လောကလူတွေမှာမိမိကိုယ်တိုင်ကြောင့်သော်လည်းကောင်းမိမိရဲ့မိတ်ဆွေသူငယ်ချင်းများကြောင့်သော်
လည်းကောင်းအမှားတခုကိုလုပ်တတ်ကြတာပါပဲ
အဲဒီအမှားတခုဟာ ကာယကံမြောက်လည်းဖြစ်ချင်ဖြစ်မယ်
ဝစီကံနဲ့လည်းဖြစ်ချင်ဖြစ်မယ် မနောကံနဲ့လည်းဖြစ်ချင်ဖြစ်မယ်။
သံသရာခရီးသွားနေစဉ်ကာလမှာ ကာယကံမြောက်လည်းမမှားမိစေနဲ့ ဝစီကံကြောင့်လည်းမမှားမိစေနဲ့ မနောကံကြောင့်လည်းမမှားမိစေနဲ့ အမှားဆိုတာ တခုမှမကောင်းပါဘူးအမြဲသတိထားနေတဲ့ကြားကတောင်အမှားတွေလုပ်တတ်ကြပါတယ်။
နောက်ပြီးပုထုဇဉ်တို့သဘောဟာအမှားလုပ်နေစဉ်ကာလမှာတောင်အမှားကိုအမှန်ထင်

ကာပျော်နေတတ်ကြပါသေးတယ်၊အမှားတွေများလာတော့လဲအမှားကအမှန်ဖြစ်တတ်ပြန်ရော
လူ့လောကထဲမှာလည်းအမှားလုပ်နေတတ်သူတွေပေါများလာတော့သူတော်ကောင်းတရားတွေ
တဖြေးဖြေးမှေးမှိန်လာပြန်တယ်။
ဒါကြောင့်သတိထားကာနေပြီးမိမိအမှားကိုညွှန်ပြပေးမည့်သူမိမိအမှားကိုထိန်းကြောင်းပေးမည့်

သူလောကမှာလိုအပ်တာတော့အသေချာပါပဲဘာကြောင့်ပဲမှားမှားမိမိအမှာကိုမိမိကိုယ်တိုင်ပြန်
လည်ပြီးပေးဆပ်ကြရပြန်ပါတယ်။
သူတော်ကောင်းတို့ သိကြတဲ့အတိုင်း ဇောတိကတို့၊ ဇဋိလတို့၊ မေဏ္ဍကတို့ ဆိုပြီးတော့
အင်မတန် ထင်ရှားတဲ့ သူဌေးတွေအနက်ကဇဋိလအကြောင်းနည်းနည်းပြောချင်ပါတယ်၊ ဇဋိလရဲ့အမေဟာ သူဌေးသမီး တစ်ယောက်ပါ၊ဒါပေမဲ့ဝိဇ္ဖာဓိုရ်နဲ့ တိတ်တိတ်ပုန်းမွေးလို့ ဇဋိလဟာ သူဌေးသားဖြစ်ပေမယ့် သူမွေးလာတာ ဖအေမပေါ်ဘူး။
တိတ်တိတ်ပုန်းမွေးတယ် ဆိုကတည်းက လူမသိရဲလို့ ဇဋိလလေး မွေးလာတဲ့အခါ အိုးထဲ
ထည့်ပြီး မြစ်ထဲမျှောချလိုက်တယ်။ မြစ်အောက် ရေချိုးနေတဲ့ အမျိုးသမီးနှစ်ယောက်က ဆယ်ယူကြပါတယ်။ နောက်တော့သူ့ကံအားလျော်စွာအိမ်နောက်ဖေးမှာ ရွှေတောင်ပေါက်တဲ့ သူဌေးကြီး ဇဋိလဖြစ်သွားပါတယ်။
ဇဋိလဟာ သူဌေးသမီးရဲ့သားဖြစ်ပါလျက်နဲ့ အိမ်မှာကျွေးမွေးထားခြင်း မခံရဘဲ ရေထဲမှာ
အမျှောခံရတယ်ဆိုတာ တစ်ခုသော ဘ၀မှာ အမှားအယွင်း လုပ်ခဲ့လို့ပါ။
ကဿပဘုရားရဲ့ စေတီတည်တဲ့ အချိန်မှာ ရဟန္တာတစ်ပါး ကြွလာပြီးတော့ ဒကာ၊ ဒကာမ
တွေကို နှိုးဆော်ပါတယ်။ “ စေတီအတွက် ရွှေတွေလိုနေပါသေးတယ်၊ တာဝန်ယူထားတာ ပြည့်စုံအောင် လှူကြဖို့ ” လိုက်ပြီးတော့ တိုက်တွန်းတယ်။
ဇဋိလသူဌေးအလောင်းက အဲဒီတုန်းက ရွှေပန်းထိမ်သည် ဖြစ်တယ်။ သူကလည်းတာဝန်ယူထားတယ်။ အဲဒီရဟန္တာ ကြွလာခါနီးမှာ အိမ်ကဇနီးသည်နဲ့ စကားများ ရန်ဖြစ်ထားတယ်။ စိတ်ဆိုးနေတဲ့အချိန်ဖြစ်နေတယ်။ စိတ်ဆိုးနေတဲ့ အချိန်မှာရဟန္တာက လာနှိုးဆော်တော့ “ ကိုယ်တော်တို့ ဘုရားကို ရေထဲသာ မျှောပစ်လိုက် ” လို့ပြောလိုက်မိတယ်။
ဘာမှအပြစ်မရှိတဲ့ဘုရား ရေထဲမျှောပစ်လိုက်လို့ ပြောတော့ အမျိုးသမီးက “ ရှင် ကျမကို
စိတ်ဆိုးရင် ကျမကိုရိုက်ပေါ့၊ ဘာလို့ ဘုရားကို ပြစ်မှားတာလဲ။ ” ဆိုတော့မှ သူသတိရသွားပြီးရဟန္တာကို ပြန်တောင်းပန်တယ်။
ရဟန္တာကညွှန်ပြတဲ့အတိုင်း ရွှေပန်းအိုးကြီးသုံးလုံးလုပ်ပြီးတော့ဘုရားကိုကန်တော့ပြီးအပြစ်မှ

ကင်းလွတ်အောင်
ဝန်ချတောင်းပန်ခဲ့ပါတယ်။ သို့သော် ဖြစ်လေရာဘ၀ ဘယ်တော့မှ အိမ်မှာမကြီးရဘူး၊
ရေထဲအမျှောခံရပါတယ်။
ဒါကြောင့် သံသရာခရီးမှာ မှားမှားယွင်းယွင်းလုပ်မိပြီဆိုရင်ဆိုးကျိုးပေါ်လာတတ်ပါတယ်။ သူတော် ကောင်း သူတော်စင်တို့ကလည်း တရား သဘောကိုသိရှိနားလည် သဘောပေါက်ကြပြီး မိမိရ ထားတဲ့ဘ၀မှာ အမှားအယွင်းတွေ မလုပ်မိ အောင် သတိထားပြီး ရှောင်ကြဉ်ကာ ကောင်းတဲ့ ကု သိုလ်အမှုများကိုသာပြုလုပ်ခြင်းဖြင့် နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်ကြိုးစားကြဖို့လိုပါတယ်။
နိဗ္ဗာန်ဆိုတဲ့ချမ်းသာမရသေးခင်မှာပေါ့မိမိဘဝကျင်လည်စဉ်မှာလှပတဲ့ဘဝတခုပိုင်ဆိုင်နိုင်၇အောင်

ဘာပဲလုပ်လုပ်အမှားတွေမပါမိစေဖို့မပြောမိစေဖို့မကြံမိစေဖို့သတိပြုကြရမယ်၊ဒါမှသာလျှင်မိမိရဲ့
ဘဝဟာသာယာလှပတော့မည်မဟုတ်လား?
(ဓမ္မစမ်းရေ)
0 comments:
Enregistrer un commentaire