ဆရာနဲ့တပည့်ကြား မှာ
အဆင့်အတန်းဆိုတာမထားဘူးဘူး ရာထူးဆိုတာမထားဘူး စည်းစိမ်ဆိုတာမထားဘူးဆရာကလည်းတပည့်တွေအပေါ်ငဲ့ညှာတတ်တယ်
တပည့်ကလည်းဆရာအပေါ် ရိုသေတတ်တယ် ဆရာကိုလည်းဆရာလို့မြင်တတ်တယ်။
တပည့်ကိုလည်းတပည့်လို့မြင်တတ်တမယ်
ဆရာနဲ့တပည့်ကြားမှာစည်းမထားဘူး
ဆရာတိုးတက်အောင်လုပ်ရင်တပည့်တွေအပေါ်တိုးတက်အောင်လပ်ဆောင်ရမည့်နည်းလမ်းတွေ
သွန်သင်ပေးနိုင်တယ်
တပည့်တွေကလည်း ဆရာပေးသောနည်းလမ်းကို ထပ်တူညီမျှလုပ်ဆောင်ကြတယ် တဦးစေတနာ
တဦးကတန်ဖိုးထားတတ်ကြတယ် ဒါကရှေးခောတ်က။
ဆရာနဲ့တပည့်ကတော့
အများကြီးကွာခြားသွားပြီ ရာထူးကြီးသူကလည်း ရာထူးနိမ့်သူကို
နှိမ့်ချပြောတတ်ကြတယ်အမြင့်ကနေသူကဆိုပြီးအောက်လက်ငယ်သားတွေကို
အနိုင်ကျင့်ချင်ကြတယ်
မသိတာတာကိုသိအောင်ဘယ်လိုလမ်းညွှန်မယ်လို့စိတ်ကူးမရှိကြတော့ဘူး။
တပည့်လူပ်သူကလည်းဆရာကို
ရိုသေရမည်ဆိုတာကိုမသိတော့ပေ တခါတလေ ပြန်ပြော ဆရာကိုပြန်ရိုက် ပြန်စော်ကား များပြားလှတဲ့လောကကြီးကို
အပြင်ကကြည့်လိုက်တော့စိတ်ဓာတ်တွေပျက်စည်းနေလိုက်ကြတာအများကြီးတွေ့ရတယ်။
တကယ်တော့ဆရာနဲ့တပည့်ဆိုတာ
တယောက်နဲ့တယောက် ပျော်ရွှင်ဖွယ် ငြိမ်ချမ်းဖွယ်ဖြစ်အောင် သည်းခံမှု စိတ်ရှည်မှု
နားလည်မှုတွေနဲ့ချဉ်းကပ် မေတ္တာတရားတွေနဲ့လုပ်ဆောင်နေရမှာ။
ဒီနေရာမှာ
ဂဝေသီဆရာကြီးနဲ့တပည့်သားငါးရာအကြောင်းခောတ်လူငယ်တွေအတုယူတတ်ရလေအောင်
နည်းနည်းပြောပြချင်ပါတယ်။
ရှေးအခါကဿပမြတ်စွာဘုရားရှင် လက်ထက် ဂဝေသီအမည်ရှိသော
ဆရာကြီးတဦး ရှိသည်။ ထိုဂဝေသီဆရာကြီးတွင် တပည့်ငါးရာ ရှိလေသည်။ ဂဝေသီဆရာကြီးသည်
ကဿပမြတ်စွာဘုရားကို ကြည်ညိုသဖြင့် ဘုရားရှင်ထံ၌ ဥပါသကာအဖြစ် ခံယူသည်။ မိမိ၏တပည့်
ငါးရာတို့ကိုလည်း ဥပါသကာအဖြစ် ခံယူစေသည်။
ထိုတွင် ဆရာကြီးသည် ဤသို့အကြံဖြစ်၏။ ငါသည် တပည့်ငါးရာတို့၏ ဆရာဖြစ်သည်။ ငါသည်လည်း ဥပါသကာဖြစ်သည်။ တပည့်တို့သည်လည်း ဥပါသကာဖြစ်သည်။ ငါ့တွင်လည်း သီလစောင့်ထိန်းမှု မရှိသေး။ တပည့်တို့တွင်လည်း သီလစောင့်ထိန်းမှု မရှိကြသေးပေ။ ငါနှင့် ငါ့တပည့်တို့သည် အတူတူပင် ဖြစ်နေသည်။ ထို့ကြောင့် ငါသည် ယနေ့မှစ၍ တပည့်တို့ထက် လွန်ကဲ၍ ကျင့်မည်။
ထိုသို့ကြံစည်ကာ ဆရာကြီးသည် တပည့်တို့အား အသင်တို့-ငါသည် ယနေ့မှစ၍ ငါးပါးသီလကို ကောင်းစွာစောင့်ထိန်းတော့မည်-ဟုပြောဆိုကာ ထိုနေ့မှစ၍ ငါးပါးသီလကို ခါးဝတ်ကဲ့သို့ မြဲမြံစွာ စောင့်ထိန်းလေသည်။

ထိုတွင် တပည့်ငါးရာတို့ကလည်း ငါတို့၏
ဆရာကြီးသည် ငါတို့အပေါ်၌ ကျေးဇူးကြီးလှသည်။ ဆရာကြီး၏ ကျေးဇူးကြောင့် ငါတို့သည်
ဥပါသကာအဖြစ်ကို ရရှိကြသည်။ ထိုကျေးဇူးကြီးလှသော ဆရာကြီးသည် ငါးပါးသီလကို
စောင့်ထိန်းလျှင် ငါတို့သည်လည်း အဘယ်ကြောင့် မစောင့်ထိန်းဘဲ နေရအံ့နည်း။ ယနေ့မှစ၍
ငါတို့သည်လည်း ငါးပါးသီလကို စောင့်ထိန်းကြမည်-ဟုဆိုကာ တပည့်ငါးရာလုံးပင်
ငါးပါးသီလကို စောင့်ထိန်းကြလေသည်။
တပည့်ငါးရာတို့ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းလာကြသောအခါ ဆရာကြီးသည် တပည့်တို့အား ဤသို့ဆိုပြန်၏။ အသင်တို့-ငါ့ကို ယနေ့မှစ၍ မြတ်သောအကျင့်ကို ကျင့်သူဟု မှတ်ယူကြပါလော့။
တပည့်ငါးရာတို့ ငါးပါးသီလကို လုံခြုံစွာ စောင့်ထိန်းလာကြသောအခါ ဆရာကြီးသည် တပည့်တို့အား ဤသို့ဆိုပြန်၏။ အသင်တို့-ငါ့ကို ယနေ့မှစ၍ မြတ်သောအကျင့်ကို ကျင့်သူဟု မှတ်ယူကြပါလော့။
ထိုသို့ဆိုပြီး ထိုနေ့မှစ၍ ယုတ်ညံ့သော မေထုန်အမှုကို
မပြုကျင့်တော့ပဲ ရှောင်ကြဉ်လိုက်လေသည်။
တပည့်ငါးရာတို့သည်လည်း ဆရာကြီးကဲ့သို့ပင် ထိုနေ့မှစ၍ မေထုန်မှီဝဲခြင်းကို မပြုကြတော့ဘဲ ရှောင်ကြဉ်လိုက်ကြပြန်သည်။
ထိုတွင် ဆရာကြီးသည် တပည့်တို့ထက် လွန်ကဲ၍ နေလွဲညစာစားခြင်းကို ရှောင်ကြဉ်လိုက်ပြန်သည်။ တပည့်တို့လည်း လိုက်၍ နေ့လွဲညစာစားခြင်းကို ရှောင်ကြဉ်ကြလေသည်။
ထိုအခါ ဆရာကြီးသည် တဆင့်တက်ကာ ဘုရားရှင်ထံ ချဉ်းကပ်၍ ဘုရားရှင်အထံတော်၌ ရဟန်းအဖြစ် ခံယူလိုက်လေသည်။

ရဟန်းဖြစ်ပြီးနောက် ၀ိပဿနာတရားကို
ကြိုးစားအားထုတ်ရာ ရဟန္တာအဖြစ်သို့ ဆိုက်ရောက်သွားလေသည်။တပည့်ငါးရာတို့သည်လည်း
ဆရာကြီးနည်းတူ ဘုရားရှင်ထံ၌ ရဟန်းပြုကြပြီး ကြိုးစား၍ တရားရှုမှတ်ကြရာ အားလုံးပင်
ရဟန္တာဖြစ်သွားကြလေသည်။
ကဲကြည့်လိုက်ကြစမ်းအုံးဆရာကလည်းဘယ်ချိန်အခါမဆိုငါကဆရာဖြစ်နေတော့တပည်ကတွေ
ထက်ငါကပိုပြီးလုပ်ဆောင်နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်
တပည့်တွေကလည်းဆရာကြီးကငါတို့ကျေးဇူးရှိတယ် ဆရာကြီးလုပ်ဆောင်နိုင်သလိုငါတို့လည်းလုပ်ဆောင်နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်တွေကြောင့်
သူတို့တွေ အမြင့်ဆုံးပန်းတိုင်ကိုလှမ်းယူခဲ့ကြတယ်။
ဆရာနဲ့တပည့် တပည့်နဲ့ဆရာဆိုတာ
နှစ်ကိုယ်ဖြစ်နေပေမဲ့ တစိတ်ထဲဖြစ်နေရမယ်ညီညွတ်ရမယ် စည်းလုံးရမယ်
တယောက်ကိုတယောက်လေးစားနေရမယ်ဒါဆိုရင် အမြင့်ဆုံးဆိုတဲ့ကိုယ်ရဲ့ဦးတည်ရာရမှာအမှန်ပါပဲ
ကြိုးစားကြည့်ကြပါ ဂဝေသီဆရာကြီးကိုအတုယူကာ။
ဓမ္မစမ်းရေ….
0 comments:
Enregistrer un commentaire