စာရေးသူထိန့်လန့်ဖွယ်မြင်ကွင်းတွေမြန်မာပြည်မှာနေ့တိုင်းတွေ့နေရတော့ဘုရားရှင်လက်ထက်က
ကုမာရီအမျိုးသမီးလေးကိုသတိသွားရတယ်သူကတော့ဘုရားရှင်ပေးထားတဲ့မရဏာနုဿတိကမ္မဋ္ဌာန်းကို
အမြဲနှလုံးသွင်းတော့သေရမှာမကြောက်ဘူးပေါ့။
ဒါပေမဲ့ခုခောတ်လူတွေဘယ်လိုသေရမယ်ဘယ်လိုဖြစ်ပြီးတော့သေရမယ်ဘာကြောင့်သေရမယ်ဆို
တာတွေတွေးမထားမိကြဘူးကာမဂုဏ်အပျော်တွေနဲ့ပဲနေနေကြတယ်ချက်ချင်းလက်ငန်းသေဘေး
နဲ့တွေ့တော့ကိုယ်အတွက်ဘာမှမရှိဖြစ်နေတတ်တယ်။
ကုမာရီအမျိုးသမီးလေးကတော့မြတ်ဘုရားကမရဏာနုဿတိကို မပြတ်နှလုံးသွင်းဖို
့ဟောထားတာ နာဖူးတော့မရဏာနုဿတိကို မပြတ်နှလုံးသွင်းနေတယ်။
ဒီခန္ဓာကြီးဟာ သေရာသွားနေတာပဲ၊ ဒါမရဏာနုဿတိနော်။သူကသမထပဲနော်၊အကြမ်းစားကိလေသာတွေကို
ပယ်နိုင်တယ်။ဘာလို့ တုန်းဆိုတော့ သေရမယ်ဆိုတာသိနေရင်ဘာလိုချင်သေးတုန်း။လောကီ
စည်းစိမ်ဥစ္စာတွေ
ဘာမှမမက်တော့ဘူး။
ဝေဒနာကြောက်တဲ့ ပုဂ္ဂိုလ်ဟာ ဝေဒနာပျောက်ခြင်း အလိုရှိသကဲ့သို
့ပဲသေရတော့မယ်ဆိုတော့ အသေလွတ်တဲ့လမ်း မသိတဲ့ပုဂ္ဂိုလ်ကကြောက်ခြင်း လန့် ခြင်းနဲ့ ပဲ
ဝိဥာဏ်ချုပ်ကြရတာပဲ။
ဒီကုမာရီလေးကဘုရားဆုံးမထားတဲ့အတိုင်းမရဏာနုဿတိကိုမပြတ်နှလုံးသွင်းနေတယ်။သေခြင်းတရားဆိုတာ အင်မတန်မြန်တယ်ဆိုတာကိုသူက မပြတ်နှလုံးသွင်းနေတဲ့အတွက်ဒီမရဏာနုဿတိကမ္မဋ္ဌာန်းပေါ်မှာ
အာရုံရောက်နေတာပေါ့။
တစ်နေ့ ကျတော့ သူက သေရမယ့်အချိန်ကို အင်မတန်နီးကပ်လာပြီ။ဘုရားကိုယ်တော်မြတ်ကြီးက ဒါကို ဥာဏ်တော်နဲ့ မြင်တော်မူတယ်။သူနေတဲ့နေရာနားမှာ တရားပွဲကြီးလုပ်တော့ ကုမာရီအမျိုးသမီးဟာ
အိမ်မှုကိစ္စ အ၀၀တွေနဲ့ အလုပ်ရှုပ်နေတယ်။

တရားပွဲကို သွားချင်တယ်၊ ဒီက ကိစ္စက မပြတ်သေးတော့ပြီးအောင်လုပ်ပြီးတော့
တရားပွဲကို သွားတယ်။
သူ ယက္ကန်းလုပ်တဲ့နေရာကလည်း ဒီတရားပွဲကိုဖြတ်သွားရမှာကိုး ။ ဘုရားကိုယ်တော်မြတ်ကြီးက တရားမဟောဘူးဗျ။ပလ္လင်ပေါ်မှာပဲ သီတင်းသုံးပြီးတော့ သူ့ ဝေနေယျဖြစ်တဲ့ဒီကုမာရီအမျိုးသမီးလေးကို စောင့်နေတယ်။
ကုမာရီကလည်း အချိန်တန်တော့ ရောက်လာပြီးပရိသတ်အစွန်က နေတဲ့အချိန်မှာဘုရားကိုယ်တော်မြတ်ကြီးက
သမီး ရှေ့ ကိုလာခဲ့ တဲ့။ ဘုရားအမိန့် ရှိတဲ့ ပုဂ္ဂိုလ်ဖြစ်နေတော့ပရိသတ်က နေရာပေးရတာပေါ့။
ကုမာရီ ရှေ့ ကိုလည်း ရောက်ရော ဘုရားကိုယ်တော်မြတ်ကြီးနဲ့ အပြန်အလှန် စကားဆိုခဲ့ကြတယ်။
"ချစ်သမီး ဘယ်ကလာတာလဲ။"
"မသိပါဘုရား။"
"ချစ်သမီး ဘယ်ကိုသွားမှာလဲ။"
"မသိပါဘုရား။"
"ချစ်သမီး မသိဘူးလား။"
"သိပါတယ်ဘုရား။"
"ချစ်သမီး သိရဲ့လား။"
"မသိပါဘုရား။"အဲဒီလိုလေးတွေအမေးအဖြေလုပ်တာကို ဘေးက ပရိသတ်က ဒီကလေးမလေးနှယ် ဘုရားကိုယ်တော်မြတ်ကြီးကမေးတာကို လေးလေးစားစား ဖြေဖို့ တော့ ကောင်းတာပေါ့။

ဘယ်ကလာခဲ့သလို
ဆိုရင် အိမ်ကလာခဲ့တယ်၊ဘယ်သွားမလို့ လဲဆိုရင် ယက်ဖောက်လုံးတွေမြင်နေတာ
ယက္ကန်းရုံသွားပါမယ် လို့ ဖြေသင့်တာပေါ့။ ခုတော့မသိပါဘူးဆိုတော့ မလေးမစားနဲ့ ဒီကလေးမ တယ်ခက်တာပဲပေါ့လေ။
ယက္ကန်းရုံသွားပါမယ် လို့ ဖြေသင့်တာပေါ့။ ခုတော့မသိပါဘူးဆိုတော့ မလေးမစားနဲ့ ဒီကလေးမ တယ်ခက်တာပဲပေါ့လေ။
အော် လောကလူတွေ
အိမ်ကလာတာတော့ဘုရားရှင်လည်းသိတာပေါ့ အကြောင်းထူးရှိလို့မေးတာကိုသတိမထားကြဘူး ချက်ချင်းဝေဖန်မယ်ဆိုတာချည်းပဲ
ခုမြန်မာပြည်ကလူတွေလည်း ဘာလုပ်လိုက်လဲ ဝေဖန်မယ် ဒါဟာဒီမိုကရေစီဆိုပဲ။
အဲဒီတော့မှ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကချစ်သမီး၊ သင်ဟာ အိမ်ကပြန်လာတာ ဖြစ်ပါလျက်
"ဘယ်က လာတာလဲ" ဆိုတဲ့ ငါဘုရားရဲ့ အမေးကို"မသိပါ" လို့ ဘာကြောင့်ဖြေရတာလဲ လို့ မေးလိုက်တယ်။
အိမ်ကလာတယ်ဆိုတာတော့ လူတိုင်း သိတာပဲနော်။ကလေးမလေးက မရဏာနုဿတိ နှလုံးသွင်းထားတာ
သူရင့်ကျက်တော့ အော် ဘယ်ဘုံ ဘယ်ဘ၀က လာသလဲမေးတာပဲ လို့  သိတယ်။
ယက္ကန်းသည်မလေးက သဗ္ဗညုတဥာဏ်တော်အရှင်သူမြတ်ဘုရားသည် ဤအမေးကို
အကြောင်းမဲ့မေးတော်မူသည်ဟုမယူဆပါ။ ဘယ်ဘ၀က လာကြောင်းမေးတာဖြစ်တယ်လို့ မှတ်ယူမိတဲ့အတွက်"မသိပါ"ဟုဖြေခဲ့ပါတယ်အရှင်ဘုရား လို့ ဖြေတော့ ဘုရားက သာဓုခေါ်တယ်။
"ချစ်သမီး ဘယ်ကိုသွားမှာလဲ" ဆိုတာကို ဘာကြောင့်"မသိပါ" လို့  ဖြေသလဲ။
ယက္ကန်းသည်မလေးက သေလွန်ပြီးတဲ့နောက်မှာဘယ်ဘ၀ကိုသွားမှာလဲဆိုတာကိုမေးတော်
မူတာဖြစ်တဲ့အတွက်မသိကြောင်းဖြေတာဖြစ်ပါတယ်အရှင်ဘုရား။ တဲ့။
ချစ်သမီး "မသိဘူးလား" ဆိုတာကို "သိပါတယ်" လို့ ဘာကြောင့် ဖြေရတာလဲ။
"သေမယ်ဆိုတာ မသိဘူးလား" လို့  ဆိုလိုတဲ့အတွက်"သိပါတယ်" လို့ ဖြေတာဖြစ်ပါတယ် အရှင်ဘုရား။ တဲ့။
ချစ်သမီး "သိရဲ့လား" မေးတော့ "မသိဘူး" လို့ ဆိုပြန်တယ်။ဘာကြောင့်လဲ။
"ဘယ်အချိန်မှာသေမယ်ဆိုတာ သိရဲ့လား" လို့ မေးတာကြောင့်မသိတဲ့ အကြောင်း ဖြေပါတယ်အရှင်ဘုရား။ တဲ့။တော်လိုက်တဲ့ကလေးမလေးဓမ္မစမ်းရေကိုသာဘုရားရှင်မေးလိုက်ရင်တော့ ကျောင်း

ကလာတာလို့ဖြေမှာအသေချာပါပဲ။
သြော်ခုတော့ကုမာရီအမျိုးသမီးလေးကဓမ္မစမ်းရေကိုတရားပြသွားပြန်ပြီ
အတွေးတွေအကြိမ်ကြိမ်အခါခါဝင်မိတယ် ငါအတွက်ဘာတွေပြင်ဆင်ပြီးပြီလဲလို့ အသက်ရှင်သန်ခွင့်ရပြီဆိုကတည်းစာပေနဲ့နပန်းလုံးလာခဲ့တာခုချိန်ထိပါပဲ
ခုချိန်သာသေလို့ကတော့ မတွေးရဲစရာ။
ကလေးမလေးကတော့
ကျွတ်တမ်းဝင်မယ့် ပုဂ္ဂိုလ်မို့ ဘုရားမေးတာကို ရိပ်စားမိပြီး အဖြေပေးတတ်တယ်နော်။ဘုရားကိုယ်တော်မြတ်ကြီးက သာဓုခေါ်တယ်။ဒီတော့မှ ဘေးက ပရိသတ်က တော်တော် ပညာကြီးတဲ့ကလေးမလေးပဲလို့  နောက်မှသာဓုခေါ်ကြတယ်နော်။
ဘုရားကိုယ်တော်မြတ်ကြီးကတော့ ဒီကလေးမလေးဟာဒီကပြန်ပြီး ယက္ကန်းစင်ရောက်တာနဲ့ စုတိစိတ်ကျပြီး
သေမယ်ဆိုတာ သိနေတယ်။ဒီတရားထူးနာရပြီးတော့ ကုမာရီကလေးမလေးဟာ
ခန္ဓာ ဥာဏ်ရောက်သွားပြီး သောတာပန်တည်တယ်။
ဓမ္မစမ်းရေစာဖတ်ပရိတ်သတ်ကြီးလည်းကိုယ့်ကိုယ်ကို မေးကြည့်ကြ၊
ငါ ဘယ်က လာခဲ့သလဲ၊

ဘယ်ကိုသွားရမှာလဲ၊
ငါဘာတွေပြင်ဆင်ပြီးပြီလဲ
မသိဘူးနော်။
မသိတဲ့ထဲက
သိတာကတော့ သေရမှာတော့သိကြတယ်မဟုတ်လား။ မပေါ့နဲ့ သေရမှာလေးတော့ ခဏခဏ နှလုံးသွင်းပေး။အဲဒီသေရမှာသိတဲ့
အထဲက သေချိန်ကျတော့ သိရလား။မသိဘူး၊ ဘယ်နေ့ ဘယ်ရက် သေပွဲဝင်ရမယ်ဆိုတာတော့မသိဘူး။
ကိုယ့်ရဲ့နှလုံးသားထဲမှာဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းလေးမှရှိမထားရင်တော့မိတ်ဆွေတို့
ပြန်လည်မွေးဖွားကြမယ် အိုရအုံးမယ် နာရအုံးမယ် သေရအုံးမယ်နော်သတိလေးထားကြပါအုံးစည်းစိမ်တွေရစ်မနေကြနဲ့တော့
အချိန်မရှိတော့ဘူး။
ကုမာရီအမျိုးသမီးလေးလိုသေဖို့ကိုလည်းနှလုံးသွင်းထားကြပါအုံးမနေရလို့သေကြပြီဆိုရင်
ကိုယ့်နောက်က ကိုယ်ပြုထားတဲ့အလုပ်ကပဲပါမှာနော် သံသရာထဲမှာပျော်မနေကြနဲ့တော့ ရစ်မနေကြနဲ့တော့လည်လာခဲ့တာလည်းကြာပြီမမူးကြသေးဘူးလားကုမာရီလေးလိုနှလုံး
သွင်းပြီးနေဖို့အချိန်တန်ပြီ။
ကဲနောက်ဆုံးအနေနဲ့နိဂုံးချုပ်ကြည့်ကြမယ်
တို့တတွေဘာတွေပြင်ဆင်ကြပြီးပြီလဲ
အကုန်လုံးအဆင်သင့်ဖြစ်ပြီလား
မကြောက်တမ်းသံသရာခရီးနှင်နိုင်ဖို့သင့်အတွက်ရိက္ခာတွေဘယ်လောက်ရှိပြီလဲ။
(ဓမ္မစမ်းရေ)
0 comments:
Enregistrer un commentaire