပါတယ်ဘာတွေကိုသိတာလဲသစ္စာလေးပါးကိုသိတာပါစာရေးသူငယ်ငယ်က
ကျက်ခဲ့ဘူးတယ် သောဘဂ၀ါ ထိုကျွန်ုပ်တို့ဆရာ မြတ်စွာဘုရားသည် ကုတိပိ အီသို့လျင်သစ္စာလေးရပ်တရားမြတ်ကို လူနတ်အများသိထင်ရှားအောင်ဟောကြားထုတ်ဖော်
သိစေသော်မူသောကြောင့်လည်းဗုဒ္ဓွေါ ဗုဒ္ဓမည်ပါတယ်နောက်ပြီးဆရာမကူသယမ္ဘူဥာဏ်ဖြင့်
သိမြင်လို့လဲဗုဒ္ဓမည်ပါသေးတယ် နောက်တခုကအရဟံအစ ဘဂ၀ါအဆုံးကိုးပါးသောဂုဏ်တော်
တို့နှင့်ပြည့်စုံတော်မူသောကြောင့်လဲဗုဒ္ဓမည်ပါသေးတယ် ဘာသာဆိုတာက အယူအဆ
(၀ါ)ပြောဆိုအပ်သောစကား ဗုဒ္ဓနဲ့ဘာသာပေါင်းလိုက်တော့သစ္စာလေးပါးကိုဆရာမကူသယမ္ဘူ
ဥာဏ်ဖြင့်သိမြင်တော်မူသောမြတ်စွာဘုရားရဲ့စကားကို(၀ါ)အယူအဆကိုလိုက်နာတဲ့သူတွေကိုဗုဒ္ဓ
ဘာသာလို့ခေါ်ပါတယ်မြတ်ဘုရားစကားတွေကိုအကြွင်းကျန်မရှိလိုက်နာတဲ့သူတွေကိုဗုဒ္ဓဘာသာလို့
ခေါ်ပါတယ် ဘာတွေကိုလိုက်နာရမလဲစဉ်းစားကြပါအုံးစို့ဆက်ပြီး နံပါတ်(၁) သရဏဂုံသုံးပါးလုံးခြုံရပါမည် နံပါတ်(၂) ငါးပါးသီလလုံခြုံရပါမည် နံပါတ်(၃) ကုနြေ္ဒငါးပါးလုံခြုံရပါမည် သရဏဂုံသုံးပါးတော့ဗုဒ္ဓဘာသာတိုင်းသိပါတယ်လို့စာရှု့သူတွေကပြောပါလိမ့်မယ်မှန်ပါတယ်
သိတာ သိတယ်ဆိုတာလဲယုံပါတယ် သရဏဂုံသုံးပါးကိုတကယ်ယုံကြည်တာလားဆိုတာတော့ဆန်းစစ်ကြည့်ပါအချိန်မေ၇ွးရွက်ဖတ်
ပြီးယုံကြည်သလားဆိုတာကိုးကောဆန်းစစ်ကြည့်ပါလေ ခုရေးနေတုံးပုံပြင်လေးတခအမှတ်ရလို့ကြားဖြတ်ပြောပါစေအုံး တခါကဘုန်းကြီးတပါးနဲ့
ကပ္ပိယတယောက်အလှူတခုသွားကြတယ်လမ်းမှာအမြင်မတော်တာတခုကိုလုပ်နေတဲ့ဘုန်းကြီးတွေ့
တော့ ဘုန်းကြီး ကလိုက်ရိုက်တယ်အရိုက်ခံရတဲ့သူကဘာပြောပြီးအော်တဲ့ပုံစံလေးကိုဆက်ဖတ်ကြည့်ပါအုံး
ဘုရားကယ်ပါတရားကယ်ပါ သံဃာကကောကွာဆိုတော့မပြောဘူးတဲ့သံဃာကလိုက်ရိုက်နေ
တာကိုးလို့ပြောလိုက်တယ် အဲဒီလိုလဲမဖြစ်ပါစေနဲ့တကယ်ယုံကြည်တဲ့သူတွေကတော့
အမြဲရွက်ဖတ်ကြပါတယ် စာရေးသူတို့မော်လမြိုင်က ကျောင်းအမကြီးတယောက်သူ့ရဲ့
မြေးမလေးဆုံးတော့စာရေးသူဆီလာပြီးကဗျာတပုဒ်ရေးခိုင်းပါတယ် စာရေးသူလဲပြောလိုက်ပါ
တယ်မရေးတတ်တဲ့အကြောင်းစာဝါလဲချနေရတဲ့အတွက်မအားပါကြောင်းပေါ့ငြင်းတာပေါ့
နောက်ဆုံးမရတဲ့အဆုံးကဗျာတပုဒ်မရေးတတ်နဲ့ကဗျာတပုဒ်ရေးပေးလိုက်ရတယ်
ကဗျာလေးဖတ်ရအောင်ရေးထည့်ပေးလိုက်မယ် ခေါင်းစဉ်လေးက
==မမေ့သတိအစဉ်ရှိတဲ့==
=========
မနေ့ကငါ တွေ့လိုက်တာက
အူဝဲငိုသံ ဆူဆူညံလို့
တအိမ်သားလုံး ချစ်လိုက်ကြတာ ငါကိုပါ
မနေ့ကငါ တွေ့လိုက်တာ
ပန်းခွေဆင်းထား ခေါင်းတလားနဲ့
ကြေးစီတီးသံ ဆူဆူညံလို့
တအိမ်သားလုံးငိုလိုက်တာလဲငါကိုပဲ
မြင်ကွင်းနှစ်ခု ပေါင်းကာစုတော့
မွေးနေ့သေနေ့ ငါမြင်တွေ့လို့
သံဝေဂဥာဏ် ရင့်သန်ထက်ဖို့
သင်တို့ရှေ့က ငါပြသွားတယ်
မမေ့သတိ အစဉ်ရှိပြီး
နေရစ်ခဲ့ကြလေ
အဲဒီကဗျာလေးရေးပြီး ကျောင်းအမကြီးအားပေးလိုက်ပါတယ်ကောင်းလားတော့မသိပါဘူး
ကျောင်းအမကြီးကပြောပါတယ်အသုဘလာတဲ့သူတွေကများတော့အဆောင်ေ၇က
ငါးရာကျော်သွားတယ်တဲ့သေသောသူကလဲငယ်ငယ်ပဲရှိပါသေးတယ်(၁၈)နှစ်ပါကျောင်းအမ
ကြီးကပြန်ပြီးစာရေးသူကိုလက်ဆောင်လေးတခုပြန်ပေးပါတယ် လက်ဆောင်ကပစ္စည်းဝတ္ထု
မဟုတ်ပါဘူးဒါပေမဲ့တန်ဖိုးကဖြတ်မရနိုင်ပါ ဆက်ပြီးတော့ဖတ်ချင်နေရင်ခဏနေပါအုံးကျောင်းခ
ဏသွားပါအုံးမယ်ကျောင်းကပြန်လာမှပြန်ရေးပါမည်နားလည်ပေးကြပါ.....စာရှုသူအပေါင်း
ဓမ္မစမ်းရေ... သောက်နိုင်ကြပါစေ...

0 comments:
Enregistrer un commentaire