ဗုဒ္ဓဘာသာ ဝင်တိုင်း သိကြပါတယ်၊ထိုသိသောစကားကား လိမ်ညာပြောဆိုသော မုသားစကားပါပဲ၊ သို့သော် အလေးနက်ထား စောင့်ထိန်းသူ နည်းနည်း လာပါတယ် အသေးအမွှားလေးပဲ ဘာမှမဖြစ်ဟုဆိုကာ လိမ်ပြောလိုက်ကြပါတယ်။ ဂရုမထားမိ။ သတိထား မကျင့်ကြပါ။
မုသား ပြောဆိုမှု ၊ အများဆုံးကျူးလွန်လေ့ရှိပါတယ်။ လွယ်လွယ်ကူကူ
ကျူးလွန်ဖြစ်တဲ့အတွက် အများဆုံးဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင်လည်း ရှောင်နိုင်ဖို့ ကြိုးစားဆဲပါ။
Train yourself, “I will not tell a deliberate lie even in jest”. ဟာသ သဘောမျိုးနဲ့တောင် ချွတ်ယွင်းသောစကားကိုမပြောဆိုအပ် မိမိကိုယ်တိုင်ကျင့်ရမည်တဲ့
မသိသာသောလိမ်လယ်မှုဆိုတတ်သောစကားလေးများကတော့ငါမအားသေးဘူး၊
အရေးကြီးအလုပ်ရှိတယ် ၊ငါသွားစရာရှိလို့ နောက်မှ တွေ့ကြတာပေါ့ ငါမင်းကိုသတိရနေတာ လူတွေ့တော့၊ဖုန်းလာနေရင် အရေးကြီးတဲ့သူမဟုတ်ရင်
ငါမရှိဘူး ပြောလိုက်ကွာ ဒီလူတွေ ငါ့ကားနဲ့လိုက်ပို့ရင် ဆီကုန်လိမ့်မယ်ကွာ၊ ကားပျက်နေတယ်သာ
ပြောလိုက်တော့။
အလုပ်မဆင်းနိုင်ဘူးဆိုရင်လည်း နေမကောင်းဘူးပြောလိုက်ပါ၊
ခွင့်ပေးပါ ပြောလိုက်တော့ လူကြီးက တကယ်နေမကောင်းတယ်ထင်လို့ငွေတောင်ပေးလိုက်သေးတယ်၊စကားလေးတွေကတော့ချောနေတာပါပဲ။
ဒီစကားတွေကကျင့်ကြံအားထုတ်ရန် ခက်ခဲနေပါသလား? သတိလေးအမြဲကပ်၍ တဖြည်းဖြည်း ကြိုးစားသွားရင် ကျင့်လို့ ရသွားနိုင်ပါတယ်။ သိကြသူများကတောင် မကျင့်ပါက မသိသူများ အတွက်ဆို ပြောစရာဘယ်မှာရှိတော့အံ့နည်း။
အသိသည် အသိသာ အကျင့်မဟုတ် ဆိုသည်ထက် သိ၍ ကျင့်သည် ဆိုတာမျိုး ဖြစ်သင့်ပါပြီ။
လိမ်ပြောတတ်သူသည် အမှန်ပြောသည့် တိုင်အောင် ယုံကြည်ခြင်းမခံရတတ်ပါ" ဆိုတဲ့စကားက သက်သေအဖြစ်ကြားဖူးကြပါလိမ့်မယ်။အမှန်တရားကို လိမ်ပြောရန် မလိုအပ်လှပါ။
အမှန်တိုင်းပြော၍ သေဒဏ်ချခံရတဲ့အမှုမှာ သေဒဏ်ချခံရခြင်းမရှိဘဲ ရွှေစလွယ် ချီးမြှင့်ခံရကြောင်း ဆရာတော်တစ်ပါး၏ သြဝါဒကို နည်းနည်းလေးပြောပြချင်ပါတယ်။
ရှေးရှေးတုန်းက ဘုရင်တစ်ပါးဟာ သူစားမယ့်အစား ပွဲတော်အုပ်ကို လှူပြီးမှ စားလေ့ရှိသတဲ့။ တစ်နေ့သော် ရဟန်းတစ်ပါး နန်းတော်ကို ဆွမ်းခံကြွလာတာကို တွေ့၍ ဆွမ်းလှူပါတယ်။
ပြီးတော့ သူလှူလိုက်တဲ့ ဆွမ်းအတွက် ပီတိဇောအဟုန်ပြင်းတာကြောင့် ရဲမက်အစောင့်ဗိုလ်ပါနှစ်ယောက်အား ရဟန်းနောက် လိုက်ကြည့်ရန်နဲ့ သူ၏အလှူမှာ မည်မျှ အကျိုးကြီးကြောင်းပြန်လည်လျှောက်တင်ရန် မိန့်ကြားလိုက်ပါတယ်။
အစောင့်နှစ်ယောက်ကလည်း ရဟန်းနောက်တစ်ကောက်ကောက် လိုက်ရှာပါတယ်။ မြို့ကိုလွန်သွားပြီး မြို့အထွက် ဇရပ်တစ်ခုကိုရောက်ပါတယ်။ ရဟန်းမှာ ဇရပ်ပေါ်အရောက်၌ သင်္ကန်းကို ခွာ လူဝတ်လဲပြီး ဇရပ်ပေါ်ရှိ မိသားစုနှင့်အတူ ဆွမ်းခံရလာသော ဆွမ်းများကို စားသောက်ကြတယ်။
ရဟန်းအသွင်ဆောင်ထားတဲ့ လူဝတ်ကြောင်တစ်ယောက်သာဖြစ်တယ် ဆိုတာကို တွေ့သွားတဲ့ အစောင့်နှစ်ယောက် နန်းတော်ကို ပြန်လာပါတယ်။
ပထမအစောင့်က ဘုရင်ကြီးအား "ဘုန်းဘုရား ဆွမ်းလှူလိုက်သော ရဟန်းမှာ ရဟန်းအတု ဖြစ်ပါတယ် ဘုရား။ မြို့အစွန်၌ မိသားစုနှင့် ပါလာသော စားသောက်ဖွယ်ရာများကို စားသောက်နေကြောင်းပါ ဘုရား"လို့ အမှန်အတိုင်း လျှောက်တင် လိုက်ပါတယ်။
အဲလိုလျှောက်တင်တဲ့ အစောင့်ကို ဘုရင်က သူလှူလိုက်သော ရဟန်းအား ဤသို့ပြောရကောင်းလား ဆိုပြီး သေဒဏ်ပေးလိုက်ပါတယ်။
ဒုတိယအစောင့်ကတော့ "ဘုန်းတော် ကြီးမြတ်လှပါသော အရှင်မြတ်ဘုရား အရှင်မင်းမြတ် ဆွမ်းအလှူပြုလိုက်သော ရဟန်းသည် ဤမြို့အလွန်၌ ဇရပ်တခုပေါ်အရောက် ရဟန်းအသွင် ပျောက်သွားပါတယ်ဘုရား" လို့ လျှောက်တင် လိုက်လို့ ရွှေစလွယ် ချီးမြှင့်ခြင်း ခံရပါတယ်။
ဒီဥပမာကို ကြည့်ပြီးတော့ ကျွန်ုပ်တို့သည်လည်း အမှန်တရားကို ရွှေစလွယ်ရအောင် ပြောတတ်ဖို့ အလွန် အရေးကြီးပါတယ်။ လိမ်ပြောမှရမယ့် အခြေအနေမှာ လိမ်မပြောဘဲ သတိကပ်ပြီးတော့ ရွှေစလွယ် ရအောင် ပြောဆိုတတ်ဖို့ လိုပါတယ်။
ဘာပဲဖြစ်နေနေ ငါးပါးအကျိုးမခံဘူးဟု သန္ဓိဋ္ဌာန်ချ ကြိုးစားကြမှသာ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါမယ်။ ကံသုံးပါးနှင့် ငါးပါးသီလကို မဖြစ်မနေ ခါးဝတ်ပုဆိုးကဲ့သို့စောင့်ထိန်းကြဖို့ အလေးအနက်ထားဖို့လိုပါတယ်။
တချို့ကလွယ်လွယ်ပြောကြတယ် မုသားမပါ လင်္ကာမချောတဲ့ ...ဒီစကားဟာ မိုက်မဲတဲ့သူတွေနှင့်အပေါင်းပါများ ဖြစ်ရန် ပါရမီဖြည့်နေသူများ၏ ဆင်ခြေစကား လို့ပြောရင် ရနိုင်မလား။
ဒီဆုတ်ယုတ်နေတဲ့ ခေတ်ကတော့ ပြန်လှည့်လို့ မရနိုင်တော့ပါ မြစ်တွေ ပြောင်းပြန် စီးဆင်းလို့ မရဆိုတဲ့ဥပမာရှိပေမဲ့ (ဂင်္ဂါမြစ်မပါ)ကိုယ်သိတဲ့ ဓမ္မ ကိုယ်ကိုယ်တိုင် ကျင့်လို့ရပါတယ်။ သူတပါးအား ပြောပြ လမ်းညွန်ပေးနေရုံနှင့် မလုံလောက်လှပါဘူး ကိုယ်တိုင်ကျင့်မှကိုယ်တိုင်ရတဲ့။
တန်ဖိုးထားတတ်မှ တန်ဖိုးရပါလိမ့်မယ်။ တန်ဖိုးထားရင် ထားသလောက် တန်ဖိုးတက်လာပါလိမ့်မယ်။ ဆုတ်ယုတ်နေတဲ့ ခေတ်ကို အဆင်း ဘီးတပ်ပေးနေသလို ဖြစ်နေပါတယ်။
အကြောင်းကောင်းမှအကျိုးကောင်းမည် မဟုတ်ပါလား။
အနှိုင်းမဲ့ ဖြူစင်မြင့်မြတ် အေးချမ်းသော နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ရာ အရာအားလုံး ကောင်းဖို့ အရေးကြီးသည်ကို မှန်ကန်စွာ နှလုံးသွင်း၍ မွန်မြတ်သန့်စင်သော အထက်တန်းကျ ကျလူတန်ဖိုးရှိတွေဖြစ်ဖို့လိုနေပြီ ဘာမှမဟုတ်တဲ့စကားလေးကြောင့်သင့်ဘဝမနှောက်နှေးပါစေနဲ့။
ခုလိုဘာမဟုတ်တဲ့စကားလေးကိုပြောလိုက်လို့ဘာမှမဖြစ်ဘူးလို့တော့မထင်လိုက်ပါနဲ့ ဝစီဘေဒထိတိုင်းရှတဲ့သင့်ရဲ့စကားသင့်ဆီပြန်လာရင်သင်အတွက်အခက်ကြီးခက်နေလိမ့်မယ်၊
ကိုယ်ပြောလိုက်တဲ့မုသားစကားကြောင့်အောက်မှာဖော်ပြထားသည့်အတိုင်းအကျိုးရရှိနိုင်မှာဖြစ်ပါတယ်။
မုသားလိမ်ညာပြောဆိုသူတို့အပြစ် (ဆယ့်ငါးပါး)
ရုပ်ရည်အဆင်းမလှမပဖြစ်ခြင်း
သွားမညီခြင်း
သာယာသောအသံမရှိခြင်း
ဝလွန်းဆူလွန်းခြင်း
ပိန်လွန်းသေးလွန်းခြင်း
အလွန်အရပ်ပုခြင်း
အလွန်အရပ်ရှည်ခြင်း
အသားရေကြမ်းတမ်းခြင်း
ပါးစပ်ပုတ်ခြင်း
ဆွံ့အခြင်း
တပါးသူယုံကြည်မှုကိုမရခြင်း
စကားမပီခြင်း
မိုက်မဲတွေဝေခြင်း
အသိဥာဏ်နည်းပါးခြင်း
ပွဲအလယ်ဝယ်ကြောက်တတ်ခြင်းတို့ပဲဖြစ်ပါတယ်။
သတ္တပုတ္တခါဒကဝတ္ထုမှာလည်းမုသားစကားကြောင့် ညစဉ်ညတိုင်း ကလေးခုနှစ်ယောက်မွေးပြီးကိုယ်သားကိုပြန်စားရတဲ့သာဓကတွေလည်းရှိပါတယ်။
နောက်ဆုံးစကားအနေနဲ့…စာရေးသူဆရာပြောပြခဲ့တဲ့စကားလေးနဲ့အဆုံးသတ်ချင်ပါတယ်..
တချို့ကသီလစောင့်ထိန်းကြတယ် ကိုယ်စောင့်သီလကအမြတ်လား အယုတ်လား သေချာစဉ်းစားပါသီလစောင့်ထိန်းရင်းမုသားစကားတွေပြောနေကြတယ်။
အေး..ဟီနသီလဆိုရင်တော့အောက်သွား
မဇ္ဈိမသီလဆိုရင်တော့ နတ်ပြည်သွား
ပဏီတသီလဆိုရင်တော့ နိဗ္ဗာန်သွားတဲ့။
ကိုယ့်လမ်းကိုရွေး ကိုယ့်လမ်းကိုဖောက်ကြပေါ့တဲ့။ ကဲ့စာရှု့သူတို့ကိုလည်းပြောချင်ပါတယ် အယုတ်လား အလတ်လား အမြတ်လား ကြိုက်တာရွေးဖောက်….
(ဓမ္မစမ်းရေ)
0 comments:
Enregistrer un commentaire