Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

mardi 30 avril 2013

နာဂပူပုံရိပ်လေးများ


                                        
                                  နာဂပူမြို့ရဲ့ကျက်သရေဆောင်ဒိရှဘူမိစေတီမြတ်ကြီး။
                            ဒိရှဘူမိစေတီတော်အတွင်းဗောဓိပင်အောက်တွင်အမှတ်တရ။

                                        
 အတွေးများကိုလန်းဆန်းစေသောမြို့ ၊ ကြည်နူးမှုတွေ ၊ယုံကြည်မှု
တွေကိုပေးသောမြို့၊ လူပေါင်း ငါးသိန်းကျော်တစ်ပြိုင်နက်ဗုဒ္ဓဘာသာသို့
ကူးပြောင်းသော ကမ္ဘာ့အကြီးဆုံး ဘာသာတရားကူးပြောင်းပွဲကြီးကျင်းပ
သောမြို့ ။ 

ထိုမြို့ကား အိန္ဒိယနိုင်ငံ တောင်ပိုင်းကစာရေးသူတို့ကျောင်းတက်ရာ နာဂပူမြို့လေးပင်ဖြစ်၏ ။
အင်္ဂလိပ်လက်ထက် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးနှစ်
နီးပါး ရေးဆွဲပေးခဲ့သော ဒေါက်တာအမ်ဘေဒကာ၏မြို့ ။

ငါသည် ဟိန္ဒူဘာသာဝင်တစ်ယောက်အနေနဲ့ မွေးဖွားလာ၏ သို့သော်ဟိန္ဒူဘာသာဝင်
အဖြစ်နဲ့မသေ..ဟုဒေါက်တာအမ်ဘေဒကာပြောခဲ့၏ ။ပြောသည့်အတိုင်း
နှစ်ပေါင်းများစွာ ကျန်ဘာသာများကိုလေ့လာခဲ့၏ သူသေခါနီးနှစ်လအလို
တွေ့ရှိခဲ့ ယုံကြည်ခဲ့သော ဘာသာကား ဗုဒ္ဓဘာသာပင်ဖြစ်၏။ 

ကုသိနာရုံရှိ မြန်မာဆရာတော်ကြီးထံတွင် သရဏဂုံသီလစောက်တည်ကာ သူနှင့်
တကွ ငါးသိန်းကျော်သောလူတို့ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခဲ့ကြသည် ။
ကမ္ဘာမှာနာမည်ကြီးသော ဘာသာရေးကူးပြောင်းပွဲကြီးလည်းဖြစ်ခဲ့သည်။
 
 ထိုမြို့သို့ ဦးဇင်းတို့ မြန်မာရဟန်းတော်(၂၃)ပါး နာဂပူတက္ကသိုလ်မှာph.D တက်ရောက်နေကြပါတယ်
 လမ်းတစ်လျှောက်မှာလည်း သာသနာ့အလံများစိုက်ထူထားသည်ကို ကြည်နူးဖွယ်
တွေ့ရသည်။

မိမိတို့နိုင်ငံမှာတောင်လမ်းဘေးတချက်ဆီမှာသာသနာ့အလံတွေတတ်ဆင်ထားတာမတွေ့ရပါဘူး ဘာသာခြားတိုင်းပြည်မှာ ဒီလိုအလံများနေ့တိုင်းတွေ့ခဲ့ရလို့ဝမ်းသာပီတိတွေဝေနေခဲ့မိတယ်
တွေ့ခဲပါ၏ မြင်ခဲပါ၏ အရုဏ်ဆွမ်းနေ့ဆွမ်းကပ်ချင်သော အလှူရှင်များကား လုနေပါ၏။ 

ခက်တာကစာရေးသူတို့ကုလားအစားစာမစားနိုင်လို့မသိချင်ယောင်ဆောင်နေလိုက်ရသေးတယ်။ 
သူတို့အတွက်ဒီလိုရဟန်းအများဖူးရဖို့ အင်မတန်မှခက်
ခဲလှပါ၏။ ဦးဇင်းတို့အတွက်လည်း ဗုဒ္ဓဘာသာအများတွေ့ဖို့ခက်ခဲပေ၏။
 

 ညအိပ်ယာဝင်ရင် နေ့ခင်းကတွေ့သမျှအဖြစ်အပျက်
တို့သည် ညအခါ အတွေးများကိုဖြစ်ပေါ်စေသည် ။ ငါတို့မြန်မာနိုင်ငံမှာ
ခဏခဏ ကုလားဗမာအဓိကရုဏ်းတွေဖြစ်သည်၊ ဖြစ်တိုင်းလည်းအဆုံး
ရှုံးတွေများသည်။ 

ဘာသာနှစ်ခု၏ ဆန့်ကျင်ဘက် အယူဝါဒများကြောင့်
၎င်း၊ လူမျိုးခြားသောကြောင့်၎င်း၊ ပြဿနာများဖြစ်ကြ၏။ မြန်မာပြည်မှာ
လွတ်လပ်စွာကိုးကွယ်ခွင့်ရှိ၏ ။ ခရစ်ယန်၊ ဟိန္ဒူ၊ များလည်းရှိ၏ ။လူမျိုး
ခြားသောကြောင့်ဖြစ်သည်ဟုဆိုလျှင် ဟိန္ဒူဘာသာဝင်များနှင့်ပါဖြစ်သင့်
သည်၊ လူမျိုးကြောင့်မဟုတ် ဘာသာနှစ်ခု၏ ဆန့်ကျင်ဘက်အယူဝါဒကြောင့်
ဖြစ်၏၊ 

ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယန်ဘာသာတို့သည် မေတ္တာကိုအခြေခံ
သောကြောင့် တိရိစ္ဆာန်အသက်ကိုပင် သတ်လျှင်အပြစ်ရှိသည်ဟုခံယူ
ကြ၏။ မွတ်စလင်တို့ကား ကျွဲသတ် နွားသတ် ဆိတ်သတ် ကြက်သတ်
သတ်ကြ၏ လည်လှီးသတ် ပူဇော်ကြ ပသကြ၏။ မယားလေးယောက်ယူ
ကာ မွတ်စလင်သားဖောက်၍ ဘာသာပြန့်ပွားအောင်လုပ်၏။ မြန်မာမ
တွေကို ရသလောက်ယူ၏။ ဗလီကိုရသလောက်ဆောက်၏ ။သူတို့လူဦး
ရေများလာသောအခါ တိုင်းရင်းသားအဖြစ်ပေါ်ပေါ်တင်တင်တောင်းဆို
လာကြ၏။

 မြန်မာတို့မကျေနပ် ။ ချကြပြန်၏။ မီးရှို့ကြပြန်၏ ။ကယ်ဆယ်
ရေးတွေလုပ်ရပြန်၏ ။အွန်လိုင်းပေါ်မှာ ဘာသာရေးလူမျိုးရေးတွေတိုက်
ကြပြန်၏။ ကြားနေကာ ဖြန်ဖြေပေးရပြန်၏။ အချိန်တွေကုန်ပါသည်။
ဆုံးရှုံးမှုတွေများပါသည်။ ဖွံ့ဖြိုးတိုးတက်ချင်သော နိုင်ငံကြီးနှောင့်နှေး
ရပါသည်။ 

ဥပဒေအောက်မှာပဲနေစေချင်သည်၊ ဥပဒေကိုလည်းတိတိ
ကျကျဆောင်ရွက်စေလိုသည်၊ လာဘ်စားခြင်းတွေမရှိ၊ ဘက်လိုက်မှု
တွေမရှိပဲ။ ညီညီမျှမျှ ဖြစ်စေချင်သည်။ မွတ်စလင်တွေကို စရိုက်မတူလို့
နှင်ထုတ်လို့လည်းမရပေ။ သူတိုလည်းဒီမြေမှာနေ ဒီရေသောက်ပြီးကြီး
လာသူတွေဖြစ်၏ ။

ဒီမြေမှတစ်ပါး အခြားပြေးစရာမရှိပေ။ အကြမ်းဖက်
ပြန်ရင်လည်း ဗုဒ္ဓ၀ါဒနှင့်မညီညွှတ် ၊။ ဒီလိုပြဿနာမျိုးတွေက နောင်
လည်းဖြစ်ဦးမှာပဲ။ ဒါဆိုဘယ်လို လုပ်မလဲ မှန်ကန်သောအတွေးတစ်ခု
တော့လိုအပ်သည်။ ပြဿနာတိုင်းမှာအဖြေတစ်ခုတော့ရှိနေသည်။
 
 မြတ်စွာဘုရားတရားဟောလိုက်တိုင်း လူပေါင်းများစွာအကျွတ်တရား
ရကြသည်။ အကျွတ်တရားဟူသည် အနည်းဆုံး ဟိန္ဒူဘာသာမှ ဗုဒ္ဓ
ဘာသာဖြစ်လာခြင်းပင်ဖြစ်၏။ တစ်ချို့ အရိယာများပင်ဖြစ်ကြ၏ ။ 

ငါတို့သည် ဗုဒ္ဓ၏တပည့်များဖြစ်ပါလျှက် ဗုဒ္ဓ၏တရားတော်များဖြင့် အကျွတ်
တရားမရသေးသော မွတ်စလင်များကို အကျွတ်တရားရအောင်မဟော
နိုင် မစည်းရုံးနိုင်ဘူးလား။ မွတ်စလင်တိုင်းလူဆိုးမဟုတ်ဘူးဆိုတာတော့
လက်ခံပါ။ 

တစ်ချို့ စည်းပွားရေးလူမှုရေးတွေစသည့်အကြောင်းအမျိုးမျိုး
ကြောင့် မိမိဘာသာကိုမစွန့်နိုင်သော်လည်း ဗုဒ္ဓဘာသာကိုလက်ခံယုံ
ကြည်သော ဘာသာခြားများရှိနေသည်ဆိုတာကို ယုံကြည်ပါ။ သူတို့
ကိုနွေးနွေးထွေးထွေးဆက်ဆံပါ ကြိုဆိုပါ။ 

တစ်ချို့မွတ်စလင်များသည်ဗုဒ္ဓဘာသာခံယူထားသူများထက်ပင် ဗုဒ္ဓတရားတော်များကိုပို၍သိသည်။
ရဟန်းတော်များနှင့်ပင်တရားဆွေးနွေးနိုင်သည်ကို ကိုယ့်တွေ့ကြုံဖူးသည်။
ဘုရားသာသနာမကုန်သေးသည့်တွက် ကျွတ်တန်းဝင်မည့်သတ္တ၀ါတွေ
ကျန်နေသေးသည်။ 

သူတို့လည်းကျွတ်တန်းဝင်မည့်သတ္တ၀ါထဲတွင်ပါသည့်အတွက် စည်းရုံးကြပါ သာသနာပြုကြပါ။ အောက်ကပုံကိုကြည့်ပါကုလားရုပ်ကြီးနဲ့ ဗုဒ္ဓဘာသာဖြစ်နေကြသည်။ 

မွတ်ကုလားတွေလည်းဗုဒ္ဓဘာသာဖြစ်လာကြမည်ဆိုလျှင်သို့မဟုတ် အခြားဘာသာတွေလိုမေတ္တာတရားကိုလက်ကိုင်ထားကြမည်ဆိုရင်။
ဗုဒ္ဓသာသနာတော်ကြီးလည်းနေလိုလလိုထွန်းလင်းတောက်ပမည်တကမ္ဘာလုံးလဲအေးချမ်းမည်။

သတ္တ၀ါတွေလည်း သံသရာဝဋ်ဆင်းရဲကလွတ်မြောက်မည်။ မြန်မာနိုင်ငံကြီးလည်း ပြိုင်တူတွန်းလျှင်
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးဆီသို့ရွေ့လာလိမ့်မည်။
တရုပ်အမေရိကန်ရုရှားတို့သည် မြန်မာနိုင်ငံကို မော်ကြည့်ရပေလိမ်မည်။..။ 

စီးပွားရေး လူမှုရေး ပညာရေး ကျန်းမာရေး အားကစားနှင့်
ဘာသာရေးနယ်ပယ်တို့တွင် ကမ္ဘာ့ထိပ်တန်းဖြစ်လာလိမ့်မည် ။
သူငယ်ချင်းတယောက်ရေးထားတာလေးပြင်ထားလိုက်တာပါ။ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။။။
စမ်းရေတို့သည် ပူပျင်းလှတဲ့အိန္ဒိယရဲ့နွေအခါတောင် သတ္တိရှိရှိယိုစိမ့်ကာစီးဆင်းနေလေရဲ့....

ကမ္ဘာအလှပဆုံးအဆင်းတန်ဆာ


ကမ္ဘာမှာအလှအပဆုံးတန်ဆာတွေမြောက်များစွာရှိပါတယ်သို့သော်သီလတည်းဟူသောအဆင်းတန်ဆာကို
မှီရန်မဖြစ်နိုင်ပါသီလတည်းဟူသောအဆင်းတန်ဆာသည်မိမိကိုယ်သာအလှအပဆုံးတန်ဆာဆင်နိုင်သည်
မဟုတ်တလောကလုံးကိုလှပအောင်တန်ဆာဆင်နိုင်စွမ်းရှိပါတယ်။

 မြင်ရသူအပေါင်းကိုလဲစိတ်ကိုအေးမြကြည်လင်စေ၏ မိုင်ပေါင်းထောင်ပေါင်းများစွာကလည်း သီလရဲ့ရနံ့ကိုရစေနိုင်၏ လောကလူတွေပြောကြတယ် ပန်းသတင်းလေညှင်းဆောင်တဲ့ ပန်းတို့၏ရနံ့ဟာ လေညှာကိုမသွားနိုင်ပါ လေအောက်မှာသာဆောင်နိုင်ပါတယ်။ 

သီလရဲ့ရနံ့ကတော့လေအောက် လေညှာမရွေးပါ တကမ္ဘာလုံးကလူတွေအလှပဆုံး အမွှေးပျံ့ဆုံးရနံ့ကိုပေးနိုင်ပါတယ် ဒါကြောင့်ရှေးပညာရှင်တွေက လှပချင်သူတွေအတွက်အဆိုပြုကြတယ် 

သီလလုံခြုံအောင်နေကြပါ၊သီလလုံခြုံသောသူနဲ့စိတ်ထားမြင့်မြတ်သူတွေအတွက်အသားရေဟာ
စိုပြည်ဝင်းပလာတယ်ထိုသူ၏မျက်နှာတော်ဟာတရိပ်ရိပ်တက်နေသောနေ၀န်းတရိပ်ရိပ်တက်နေသော
 လပြည့်နေ့ရဲ့လ၀န်းပမာကျက်သရေရှိလှ၏။ 

သီလမရှိသောသူ ဘယ်လောက်ပင်လှပအောင် ရောင်စုံကာလာတွေနဲ့ချယ်သစေကာမူ မိမိရဲ့စိတ်ထားလေးကမပြုမပြင်ဘဲနေမယ်ဆိုရင်မိမိရဲ့မျက်နှာတော်လေးဟာပုပ်သိုးနေမည်မှာ
အသေချာပင်ဖြစ်၏ပုပ်သိုးနေတဲ့အရာဝတ္ထုကိုအဘယ်သို့သောပုဂ္ဂိုလ်များကြိုက်နှစ်သက်သည်
ဟုကြားဘူးသလဲ်?

သီလမရှိသောသူဟာမျက်နှာတော်မှာသာပြသသည်မဟုတ်ကိုယ်ရနံ့လေးကလည်းပြသတာပါပဲ
အဘယ်မျှလောက်သောအကောင်းစားရေမွေးအသုံးပြုထားသော်ငြားလည်း ချွေးထွက်လာသည့်
အခါနံ့စော်နေတဲ့ရနံ့ကိုပြန်လည်ပြီးခံစားကြရတာပါပဲ။ 

ပညာရှိသူတော်ကောင်းတွေကသီလမရှိသောသူရဲ့ရနံ့ဟာထောင်ပေါင်းဝေးကွာသောအရပ်ကနံစော်ကြတယ်
ဟုဆိုတယ်ထောင်ပေါင်းများစွာဝေးကွာသောအရပ်ကမိမိရဲ့မကောင်းတဲ့ရနံ့ကိုမခံနိုင်လို့ရှောင်ပြေးကြရတယ်တဲ့၊

ဒီအတွက်ကြောင့်မို့ သီလရဲ့အဆင်းတန်ဆာဟာပျိုပျိုအိုအို အရွယ်မရွေး လူမျိုးမရွေး ဘာသာမရွေး ဆင်မြန်းနိုင်သော အလှအပဆုံးအဆင်းတန်ဆာဟာသီလပါပဲ ဒီအဆင်းတန်ဆာဘယ်မှာမှရှာစရာမလိုပါ မိမိရဲ့ခန္ဓာထဲမှာတွေ့နိုင်ပါတယ်။

                စောင့်စည်းရဲ့မည့်သိက္ခာပုဒ်တွေကအများကြီးလား မများပါဘူး သုံးခုထဲပါ 

မကောင်းသောအပြုအမူလုပ်တော့မယ်ဆိုရင်ထိန်းလိုက်ပါ မလုပ်မိအောင် 

မကောင်းသောစကားကိုပြောတော့မယ်ဆိုရင် ထိန်းလိုက်ပါ မပြောမိအောင် 

မကောင်းသောအကြံတခုမိမိရဲ့စိတ်ထဲမှာရောက်လာပြီဆိုရင် မကြံစည်မိအောင်ထိန်းချုပ်ပါ

ဒါဆိုရင် သီလရှိသောသူဖြစ်သွားပါပြီသီလရှိသောသူဖြစ်သွားရင်ကမ္ဘာမှာတန်ဖိုးအရှိဆုံးအဆင်းတန်ဆာထဲမိမိပါသွားပြီ
ဖြစ်တဲ့အတွက်ဘာအရောင်ကာလာတွေနဲ့မှချယ်သစရာမလိုတော့ဘူးမိမိဟာအလိုလိုလှပနေပြီးသားဖြစ်နေပြီ။ 

သီလရဲ့အဆင်းတန်ဆာဟာအိုးမင်းသည့်တိုင်အောင်စိတ်ချမ်းသာအေးမြစေပြီးကျက်
သရေအရှိဆုံးအဆင်းတန်ဆာလို့လဲပြောလို့ရပါတယ်၊

ဒါကြောင့်မဃဒေဝမှာခုလိုစပ်ဆိုထားပါတယ်

 သီလရတနာ မြတ်တန်ဆာလည်း သတ္တဝါခပင်း မင်းဆင်းရဲသား မပိုင်းခြားဘူး
 လေးပါးမျိုးနွယ် ကြီးငယ်မဆို ရွယ်ပျိုရွယ်ရင့် ဆင်တိုင်းတင့်၏။

နောက်ပြီး ကမ္ဘာကျော် မဟာစည်ဆရာတော်ကလည်းခုလိုစပ်ဆိုခဲ့ပါသေးတယ်၊ 

သီလရနံ့ မွှေးပျံ့ကြိုင်စွာ သီလဆင်းသိုင်းရှု့တိုင်းလှပါ 
သီလစောင့်ငြား မလားပါယ်ရွာ မြတ်သီလနိစ္စကိုးကွယ်ရာတဲ့။

ကဲ့ စာရှု့သူတို့လှချင်မှာပါ စာရေးသူလည်းလှချင်တာပါပဲ ဒါကြောင့် မိမိကိုယ်ကိုအလှပဆုံးနည်းပညာတွေ့ပြီဆိုတော့ ပြင်ဖို့က ကိုယ်တာဝန်လေ 
 နည်းပညာရှိလျက်နဲ့အဲဒီနည်းပညာကိုအသုံးမပြုဘူးဆိုရင် ဘယ်သူအပြစ်လဲစဉ်းစားကြည့်ပါ 

အဌသာလိနီအဌကထာမှာတော့ခုလိုဥပမာပေးထားတယ် မစင်ပေနေသောခြေထောက်ကိုသန့်စင်စေတာရေပဲ ရေရှိလျက်နဲ့မစင်ကိုမဆေးကြောဘူးဆိုရင်
 ရေရဲ့အပြစ်မဟုတ်ဘူး မိမိရဲ့အပြစ်တဲ့ ခုလဲလှပအောင်ဆင်မြန်းပေးတဲ့နည်းပညာတွေ့ပြီ နည်းပညာကိုမသုံးမပြုရင်ကိုယ့်အပြစ်ပဲလေ…………ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ။။

dimanche 28 avril 2013

ဘယ်လိုမျိုးပုဂ္ဂိုလ်ကိုလူလို့ခေါ်ဆိုသလဲ?


မနုဿတ္တဘာဝေါဒုလ္လဘောဆိုတဲ့ တရားတော်မှာ မနုဿ လို့ ဟောတော်မူခဲ့၏ မြန်မာလိုအဆို လူ ဖြစ်တယ်လို့ ဆို၏၊လူသားပေါ့။မြတ်စွာဘုရားက ဘာကြောင့် လူ လို့ ခေါ်သလဲ? 

မနုဿမှာ ပါဠိစကားနှစ်ခု ဆက်ထားသော မာနရယ်၊ ဥဿရယ်၊ မန နဲ့ ဥဿတွဲတော့
မနုဿ ဖြစ်သွား၏။ မနဆိုတာ စိတ်၊ ဥဿဆိုတာ မြင့်မြတ်တာ၊ စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ် ဟူ၍ဆို၏။
   

 သာရတ္ထဋ္ဋီကာ ကျမ်းမှာ မနုဿရဿန္နတာယမနုဿ - စိတ်ထားမြင့်မြတ်သောကြောင့် မနုဿ ဟုခေါ်ဆိုထား၏။ စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်မှာ
အရည်အချင်း(၃)မျိုးရှိ၏။


(၁) သူရော - ရဲစွမ်းသတ္တိရှိခြင်း၊

(၂) သတိမန္တော - သတိတရားနဲ့ ပြည့်စုံခြင်း၊ 

(၃) ဗြဟ္မစရိယ၀ါသော - မြတ်သောအကျင့်ကိုကျင့်ကြံနိုင်ခြင်း ဟူ၍ ဖြစ်သည်။ 

မနုဿ-လူသားမှန်လျှင် ရဲစွမ်းသတ္တိ ရှိရမည်၊သတ်ဖြတ် တိုက်ခိုက်၊ ခိုးဆိုး၊ဆဲဆိုရဲသော အရာကိုပြောသည်မဟုတ်။ 

ဒါနပြုတဲ့နေရာ၊ သီလဆောက်တည်တဲ့နေရာ၊ ဘာဝနာတရားအားထုတ်တဲ့နေရာ
တွေမှာ နောက်မတွန့် ပဲ ရဲစွမ်းသတ္တိရှိခြင်းမျိုးကို ဆို၏၊မနုဿလူသား မှန်လျှင် သတိတရားရှိရ၏။ ကိုယ့်စိတ်ကို သတိထားကြည့်ရ၏ ကိုယ်တိုင် ဘာကြံ
တွေးတောနေသည်ကို သတိထားရင် သိတက်၏။ 


စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေဟာ သမ္မဇဉ်ဥာဏ် နဲ့  အမြဲသတိထားပြီတော့ မကောင်းတာ မကြံစည်ဘဲ ကောင်းတဲ့အရာကိုသာကြံစည်ပြီး ကောင်းတဲ့တရားကိုသာ ကျင့်ဆောင်၏။

မနုဿလူသားမှန်လျှင် မြတ်သောအကျင့်ကိုသာ ကျင့်သုံးရ၏၊နိဗ္ဗာန်ရောက်ကြောင်းတရား၊ သတိပဋ္ဌာန်တရား၊ မဂ္ဂင်ရှစ်ပါး စတဲ့ ဗောဓိပက္ခိယတရား
(၃၇)ပါးကို ကျင့်သုံးရ၏။ 


ကမ္ဘာ့လူဦးရေ ဘယ်လောက်တိုးတိုး ဒီအရည်အချင်းမျိုးရှိမှ မနုဿ စာရင်းဝင်၏။ လူဖြစ်ဖို့ လွယ်ပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဒါနဲ့  မှတ်ကျောက်တင်ကြည့်ပါ။ 

မနုဿလို့ ခေါ်တဲ့ လူနည်းနည်းပဲရှိပါတယ်။ မနုဿ မဟုတ်တဲ့ သူတွေဟာ အမနုဿ တွေပါ။ လူနဲ့ ပုံသဏ္ဍာန်တူပေမယ့်မနုဿလူစစ်မဟုတ်ကြပါ။ အမနုဿလူတွေပါ။      

                                                                            ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ

vendredi 26 avril 2013

Obligations for parent and children


            The Buddha’s compassion saw to it that no being exists alone. The world community is a society of beings utterly dependent upon one another. We can do nothing unless we are committed to each other. As human beings we are unique in our ability to see and do what is good and shun what is bad. We can choose to realize this in our speech and action.
                        
We are able develop our inner purity and strength to give, in all our relationships, what if needed by others, We can create a safe and serene society in which we grow.

The basis of all human society is the intricate association between parent and child. A mother’s duty is to love, care and protect the child, even at extreme cost. This is the self-sacrificing love that the Buddha taught. It is practical, caring and generous and it is selfless.
    
Buddhists are taught that the parents care for the child as the earth itself cares for all the parent and creatures. To be filial to the parents and to show respect and care for them is one of the noblest spiritual obligations that a child could shower on his parents. This is fundamental connection that cannot be ignored.
     
 If we give, we give unselfishly, without counting the cost, yet we should give wisely-both as children and parents. Mutual love and respect should be cherished above all things.

Loving kindness is taught by the Buddha as the highest human feeling. All beings live in a world where none can survive without supporting and being supported by others. This is a disciplined and practical way of life for all.

In his discourse, the Buddha has listed certain primary duties and function as essential guide-lines for parents to observe. One of the primary guide-lines would be, by parent, practice and action to lead the children away from things that one evil and through gentle persuasion, to guide them to do all that is good for the family, for society and for the country.

In this connection, parent would have to exercise great care in dealing with their children. it is not what the parents but what they really are and do, that the child absorbs unconsciously and lovingly. The child’s entry to the world is moulded by emulating parental behaviour. It follows that good begets good and evil begets evil.

      A child should be taught to be unselfish and to be able to rejoice in the welfare and well-being of others. They should be guided to resist any impuise that tends to harm others by cruelty, anger or hatred.

          A child should learn to honour other people’s rights and to protect his own, yet be generous enough to be charitable to give freely and wisely. A child should be shown the way to be honourable and pure in word and deed in all relationships and to uphold fidelity as a virtue to be prized.

       He should respect and honour the traditional values cherished by a family and should never give way to temptation or seduction that might disrupt the sanctity of a family. In speech and action, a child should be truthful, polite, kind, just and sensible.

         With such attributes, a child would definitely be a asset to society. A child should be guided to show respect for the aged and towards authority, not out of fear but out of a sense of obligation and duty.

   Coming to adulthood, the age-old parental duty would be to find a suitable wife for the grown-up child. This was the tradition that existed long ago. However with the passage of time and in accordance with moderm trends, such parental duties have been eroded to a great extent that it is now customary for the present day young man to look for his own life partner. The highest gift a man can earn is a good wife.

               One other guide-line enunciated by the Buddha is that the parents should hand over, at an appropriate time, their inheritance to their children. This question of inheritance should definitely be a welcome tradition that no young man is likely to reject but would look forward to with keen and happy anticipation – to play a leading role in the family and in society.

Apart from the guide-lines given in regard to parental duties towards their children, the Buddha has enunciated some useful injunctions or obligations that the children should uphold in respect of their relationships to their parents.

The parents, after completing their parental duties and functions their children, would, in due time, retire or withdraw from the active scene as dictated by nature through old-age or other incapabilities.  By a gradual process of evolution and smooth handing over, the child would soon assume the mantle of responsibility by taking over the onerous family duties from the aged parents, to continue with the family tradition, from one generation to another.

                     In this respect, the young adult who has assumed his new functions, should remember that one of his prime obligations is to care, look after, support and provide for the daily needs of his aged parents. Just as parents have provided for them in their young days, it is now the duty of the young adults to render their filial duties to their parents and to maintain honourable family traditions, by skill and diligence, guarding carefully the family inheritance for the good and well-being of all in the family.

The young adult should act in such a manner as to gain respect and to be worthy of his inheritance. The duties towards parents should continue, even if the parents are no more alive in that a child is expected to perpetuate the name of the parents in the performance of certain spiritual relationships.

            The obligations between a child and a parent, husband and wife, student and teacher, friend and companion, are associations that should be developed gradually, not by force or coercion but by generosity and accommodation, not by threat or harsh words, but by politeness and kindness, followed by soft and gentle speech, in a life of dedication and devoted service for the well-being of one another. The tranquility of the mind arises from purity of word, action and though, and clarity of compassionate understanding arise from unshakeable tranquility. These are basis essentials for a happy family and a happy society.

                   An occasion is recorded when certain sons fulfilled none of the duties prescribed, rather they followed the course taken by the children of Shakespeare’s lear. The story is told in Samyutta Nikãya where an elderly and once wealthy Brahman, coarsely dressed and very weary, visited the Buddha at sãvatthi. He stated that he has four sons who, with their wives, had put him out of their houses. The Buddha advised him to recite the following verses when the populace had assembled in their local hall.

                              Those in whose birth I took delight,
                            
                               For whose existence I had longed,
                                
                               They now together with their wives,
                               
                                Reject me as one would a hog.
           
                             Wicked, contemptible are these
                                  
                             Who spoke familiarly like sons,
                                  
                              Yet far from filial care of me
                                  
                              Now leave me, aged and alone.

                                 
                              Just as a worn-out horse is forced
                                  
                             Away from food and driven from his shelter,
                                    
                             So do these children drive away their father
                                  
                             To beg for alms at other people’s doors.

                                   
                              Better a stick, I say, would be
                                     
                              Than disloyal sons estranging me,
                                     
                              At least it keeps away an ox
                                     
                              Or drive away a pariah dog.

                                   
                              Yet-once bewildered, in the dark,
                                   
                               Now I have gained a solid hold.
                                     
                               Supporred firmly by the hold,
                                      
                              Though once I stumbled, now I stand.

The aged Brahman followed the Buddha’s advice and his sons amended their behavior.

For reward for keeping the rules of conduct, there is given the case of Sakka, ruler of devas. Sakka, when a man, declared he would observe the following seven conditions: he would maintain his parents, revere the head of the family, use gentle language, speak no slander, with a mind free from stain conduct himself in his home with generosity, delighting in renunciation, be willing to listen to petitions, and delight in sharing gifts, speak the truth, and not give way to anger, if anger should arise in him he would repress it quickly. As a result of so living and conducting himself, the Tãvatimsa devas conferred on him the name “Good man” and in due course he became the ruler of the devas.။။။။။

                                                                  ဓမ္မစမ်းရေသောက်သုံးနိုင်ပါစေ