Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

samedi 18 octobre 2014

"အနာထပိဏ်ရဲ့သားတော်ကာလ

အနာထပိဏ်သူဌေးကြီးမိမိရဲ့သား ကာလအပေါ်တရားရစေရန်ကြံဆောင်အားထုတ်ခဲ့ပုံမှာခုခောတ်မိဘတွေ အားကျအတုယူဖွယ်ကောင်းတယ်။ သူဌေးကြီးအိမ်မှာကာလ ကာလသတိုးသားလေးကလွဲလို့အားလုံးသော အိမ်သူအိမ်သားများဟာ အရိယာချည်းပဲ။

ကာလ သတိုးမှာ သူဌေးသားဖြစ်သည့်အတိုင်းဥစ္စာပေါ့ပေါ့နှင့် သုးံဖြုန်းလည်ပတ် သွားလာပြီး ပျော်ချင်တိုင်း ပျော်နေလိုက်တာညဆိုအချိန်မတော်မှပြန်လာ ဘုရားနားမလည် တရားနားမလည်သံဃာနားဆိုတာဘာမှန်းမသိ ဖြစ်နေတာပေါ့.။

ဒါကိုသူဌေးကြီးမှာလဲသူကိုယ်တိုင်အရိယာဖြစ်နေတော့သူ့သားကာလကိုမာမာထန်ထန် ဒေါသနဲ့မဆုံးမ
ချင်ဘူးဖြစ်နေတယ်။ နောက်တော့ သူဌေးကြီးကပရိယာယ်ဖြင့်သုံးခဲ့တာလေးကအတုယူဖွယ်လေးနော်။
  
သားတော်ကာလ မင်းဒီနေ့ ဥပုသ်စောင့်မယ် ၊ တရားနာမယ်ဆိုရင်မင်းကိုအသပြာတရာပေးမယ်" လို့ဆိုတော့ကာလသတိုးသားကအဖေတကယ်ပေးမှာလားသားတော်ကာလအဖေတကယ်ပေးမှာပါ"
ဟုပြောသဖြင့်ကာလကကောင်းပြီကျွန်တော့်သီလစောင့်ထိန်းပါ့မယ်ဆိုပြီးမြတ်ဘုရားရှိရာကျောင်းတော်တို့
ထွက်လာခဲ့တယ် ကျောင်းရောက်တော့လဲ တရားမနာပဲ ပျော်ရာ၊ပျော်ရာ လှည့်ပတ်သွားလာပြီး အိမ်ပြန်လာခဲ့တယ်။

အိမ်ရောက်တဲ့အချိနမှာလည်းအဖေလုပ်သူကသူကိုဒီနေ့ဥပုသ်စောင့်ဘာမှမလုပ်ခိုင်းနဲ့ သားတော်ကိုသေချာပြုစုပါ ထမင်းပွဲကိုလည်းအကောင်းဆုံးပြုပြင်ကာကျွေးမွေးတယ် ဒါပေမဲ့ကာလသတိုးသားမစား။
  
ဘာလို့မစားတာလို့မေးတော့ပြောတော့အသပြာတရာပေးမယ်ဆို ခုတော့ပေးလည်းမပေးဘူး အသပြာမပေးလို့မစားတာ အော် ဒီလိုလား ပေးမယ်ပြောထားပြီးပြီပဲ ရော့ တရာ ဆိုပြီးပေးလိုက်တယ်။

ငွေပေးလိုက်တော့မှ ကာလ သတိုးသားလဲ ထမင်းစားတော့တယ်။ သူဌေးကြီးလဲ ၀မ်းမြောက်ဝမ်းသာနှင့် ကာလဟာမုချတရားတွေ့ရမယ်လို့ယုံကြည်ပြီးနောက်တခါသားတော်ကာလဒီတခါဥပုသ်စောင့်ပြီးတရားများကို
တက်အောင်သင်ခဲ့ရင် အသပြာတထောင်ပေးမယ်လို့ ဆိုပြန်တော့ ကာလက ဖခင်အဟုတ်ပေးမှာလားဟု ပြန်မေးတော့ ငါအရင်တခါကလဲ ပေးပြီးပြီ ခုလဲငါတကယ်ပေးမှာပါလို ဆိုတော့မှ ကာလ သတိုးသားဟာ သီလခံယူပြီးတရားနာယူရန်မြတ်ဘုရားရှိရာကျောင်းတော်ကိုသွားပြန်ပါတယ်။

ဒီတခါမှာတော့ ကာလ ညာလို့မရတော့ဘူး၊ ဘာကြောင့်လဲဆိုတော့ သီလတင် မဟုတ်တော့ဘူး တရားကိုမှတ်မိအောင်၊တက်အောင်သင်ရမှာမို့အဖေဖြစ်သူကိုလိမ်ညာလို့မရတော့ဘူးပေါ့။

မြတ်စွာဘုရားထံဝင်ပြီးတရားတော်ကိုသူတက်အောင်သင်ရတော့တရားတော်ပထမတပုဒ်ဆုံးသွားပေမဲ့
တရားကို သူမတွေ့ဘူး။တရားကဘယ်တွေ့မလဲ ဘုရားက ကွယ်ထားလိုက်တာကို။ဒီတော့ သူမေ့သွားတာပေါ့။ ဒီလိုတရားမရရင် အသပြာတထောင်ရမှာမဟုတ်ဘူး၊ ဒါကြောင့်သူအမျိုးမျိုးကြိုးစားတယ်မရ။

 နောက်ဆုံး မှာတော့ တရားလဲတွေ့၊ တရားလဲ မမေ့တော့ဘူးတဲ့။ဒီအခါမှာ ကာလ သတိုးသားဟာငွေကိုတပ်မက်မှုမရှိတော့ဘူး သတိုးသားရဲ့စိတ်မှာဘယ်လိုစဉ်းစားသလဲဆိုတော့ အခုအခါ ငါအိမ်ပြန်သွားလို့ရှိရင် အသပြာတထောင် နှင့် ထမင်းပွဲကို မပေးဘဲနေပါက ကောင်းမှာလို့တွေးနေမိတယ်။

စိတ်ကူးတဲ့အတိုင်းဘဲသူအိမ်ကိုပြန်ရမှာအလွန်ရှက်နေတယ်သူ့လုပ်ရပ်တွေကိုသူရှက်နေတာထင်တယ်။
 နောက်ရဟန်းတော်များသူဌေးကြီးအိမ်ဆွမ်းစားကြွသားမှကာလသတိုးသားလဲ နောက်ကတပါ
တည်းလိုက်သွားတယ်။

အဖေလုပ်သူကလည်းသားတော်ကာလသတိုးသားအတွက်ကောင်းမွန်သောထမင်းပွဲနှင့်
အသပြာတထောင်ပါအဆင်သင့်ပြင်ထားလို့ပေါ့အရင်ကဆိုသံဃာတော်များအနားမကပ်တဲ့သားတော်
ခုတရားတွေ့တာနှင့်တပြိုင်နက်သံဃာတော်များကိုအရိုအသေးပေးပြီးဝတ်ကြီးဝတ်ငယ်ပြုစုလုပ်ကျွေးနေ
တာတေါ့တော့စိတ်ထဲမှာပီတိတွေဝေနေမိမှာတော့တွေးလို့သာကြည့်ပါ ။

သို့သော်အပြင်မှာတော့အဖေလုပ်သူက သားတော်ကာလ ဒီမှာ သားတော်အတွက် ကောင်းမွန်သောထမင်းပွဲနှင့်အသပြာတထောင်လို့ ဆိုပြီးပေးတော့ အလွန်ရှက်လွန်းသဖြင့်အဖေလုပ်သူကိုလှည်ကတောင်မကြည့်ရဲဘူးတဲ့။

အကြောင်းစုံ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သိလေတော့ ကိုယ်တော်တိုင် သူဌေးကြီးအိမ်သို့ကြွသွားလျက် ဒါယကာ အနာထပိဏ်သူဌေးသင့်ရဲ့ကာလသတိုးသားက ဘာများပြောသလဲ။

 အရှင်ဘုရား ပထမတခေါက် ဥပုသ်စောင့်လို့တရားနာလျှင် အသပြာတရာပေးမယ်လို့ပြောတော့ ဥပုသ်စောင့်ပြီး ပြန်လာတဲ့အခါအသပြတရာမရလို့ ထမင်းမစားဘဲ နေပါတယ်။ အသပြာတရာရမှ သူထမင်းစားပါတယ်။

အခုဥပုသ်စောင့်၍ တရားကိုတက်အောင်သင်လျှင်အသပြာတထောင် ပေးမယ်ဆိုပြီးလွှတ်လိုက်တော့ အခု အသပြာ တထောင် နှင့် ထမင်းပွဲကို ပြန်စောင်းတောင်မှ လှည့်မကြည့်ပါဘူးဘုရားလို့ လျှောက်ထားတယ်။

ဒီစကားကိုကြားတော့ မြတ်စွာဘုရားက ဒါယကာ သူဌေးကြီး-ရှေးအခါက အိမ်ရှေ့မင်းသားတောကစားထွက်တဲ့အခါ မျက်စိလယ် လမ်းမှားပြီးတော့နံနက်စာလဲ မစားရ၊ ညစာလဲ မစားရ အလွန်မွတ်သိပ်ပြီးနေတဲ့အခါ ငယ်စဉ်က ကျောင်းနေဘက်ဖြစ်ဘူးတဲ့ တောတွင်းသားနှင့် သွားပြီးတွေ့တယ်။

ဒီတော့မှ အိမ်ရှေ့မင်းသားကသူငယ်ချင်း ငါတော့တနေ့လုံးမျက်စိလယ်ပြီးတောတွင်းမှာ လမ်းမှား နေလိုက်တာ နန်းတော်လဲ ပြန်မရောက်ဘူး၊ နံနက်စာလဲ မစားရ၊ ညစာလဲမစားရ ဒါကြောင့် ငါ့ကိုထမင်းတနပ် ကျွေးပါလို့ဆိုတော့ တောတွင်းသားက ဟာ သူငယ်ချင်းလာလိုက်ခဲ့ ထမင်း၊ ဟင်းတွေ ငါ့အိမ်မှာ အများကြီးရှိတယ်ဆိုပြီးအိမ်ကိုခေါ်သွားတ ယ်။ အိမ်ကျတော့ ထမင်းပူ၊ ဟင်းပူများနှင့် ကျွေးတာပေါ့။
ဒီအခါအိမ်ရှေ့မင်းသားဟာ ညအခါကလဲဖြစ် ၊ထမင်းလဲ အင်မတန်ဆာလောင် မွတ်သိပ်နေတော့ အလွန်ဘဲ ထမင်းစားကောင်းတာကို ။ အခုစားရတာ အလွန်ကိုမြိန်တာဘဲ ။ ဟင်းကလည်းကောင်းလိုက်တာ စားရတာတန်ဖိုးရှိတာပေါ့။

ငါနန်းတော်ထဲမှာ ကောင်းမွန်သောအစာအာဟာရတွေနဲ့ စားရပေမဲ့ စားရတာ အခုလိုတခါမှ မမြိန်ရှက်ဘူးဘူး။ အခုစားရတာ အလွန်ကို မြိန်တာဘဲလို့ ပြောတယ်။ တောတွင်းသားက သူငယ်ချင်း စားသာစားပါ အားမနာပါနှင့် ထမင်းတွေ ဟင်းတွေ အများကြီးရှိတယ်လိုရင်ပြောပါပေါ့။

အိမ်ရှေ့မင်းသားကသူငယ်ချင်းမနက်ဖြန်ခါနန်းတော်ပြန်ခါနီးငါ့ကိုဒီဟင်းနှင့်ကျွေးပါအုံးသူငယ်ချင်း
လို့ပြောတော့ဟုတ်ပါပြီကျွေးမယ်အများကြီးကျန်ပါသေးလို့ပြောကာသူငယ်ချင်းနှစ်ယောက်စကား
တပြောပြောနဲ့နေကာတညတာကိုကုန်လွန်စေခဲ့တယ်။

နောက်တနေ့နံနက်မိုးသောက် အလင်းရောက်တော့ အိပ်ရာကနိုးတော့ သူငယ်ချင်းငါနန်းတော်ကို ပြန်တော့မယ်၊ မနေ့က ဟင်းကလေးနှင့် ငါ့ကိုထမင်းကျွေးပါအုံးလို့ ပြောတော့။ ညကကျွေးတဲ့အတိုင်းထမင်းနှင့် ဟင်းကိုကျွေးပါတယ် ။

ဒီအခါကျတော့ဆာလောင်မွတ်သိပ်ခြင်းကလဲမရှိ၊ နေ့အခါအလင်းရောင်ကလဲရလေတော့ထင်
ရှားစွာမြင်ခွင့်ရခဲ့တယ်လေ ထမင်းစားမယ်လို့ ဟင်းချိုဟင်းကိုဇွန်းနှင့် ကော်ခပ်လိုက်တော့..လား-လား .. "တီကောင်တွေ" အစင်းသား အစင်းသားပေါ်လာတာတွေ့တော့ရွံရှာတာပေါ့။

ဒီတော့အိမ်ရှေ့မင်းသားကသူငယ်ချင်း ဒါ-ဘာတွေလဲလို့ မေးတော့ ဟာ-သူငယ်ချင်း ညက မင်းထမင်းမြိန်တာ ဒီဟင်းပေါ့လို့ ပြောလိုက်တော့မှ ဖြစ်မှဖြစ်ရလေသူငယ်ချင်းရယ်လို့ပြောပြီး အော့လိုက်၊ အံလိုက်တာ မပြောပါနှင့်တော့။

ညကတော့ ကြာဇံဟင်းမှတ်လို့အခုမှ တီကောင်ဟင်းမှန်း သိတော့အလွန်ကို ရွံရှာစက်ဆုပ် သွားတယ်။ ဒီတော့မှတောတွင်းသားကပြောတယ် ။ဟေ့-- သူငယ်ချင်း ညက ထမင်းမြိန်ပြီးအလွန်ကို စားလို့ကောင်းတယ်လို့ ပြောတာလည်း မင်းဘဲ။အခု ရွံမုန်းတာလဲ မင်းဘဲလို့ ပြောတယ်တတ်လည်းတတ်နိုင်တယ်ကွာလို့ပြောလိုက်တယ်။

အဲဒါ အိမ်ရှေ့မင်းသားဟာ မသိတော့ တီကောင်ဟင်းကိုကြာဇံဟင်းထင်ပြီး အလွန်နှစ်သက်တယ်၊တီကောင်မှန်းသိတော့ ရွံမုန်းသလိုဘဲ ဒကာတော်ရဲ့သားကာလ သတိုးသားဟာ လိုချင်မှုလောကတဏှာဖုံးလွှမ်းနေတုန်းက အသပြာတရာ နှင့် ထမင်းပွဲကို အလွန်နှစ်သက်နေတာပါ။

အခု တဏှာလောဘကွာ၍ဥာဏ်လင်းရလာသဖြင့် အသပြတထောင်နှင့်ထမင်းပွဲကို ရွံမုန်းခြင်းဖြစ်ထာလို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက မနာထပိဏ်သူဌေးကို မိန့်ကြားတယ်။

အခုမိမိတို့ဟာ ငါးပါးအာရုံ ကာမဂုဏ်တွေကို ဘာလို့ စွဲလမ်းနှစ်သက် သာယာနေသလဲ ဆိုရင်ဖြင့် လောဘတဏှာဖုံးလွှမ်း နေလို့ပဲ၊ လိုချင်မှုမရှိဥာဏ်အလင်းရလာလျှင် မုချကာမဂုဏ်၏အပြစ် တွေကို မြင်၍ရွံမုန်း ကြောက်ရွံပြီး လွတ်မြောက်လိုတဲ စိတ်တွေပေါ်လာပေလိမ့်မယ်။

အဲဒီပုံဝတ္ထုကို ထောက်၍အနာထပိဏ် သူဌေးသည် ကာလ သတိုးသားကို တရားမတွေ့ တွေ့အောင်ကြံဆောင်ကာသားကိုချစ်ပြခဲ့သလို မိမိတို့လဲမိမိတို့ရဲ့သားသမီးများကို တရားမတွေ့တွေ့အောင် ရှာဖွေပြီးမိဘအမွေပေးသင့်ပါတယ်။

သားသမီးတွေတင်လားမဟုတ်ပါဘူး မိမိဆွေမျိုး၊ပတ်ဝန်းကျင် မိတ်သင်္ဂဟများကိုလဲ ကာလ သတိုးသားကဲ့သို့တရားရရန် အားပေးတိုက်တွန်းဖို့လောကလူတွေများစွာလုပ်ဖို့လိုအပ်ပါတယ်။

ဒါမှသာလျှင်မိမိတို့ဘာသာသာသနာကောမိမိတို့မိသားစုကောမိမိတို့ပါတ်ဝန်းကျင်ကောသာယာလှတဲ့
ဘဝတခုကိုပိုင်ဆိုင်နိင်ကြမှာဖြစ်ပါတယ်ပိုင်ဆိုင်နိုင်အောင်ကြိုးစားကြဖို့လည်းလိုပါတယ်။

(ဓမ္မစမ်းရေ)

0 comments:

Enregistrer un commentaire