လောကရှိလူသားအားလုံးအလှတရားကိုခုံမင်ကြသည်။တပ်မက်ကြသည်။လူသားတိုင်းတစ်နည်းမဟုတ်
တစ်နည်းဖြင့်အလှပြင်၊အလှဆင်
နေကြသည်မှာဓမ္မတာပင်ဖြစ်သည် တပါးသူက
ကိုယ့်ကိုယ့်ကိုညီမကနန္ဒာလှိုင်နဲ့တူတယ်နင်ကသိပ်ပြီးနုတာပဲမထင်ရဘူးနော်လို့ပြောလိုက်
ရင်ပျော်နေသရောင်ခံစားမိတယ်။
ခေတ်ကာလရေစီးကြောမှာအလှပြင်ပစ္စည်းများနေ့စဉ်မျိုးစုံထွက်လျက်ရှိနေသည်။ခေတ်မီ
ပစ္စည်းမျိုးစုံဖြင့်မရိုးနိုင်အောင်အလှပြင်နေသည်ကိုလည်း
တွေ့ရမည်ဖြစ်သည်။
ဤကဲ့သို့အလှပြင်ကြသည်မှာယခုခေတ်၌သာမဟုတ်မြတ်စွာဘုရားရှင်လက်ထက်တော်က
တည်းကရှိနေခဲ့ပြီးသားပင်ဖြစ်သည်၊သို့သော်ခုခောတ်လိုပြင်ကြဆင်ကြသည်တောမဟုတ်
မိမိရဲ့အလှကိုမိမိကုသိုလ်ကောင်းမှုဖြင့်ပြုပြင်ကြတယ်ဒီလိုမျိုးလူတိုင်းအလှပြင်စေချင်သည်
မှာမြတ်စွာဘုရားရှင်၏ဆန္ဒတော်ဖြစ်သည်။
မြတ်စွာဘုရားရှင်ကလူတွေသာမကရဟန်းတော်တွေကိုလည်းအလှပြင်စေခဲ့သည်။
ရဟန်းတော်တွေအလှပြင်ခိုင်းပုံနှင့်ပတ်သက်လို့စကားပုံတစ်ခုတောင်ကျန်ခဲ့သည်။
“ရဟန်းအဆင်း
ကျောင်းတလင်း”ဆိုပြီးတော့ပေါ့ကြားဖူးမယ်ထင်ပါတယ်။
မြတ်စွာဘုရားရှင်လက်ထက်တော်က ရဟန်းတော်တစ်ပါးသည်
မိမိတံမြက်စည်းလှည်းထားသော၊ မိမိအလှပြင် အလှဆင်လိုက်သော ကျောင်းတလင်းကိုကြည့်ပြီး
ကြည်နူးစိတ်ဖြစ်ကာ မဂ်ဖိုလ်ရခဲ့သည်။
မိမိပြုပြင်လိုက်သော အလှတရား၏
အကျိုးကျေးဇူးကြောင့်ဖြစ်သည်။ ရဟန်းတော်များ၏ အလှပြင်နည်းဆိုပါတော့။မိမိပြုလုပ်လိုက်တဲ့အလုပ်ဟာမိမိတပါးသူကြည်နူးပီတိဖြစ်စေရင်
အဲဒီအလုပ်ဟာကုသိုလ်အလုပ်ပါဒါကြောင့်ကျောင်းမှာတင်မဟုတ်ပဲ
မိမိရဲ့အိမ်မှာသန့်ရှင်းသန့်ရပ်နေရင် အိမ်လာသူလူအပေါင်းကို ကြည်နူးပီတိကိုဖြစ်စေလို့ကုသိုလ်ရနေပါတယ်။
အမျိုးသမီးတို့ရဲ့ အလှပြင်နည်းကိုလည်းရှာဖွေကြည့်ရှုမိလိုက်တော့အလှပြင်လိုက်မှ ထူးထူးခြားခြားလှပသွားသောအမျိုးသမီးတစ်ယောက်ကို တွေ့ရသည်။သူမနာမည်ကတော့
အမျိုးသမီးတို့ရဲ့ အလှပြင်နည်းကိုလည်းရှာဖွေကြည့်ရှုမိလိုက်တော့အလှပြင်လိုက်မှ ထူးထူးခြားခြားလှပသွားသောအမျိုးသမီးတစ်ယောက်ကို တွေ့ရသည်။သူမနာမည်ကတော့
“ရောဟိနီ”မင်းသမီးရယ်ပါ။
အလှပဂေးသူမရဲ့သမိုင်းကိုရှာဖွေလိုက်တဲ့အခါမှာသူမသည်
သာကီဝင်မင်းသမီးတစ်ပါးပေါ့။ မရှိမုန့်စားခဲ့ရသောနာမည်ကြီးထေရ်ရှင်အရှင်အနုရုဒ္ဓါမထေရ်မြတ်ရဲ့နှမတော်ပါ။
ညီမဖြစ်သူမှာ နူနာရောဂါရှိနေလေသည်။
အကိုမထေရ်မြတ်ကြွလာတာတောင်
ရှက်လို့ထွက်၍ မဖူးမြော်ခဲ့။ အကိုထေရ်ရှင်ကခေါ်ခိုင်းမှသာ လာရောက်ဖူးမြော်ခဲ့သူပါ။
အရှင်မြတ်ကညီမ၏လက်ဝတ်တန်ဆာတို့ကိုရောင်းချပြီးဆွမ်းစားကျောင်းဆောက်ဖို့နှင့်
တံမြတ်လှည်းခြင်းစတာတွေလုပ်ဖို့စေခိုင်းခဲ့တယ် မင်းသမီးသည်ဆွမ်းစားကျောင်းဆောက်ပြီးသူမကိုယ်တိုင်
တံမြတ်စည်းလှည်းခြင်း၊နေရာခင်းခြင်း၊သောက်ရေဖြည့်ခြင်းဆိုတာတွေကိုပြုလုပ်ခဲ့ပါတယ်။
ကျောင်းရေစက်ချသောအခါမှာလည်းမလာရောက်ခဲ့ပါဘူး၊မြတ်စွာဘုရားရှင်အခေါ်ခိုင်းမှလာရောက်တရားနာခဲ့။
ကျောင်းရေစက်ချသောအခါမှာလည်းမလာရောက်ခဲ့ပါဘူး၊မြတ်စွာဘုရားရှင်အခေါ်ခိုင်းမှလာရောက်တရားနာခဲ့။
သူမသည်ဗာရာဏသီမင်းကြီး၏မိဖုရားဖြစ်ခဲ့စဉ်ကဘုရင်ကမျက်နှာသာပေးသောကချေသည်
မလေးကိုမနာလိုဖြစ်ကာ
ခွေးယားသီးဖြင့်ပတ်ခဲ့သော အကုသိုလ်ကြောင့် နူနာရောဂါများဖြစ်ခဲ့ရသည်။
ဒီအတိတ်အကြောင်းတရားတွေမြတ်ဘုရားဟောခဲ့လို့နောက်ပြီးမြတ်ဘုရားက“အမျက်ဒေါသကို
ပယ်ခဲ့ရာ၏၊မာနကိုလည်း စွန့်ပစ်ရာ၏။ သံယောဇဉ်အနှောင်ဖွဲ့အားလုံးကို လွန်မြောက်ရာ၏။
နာမ်ရုပ်တို့၌ ငါ၏စိတ်၊ ငါ၏ကိုယ် ဟု မငြိတွယ် မကြောင်းကြသူတို့ထံသို့
ဆင်းရဲဒုက္ခတို့သည် မရောက်လာကြကုန်” ဟူသောတရားဒေသနာကိုဟောကြားတော်မူခဲ့သည်။
မြတ်ဘုရားဒေသနာတော်အဆုံးမှာ
ရောဟိနီမင်းသမီးသည် နူနာရောဂါများပျောက်ကင်းပြီး
သောတာပန်ဖြစ်ခဲ့ရသည်။သူမကံကုန်စုတိသောအခါနတ်သားလေးပါးတို့ရဲ့ပိုင်နတ်အလယ်တည့်
တည့်သို့ကျရောက်သွားသည်။
နတ်သားလေးယောက်တို့ သူပိုင်သင့်သည်၊ ငါပိုင်သင့်သည်ဆိုပြီးပြဿနာဖြစ်ကြတာပေါ့။
နောက်ဆုံးသိကြားမင်းထံ
အဆုံးဖြတ်ခံရန်ရောက်သွားတော့သည်။ သိကြားမင်းက
ရောဟိနီမင်းသမီးကိုမြင်မြင်ခြင်းဘယ်လိုခံစားရသနည်းလို့
နတ်သားလေးဦးတို့ရဲ့ရင်ခုန်သံတို့ကိုမေးကြည့်သောအခါ…
ပထမနတ်သားက....ရောဟိနီမင်းသမီးကိုမြင်မြင်ခြင်း
စစ်မြေပြင်မှာတီးခက်သော စည်ကဲ့သို့ တဒုံးဒုံးဖြစ်ပါသတဲ့။
ဒုတိယနတ်သား.....တောင်ကျရေကဲ့သို့
ရင်ခုန်သံတွေတဝေါဝေါဖြစ်ပါသတဲ့
တတိယနတ်သားက...ပုဇွန်မျက်စိကဲ့သို့
မျက်စိပြူးထွက်လာပါသတဲ့
စတုတ္ထနတ်သားက....စေတီထိပ်၌ရှိသော
တံခွန်ကဲ့သို့ လှုပ်ရှားယိမ်းယိုင်ပါသတဲ့...
ထိုအခါသိကြားမင်းက မောင်မင်းတို့ရဲ့ရင်ခုန်သံတွေက နှိမ်နှင်းနိုင်သေးတယ်...ငါကတော့ရောဟိနီ
ထိုအခါသိကြားမင်းက မောင်မင်းတို့ရဲ့ရင်ခုန်သံတွေက နှိမ်နှင်းနိုင်သေးတယ်...ငါကတော့ရောဟိနီ
မင်းသမီးကိုမရလျှင်ဖြင့်သေရချည်ရဲ့ဆိုပြီးသိမ်းပိုက်သွားပါသတဲ့လေ။
ရောဟိနီမင်းသမီးကတော့သိကြားမင်းရဲ့ချစ်လှစွာသောမိဖုရားဖြစ်သွားပါတယ်၊
ဒီအလှပြင်နည်းတွေကိုကြည့်မယ်ဆိုရင် “တံမြတ်လှည်းခြင်း” ဆိုတဲ့ အလှပြင်နည်းကိုတွေ့ရမည်သာဖြစ်သည်။
ဒီအလှပြင်နည်းတွေကိုကြည့်မယ်ဆိုရင် “တံမြတ်လှည်းခြင်း” ဆိုတဲ့ အလှပြင်နည်းကိုတွေ့ရမည်သာဖြစ်သည်။
ဒါကြောင့်အလှပြင်နည်းလေးကို
လင်္ကာလေးနဲ့တွဲမှတ်လိုက်တာပိုကောင်းမယ်ထင်ပါတယ်။
ကိုယ့်စိတ်သူ့စိတ်
ကိုယ့်စိတ်သူ့စိတ်
ယိုဖိတ်ကြည်လင်
နတ်တို့လေးစား
လွန်ပွားချစ်ခင်
ကြည်ညိုဖွယ်ကောင်း
ဂုဏ်ပေါင်းမြတ်ရှင်
နတ်ပြည်ရောက်ထွန်းတောက်ကျွန်ငါးအင်တဲ့။
မိမိတို့ခန္ဓာကိုယ်ကို
ခေတ်မီပစ္စည်းတို့ဖြင့် အလှဆင်၊ အလှပြင်ကြသလို ပစ္စုပ္ပန်၊သံသရာလှစေနိုင်သော
တံမြက်လှည်းခြင်း နောက် အလှတကာအလှဆုံးဖြစ်တဲ့
ကိုယ်ကျင့်တရားလေးရယ်ပေါင်းစပ်လိုက်မယ်ဆိုရင်ရောဟိနီထိုင်ငိုလောက်မယ်ထင်တယ်။
ဓမ္မမိတ်ဆွေများလှချင်တယ်ဆိုရင်နံပါတ်တစ်
ကိုယ်ကျင့်သီလကောင်းအောင်ထိန်း နံပါတ်နှစ် ဘုရား၊ပုထိုးစေတီး၊ကျောင်းကန်တို့၌တံမြတ်လှည်းခြင်းမိမိအိမ်ကိုသန့်ရှင်းသန့်ရပ်နေမယ်ဆို
ရင်ရောဟိနီကိုနတ်သားလေးယောက်ကာသာလုတာ
ဓမ္မစမ်းရေပရိတ်သတ်တွေထဲကဒကာဒကာမလေးတွေကတော့ဖြင့်။
(ဓမ္မစမ်းရေ)
0 comments:
Enregistrer un commentaire