သမိုင်းဆရာတို့အလိုအရလူဟာအစပထမကတယောက်ထဲနေပြီးလုပ်ချင်ရာလုပ်တဲ့
အရိုင်းလူသားတဦးဖြစ်တယ် နောက်မှတဖြေးဖြေးယဉ်ကျေးလာပြီးအပေါင်းအပါ အဖွဲ့စည်းနဲ့နေတတ်လာတယ်၊
ဘယ်လိုပဲဖြစ်ဖြစ်လူဟာကြောက်တတ်မှုနဲ့ လိုချင်တက်မက်မောမှုနဲ့ဖွဲ့စည်းထားတာတော့သေချာပါတယ် လူ့ဘဝကြီးဟာ ကြောက်စရာတွေအများကြီးရှိသလိုလိုချင်တက်မက်မောစရာတွေလဲ
အများကြီးပြည့်နေပါတယ်။
ရေတက်ခြင်းမီးလောင်ခြင်းလေမုန်တိုင်းတိုက်ခြင်းစသောသဘာဝဘေးအန္တရာယ်များ ခိုက်ရန်ဖြစ်ပွားမှတိရစ္ဆာန်တို့၏အန္တရာယ်နာမှုအိုမှုသေမှုစသောဘေးဒုက္ခများဟာလဲလူ့လောက

ကြီးထဲမှာပေါများတော့လူတွေဟာအလူးအလဲခံရရှာတယ်။
ဒီလိုဘေးဒုက္ခတွေခံရပါများလာတော့လူတွေဟာကြောက်တတ်လာတယ် ထိုဘေးဒုက္ခတွေငြိမ်းအေးဖို့အားကိုးရာရှာလာတယ်ဒီလိုရှာဖွေမှုနဲ့ပါတ်သက်ပြီး မြတ်ဘုရားက
ဘေးအန္တရာယ်အမျိုးမျိုးကိုကြောက်ရွံ့တဲ့သူတွေဟာ တောင်တွေ တောတွေ အာရာမ်တွေအထင်ကရသစ်ပင်ကြီးတွေ ကို လူတွေဟာကိုးကွယ်ရာအဖြစ်ရှာကြတယ်။
ဒီလိုရှာကြံမှုဟာသူတို့လိုချင်တဲ့ငြိမ်းအေးမှု ဘေးဒုက္ခမှလွတ်မြောက်ချင်မှုတွေကြောင့်ပဲ ပင်လယ် သမုဒ္ဒရာထဲမှာလုပ်ကြတဲ့သူတွေကလဲ ရေပင်လယ်စောင့်နတ်တွေကို ကိုးကွယ်ကြလာတယ် ခုမြန်မာပြည်မှာဆိုဦးသျှင်ကြီးလိုပုဂ္ဂိုလ်မျိုးပေါ့။
တောတောင်မြေတွေကိုအမှီပြုပြီးလုပ်ကိုင်စားသောက်ကြတဲ့သူတွေကလဲ တောစောင့်နတ်တွေကို

ကိုးကွယ်လာကြတယ်လယ်ယာမြေရဲ့ကောက်ပင်ကိုအမှီပြုပြီးလုပ်ကိုင်စားသောက်သူတွေကလဲ
မိုးကိုမျှော်ပြီး မိုးနတ်မင်းကိုပူဇော်ပသကြတယ်။
စာရှု့သူတို့လဲဒီလိုမျိုးတွေမြင်ဖူးမှာပါခုအိန္ဒိယမှာတချို့ဆိုကျောက်တုံးကြီးတွေကိုးကွယ်ကြတယ် ဘာဖြစ်လို့ကိုးကွယ်ကြလဲ ကျောက်တုံးကြီးဟာ လူတွေထက်သန်မာလို့တဲ့ လူမစွမ်းနိုင်တာစွမ်းနိုင်လို့တဲ့ အော်ကိုးကွယ်မှုဟာအဆန်းပါလား။
အဲဒီတော့ဒကာလေးမေးတဲ့နတ်ဆိုတာကတော့အရင် ပထမပိုင်းမှာနတ်ကိုးကွယ် ယုံကြည်မှုတွေအကြောင်းအစပျိုးခဲ့ပါတယ်။အခုအဲဒီနတ်ကိုးကွယ်ယုံကြည်မှုတွေဘယ်ကစတင်လာခဲ့

သလဲဆိုတာလေး
ပြောပြကြည့်ရအောင်။
နတ်ဆိုတာ ပါဠိ ဝေါဟာရဖြစ်သော ‘နာထ’ ဆိုသော စကားလုံးက ဆင်းသက်လာတာပါ ။အဓိပ္ပါယ်ကတော့ ကိုးကွယ်ရာ ၊ ဆည်းကပ်ရာ လို့ အနက်ဆောင်ပါတယ် ။
လောကမှာနတ်သုံးမျိုး ရှိပါတယ် ၀ိသုဒ္ဓိ နတ် ဆိုတာကတော့ ဘုရား ၊ ရဟန္တာ တို့ဖြစ်ပြီး ၊ ဥပပတ္တိနတ်မှာတော့ အထက်အရပ်မှာရှိသော နတ်ပြည်ခြောက်ထပ်နှင့် ဗြဟ္မာပြည်က နတ်ဗြဟ္မာတို့ကို ပြောတာပါ ။
သမ္မုတိ နတ် ကတော့ တိုင်းပြည်အုပ်ချုပ်သော မင်းကို ဆိုလိုတာပါ ။ ဒါက ပါဠိမှာ ဖော်ပြထားသောနာထ ဆိုသော နတ်များပါ ။ ထို နတ်သုံးမျိုးကတော့ ကိုးကွယ် ဆည်းကပ်ရမယ့် နတ်များဖြစ်ကြပါတယ်။
အခု ဓမ္မမိတ်ဆွေတို့ သိမြင်နေကြသော (ဘယ်သူက သတ်မှတ်လိုက်မှန်းမသိတဲ့ )
အတွင်း ၃၇ မင်း အပြင် ၃၇ မင်းဆိုတာတွေက တကယ်တော့ ၀ိနိပါတိက ပြိတ္တာ အပါယ်ဘုံသားတွေပါ ဒါတွေကို ဓမ္မမိတ်ဆွေတို့ အသေအချာ သိဖို့ လိုပါတယ် ။
ဒါပေမယ့် ဒီနတ်ကိုးကွယ်မှုက ကမ္ဘာဦး အချိန်ကတည်းက ရှိခဲ့တာဖြစ်ပြီး မိတ်ဆွေတို့ သိတဲ့အတိုင်း ကမ္ဘာဦးခေတ်လူသားတွေက ယနေ့ ခေတ် လူသားတွေလို အသိဥာဏ်ပညာ မကြွယ်ဝကြပါဘူး ဒီတော့သူတို့ မှာ ကိုးကွယ်ယုံကြည်မှုဆိုတာကြီးက သူတို့၏ တောတောင်ရေမြေကိုသာ
ကိုးကွယ်ရာဟု ထင်ကြပါတယ် အဲဒီကနေ အစပြုလို့ နတ်ကိုးကွယ်မှုတွေ ဖြစ်ပေါ်လာခဲ့ရာ
ယနေ့ တိုင်အောင်ပါ ။
မြန်မာနိုင်ငံမှာတော့ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့် ကတည်းက
ရှိနေခဲ့တာပါ ဗိဿနိုးခေတ် ၊ ပျူခေတ် ၊ သရေခေတ္တရာ ၊ ပုဂံခေတ် စသည့် ခေတ်များတွင်လည်း
ရှိခဲ့ပါတယ် ။
မှတ်မှတ်ရရ ပုဂံခေတ်တွင် အနော်ရထာမင်းက ရှင်အရဟံကို ပင့်ဆောင်ကာ
ထေရ၀ါဒ သာသနာ ပြန့်ပွားအောင် ဆောင်ရွက်ချိန်တွင် ပုဂံရှိ နတ်ရုပ်များကို သိမ်းဆည်းကာအဆောက်အဦး တစ်ခုတွင် စုပုံထားလိုက်ပါသည် ။
ထိုအဆောက်အဦးကို ‘နတ်လှောင်ကျောင်း’ ဟုတ်ခေါ်တွင်စေခဲ့ပါသည် ။ သို့သော် ကျွန်တော်သိသော နတ်ကတော် နတ်ယုံကြည်သူများကတော့ နတ်လျောင်းကျောင်း ဟု အမည်နာမ ပြောင်းကာ ခေါ်ကြပါသည်။
နတ်တွေကိုလှောင်တာကို စကားလုံးအသံ တူသလိုလိုနဲ့ အဓိပ္ပါယ်ပြောင်းအောင် လုပ်တာပါ ။အမှန်တော့ လူတွေဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အတွက် ကံ ကံ၏ အကျိုးကိုယုံကြည်ကြသူတွေဖြစ်ပါတယ်
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင်
မကောင်းတာဖြစ်မယ် ဒါကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်း သိကြမှာပါ ဒီစကားလေးကို
အလွယ်ပြောကြပေမယ့် တကယ်တမ်းဗုဒ္ဓဘာသာမှာ မကောင်းတာလုပ်ပြီး
မကောင်းတာ မခံကြရအောင် လုပ်နေတာတွေ အများကြီးပါ ။
ဒီလိုဆို ကျွန်တော်တို့ စဉ်းစားသင့်ပြီ စီစစ်သင့်ပြီ ။ ကိုယ့်လောက်မှ ဘုန်းကံမရှိသော အပါယ်ဘုံသားတွေကို လက်အုပ်မိုးကာရှိခိုးနေမှာလား? သီလ သမာဓိမရှိ ၊ ပုံစံအမျိုးမျိုးဖြင့် ယောက်ျားတွေကိုမြူဆွယ်နေသော ၊မဟုတ်သော စကားလုံးများကို နှုတ်ကြမ်းလျှာကြမ်း ပြောတတ်သော နတ်ကတော်ဟုဆိုကြသည့် အခြောက်များကို ရှိခိုး ကန်တော့သင့်သလား? ငွေတွေလှူသင့်သလား?
အများကြီး စဉ်းစားဖို့ လိုပါတယ် ဗုဒ္ဓဘာသာက သဘာဝ တရားပါ သဘာဝ မကျသော နည်းလမ်းများကို ဘုရားက တစ်စိုးတစိမျှ ဟောကြားတော် မမူခဲ့ပါ ။ လေးသင်္ချေကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ခဲ့သောကျွန်တော်တို့၏ မြတ်စွာဘုရားထက် မည်သူအပင်ပမ်းခံပြီး သတ္တ၀ါတွေကိုကယ်တင်ခဲ့သလဲဆိုတာ မိတ်ဆွေတို့ ကြားဖူးကြပါသလား? ။
နတ်ကိုးကွယ် ယုံကြည်မှုတွေအပြင် မဟာယန ဗုဒ္ဓဘာသာတို့၏ အတတ်ပညာများဖြစ်သော ဗေဒင် ၊ ယတြာ ၊ ဓါတ်ရိုက် ဓါတ်ဆင် ၊စသဖြင့် နည်းမျိုးစုံ လိမ်လည် လှည့်ဖြားမှုတွေကို ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘာသာဝင်အများစု ခံစားနေရပါတယ် ။
အိန္ဒိယနိုင်ငံဟာ မြတ်စွာဘုရားရဲ့ ဖွား ၊ပွင့် ၊ ဟော ၊စံ ခဲ့တဲ့ နိုင်ငံပါ။သို့သော် ယနေ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ အိန္ဒိယမှာ ကွယ်ခဲ့ပါပြီ ဒါတွေဟာ ဘာကြောင့်ဘုရားသာသနာ ကွယ်ခဲ့သလဲ တွေးတောကြည့်ပါ ယုတ္တိမရှိသော သဘာဝမကျသောနည်းလမ်းတွေနောက်ကို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များ ကျင့်သုံးလာကြသဖြင့် သရဏဂုံပျက်ကာ ထေရ၀ါဒ ဆိုတာ မရှိတော့ပါ မဟာယန ဂိုဏ်းတွေသာ ရှိနေပါတော့တယ်။
မြတ်ဘုရားကတော့ ကိုးကွယ်ရာနှင့်မကိုးကွယ်ရာတွေကိုခွဲခြားပေးခဲ့ပါတယ် တော တောင် အာရာမ် အထင်ကရသစ်ပင်တွေစသောကိုးကွယ်မှုတွေဟာဘေးကင်းသောကိုးကွယ်ခြင်းမဟုတ်၊
မြတ်သောကိုးကွယ်ခြင်းမျိုးမဟုတ် ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့်ဆင်းရဲဒုက္ခမှမလွတ်မြောက်နိုင် ကိုးကွယ်ရာအစစ်ကား ဗုဒ္ဓ ဓမ္မ သံဃာလို့ခေါ်တဲ့ရတနာသုံးပါးပဲ။
ထိုအစစ်အမှန်ရတနာသုံးပါးကိုဆည်းကပ်သောသူဟာသစ္စာလေးကိုလဲသိမြင်နိုင်တယ် မဂ္ဂင်ရှစ်ပါးကိုလဲသိမြင်နိင်တယ်ဒါတွေသိနိုင်ရင်တကယ်အေးချမ်းမှုတွေကိုရနိုင်တယ်
မြတ်ဘုရားဟောကြားထားတော်မူခဲ့ပါတယ်။
နောက်ပြီးတာ့ကာလာမသုတ်မှာဟောထားတာကိုကဗျာဆရာတယောက်ကခုလိုလေးရေးစပ်ဖွဲ့ကာ

ပူဇော်ထားပါတယ်
တဆင့်စကား ဓလေ့များနှင့်။
ကောလဟာလ ကြံတွေးဆကာ။
နည်းမှီယူထား ကျမ်းဂန်များနှင့်။
ခြင်းရာထောက်လတ် ဟောမှုထပ်တူ။
လေးစားထိုက်သူ ဆရာမူလည်း။
ဟုတ်မှန်ပြီကား မုချထား၍ မယူလင့်။
အကုသိုလ်တိုး၊ အပြစ်ဆိုးယှဉ်
ပညာရှိသူ ကဲ့ရဲ့မူ၍
ပြုလျှင်ကျိုးမဲ့ ၊ ဆင်းရဲခဲ့သော်
ထိုတရားဆိုး ၊ စွန့်ပယ်ရိုးသာ။
ကုသိုလ်တိုးခြင်း ၊ အပြစ်ကင်းစင်
ပညာရှိသူ ချီးမွမ်းမူ၍
ပြုလျှင်ကျိုးဖြစ် ၊ ချမ်းသာစစ်ရ
ကျင့်ကြံကြရန် ၊ တရားမှန်သာ။
ဝေဖန်ထောက်ချင့် ၊ ဥာဏ် နှင့်ကျင့်။
အေးချမ်းမှုရချင်ရင် ဥာဏ်နှင့်ယှဉ်
အောင်မြင်မှုရချင်ရင်ဥာဏ်နှင့်ယှဉ်
ငြိမ်းချမ်းသောဘဝတခုကိုပိုင်ဆိုင်ချင်ရင် ဥာဏ်နှင့်ယှဉ်။
(ဓမ္မစမ်းရေ)

0 comments:
Enregistrer un commentaire