လောကလူတွေ
မြင့်တဲ့သူကလည်းနိမ့်သူကိုအနိုင်ကျင့်ကြတယ်မခံနိုင်တော့ပြန်ပြောကြပြဿနာတွေဖြစ်ကြ
တကယ်တော့မြင့်သူကလည်းနိမ့်သူကိုလေးစားနိမ့်သူကလည်းမြင့်သူကိုရိုသေနားလည်မှုလေးတွေနဲ့
ဘဝကိုဖြတ်သန်းရတာပိုပြီးအဓိပ္ပါယ်ရှိပါတယ်။
ခေါင်းဆောင်နဲ့အာဏာရှင်နဲ့ပါတ်သက်ပြီးငယ်ငယ်ကဖတ်ခဲ့ဖူတဲ့စာသားလေးရှိဖူးတယ်မှတ်မိ
သလောက်ရေးကြည့်လိုက်မယ်
အလုပ်ရှင်က အခွင့်အာဏာကိုအားကိုးတယ်၊
ခေါင်းဆောင်ကစေတနာကိုအားကိုးတယ်။
အလုပ်ရှင်က အကြောက်တရားနဲ့
ချောက်ခိုင်းတယ် ၊ ခေါင်းဆောင်က မေတ္တာတရားနဲ့ဦးဆောင်တယ်။
အလုပ်ရှင်က ငါလို့ပြောတယ်
ခေါင်းဆောင်က ငါတို့ လို့ပြောတယ်။
အလုပ်ရှင်ကအလုပ်ပြီးသွားပုံကိုပြတယ်ခေါင်းဆောင်ကအလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပေးတယ်။
အလုပ်ရှင်က
ရိုသေလေးစားဖို့ အမိန့်ပေးတယ် ခေါင်းဆောင်က လေးစားထိုက်ရန် စံပြနေထိုင်တယ်။
တကယ်တော့လူတွေကစိတ်အမိုက်ကြောင့်သိပ်မိုက်ကြတယ်စိတ်ကြမ်းတော့လူတွေပါရမ်းတတ်ကြတယ်.
...စိတ်ကြမ်းတော့လူတွေပါကြမ်းလာကြတယ်လူတွေကပစ္စည်းအမှိုက်ကိုမကိုင်ချင်အောင်ရွံရှာစွန့်ပစ်ကြတယ်။
စိတ်ထဲမှာရှိနေတဲ့ လောဘ ဒေါသ မောဟ မာန
မနာလိုမှု အမှိုက် ကိုတော့ စွန့် မပစ်ကြဘူး.....
သိမ်းထားနေကြတယ်တကယ်တော့စိတ်အမှိုက်
ကို ထိပ်တိုက်ရှင်းရမှာ....
စိတ်အမှိုက်ကိုထိပ်တိုက်ရှင်းနိုင်အောင်စိတ်မနော၊စိတ်သတ္တိစိတ်ရဲ့လျှိုဝှက်ချက်တွေကိုသိ
ထားရမှဖြစ်မယ်ပထမဆုံး
ကိုယ့်စိတ်သဘောကို ကိုယ်သိအောင် ကြိုးစား ရမယ်။
ကိုယ်စိတ် ကိုယ်သိ
၊အမှားကိုကြည့်မြင်နိုင်မှ စိတ်အမှိုက်ကို ထိပ်တိုက်ရှင်းနိုင်မှာပါကိုယ် စိတ်
ကိုသိ အမှားကြည့်နိုင်မှ လောကကြီး နဲ့ကိုယ်ဟာ စိတ်ထားတွေ အဆင်ပြေလာပါလိမ့် မယ်။
အတွင်းစိတ်က စိတ်မိုက်၊ အပြင်စိတ်က
အလိမ္မာ ဒါတွေကိုသေချာ သိလာတဲ့အခါ
စိတ်ကိုနေသားတကျ
ထားတတ်လာမှာသေချာပါတယ်...
လူ တစ်ယောက်မှာ စိတ်က
အကြီးအမှူး၊ဦးစီးဦးကိုင် ဖြစ်တဲ့ အတွက် မိမိ အလိုရှိတာ လိုလားတာ
ချမ်းသာသုခနဲ့တိုးတက်ကြီးပွားမှု့တွေအတွက်ပထမဆုံးလိုတာကစိတ်ကိုနေရာတကျ
အသုံးချတတ်ရန် ခြွင်းချက် မရှိ အရေးတကြီးလိုအပ်တာကို သိရှိထားရမှာဖြစ်ပါတယ်။
စိတ်ကိုနေရာတကျမထားတတ်သေးတဲ့သူကဘယ်လို၊ဘယ်နေရာမှ
အဆင်ပြေနိုင်မှာမဟုတ်ပါဘူး၊
စိတ် မငြိမ် ရင် လူလဲမငြိမ်နိုင်ဘူးမကောင်းမှု
အကုသိုလ်များက စိတ်မငြိမ်မှု့ ကြောင့်ဖြစ်ကြတာပါ.....
စိတ်ရှည် သီးခံမှု့ ကတော့ ငြိမ်းချမ်းမှု
့နဲ့ အောင်မြင်မှု့ ပါပဲ။
ဒါကြောင့်
….စိတ်ကြောင့်ပဲ လူတွေချမ်းသာကြတယ်
စိတ်ကြောင့်ပဲ လူတွေဆင်းရဲကြတယ်
စိတ်ကြောင့်ပဲ လူတွေရုပ်လှကြတယ်
စိတ်ကြောင့်ပဲ လူတွေရုပ်ဆိုးကြတယ်
စိတ်ကြောင့်ပဲ လူတွေပညာတတ်ကြတယ်
စိတ်ကြောင့်ပဲလူတွေ ပညာမဲ့ကြတယ်
စိတ်ကြောင့်ပဲလူတွေ လူလိမ်လူကောက်တွေဖြစ်ကြတယ်
စိတ်ကြောင့်ပဲ သူတော်သူကောင်းတွေဖြစ်ကြတယ်။
တကယ်တော့အရာရာစိတ်ပါပဲလား။ မြင့်သူကလည်း မိမိရဲ့စိတ်ကိုထိန်း အနိုင်မကျင့်နဲ့ နိမ့်သူကို နိမ့်သူကလည်းမြင့်သူကိုတရိုတသေဆက်ဆံဘဝဟာပျော်ရွှင်စရာပါ။
စိတ်ကြောင့်ပဲ လူတွေဆင်းရဲကြတယ်
စိတ်ကြောင့်ပဲ လူတွေရုပ်လှကြတယ်
စိတ်ကြောင့်ပဲ လူတွေရုပ်ဆိုးကြတယ်
စိတ်ကြောင့်ပဲ လူတွေပညာတတ်ကြတယ်
စိတ်ကြောင့်ပဲလူတွေ ပညာမဲ့ကြတယ်
စိတ်ကြောင့်ပဲလူတွေ လူလိမ်လူကောက်တွေဖြစ်ကြတယ်
စိတ်ကြောင့်ပဲ သူတော်သူကောင်းတွေဖြစ်ကြတယ်။
တကယ်တော့အရာရာစိတ်ပါပဲလား။ မြင့်သူကလည်း မိမိရဲ့စိတ်ကိုထိန်း အနိုင်မကျင့်နဲ့ နိမ့်သူကို နိမ့်သူကလည်းမြင့်သူကိုတရိုတသေဆက်ဆံဘဝဟာပျော်ရွှင်စရာပါ။
(ဓမ္မစမ်းရေ)
0 comments:
Enregistrer un commentaire