Pages

Subscribe:

Ads 468x60px

yyy

မင်္ဂလာပါ ဓမ္မစမ်းရေ ဆိုက်သို့လာလည်သွားကြသော မိတ်ဆွေအားလုံး ထာဝရပျော်ရွှင်ကြည်နုးနိုင်ပါစေလို ဆုတောင်းလိုက်ပါတယ်...

lundi 18 août 2014

မာရ်နတ်တောင်မမှုတဲ့သူ
==================
သဒ္ဓါဟူသည် ကံ, ကံ၏အကျိုးကိုယုံကြည်သော လောကီသဒ္ဓါနှင့် ရတနာသုံးတို့၌ မတုန်မလှုပ်ယုံကြည် သော လောကုတ္တရာသဒ္ဓါ-ဟု ၂-မျိုးရှိ၏။ ဒီလိုရှိသည့်အနက်က လောကီသဒ္ဓါတရားရှိနေယုံတော့မလုံလောက် လောကုတ္တရာသဒ္ဓါတရားရှိမှဘယ်သူဖျက်ဖျက်မပျက်ဖြစ်မှာပါ။

ခုခောတ်လူတွေကလောကီသဒ္ဓါသာများနေကြတယ်လောကုတ္တရာသဒ္ဓါတရားကနည်းနေသေးတယ်တချို့ဆင်းရဲသူကလည်းဆင်းရဲခြင်းကိုအကြောင်းပြချမ်းသာသူကလည်းဒီထက်မကချမ်းသာအောင်အကြောင်းပြ ဒီလိုနဲ့ရတနာသုံးပါကိုယုံကြည်မည့်သူတွေနည်းနည်းလာတာတွေ့ရတယ်။

တကယ်သဒ္ဓါတရားရှိသူက မာရ်နတ်လာဖျက်တောင်မပျက်ဘူးဒီလိုပြောရင်လေကြီးရာကျမယ် တကယ်၇ှိခဲ့ဖူးတယ်ဘုရားရှင်လက်ထက်ကမာရ်နတ် သည် ဘုရားအယောင်ဖန်ဆင်းကာ သူရမ္ဗဋ္ဌ ကိုလှည့်စားခဲ့ဖူးသည် ။

ထိုအချိန်က သူရမ္ဗဋ္ဌ သည် ဘုရားကျောင်းတော်သို့ သွားကာတရားနာယူရသဖြင့် သောတာပန်တည်ပြီးနောက် အိမ်သို့ပြန်ရောက် လာခါစဖြစ်၏ ။

မာရ်နတ်သည် လက္ခဏာတော်ကြီး ( ၃၂ ) ပါးနှင့်ပြည့်စုံသော ဘုရားရှင် အယောင်ဖန်ဆင်းကာ သူရမ္ဗဋ္ဌ ၏အိမ်ပေါက်သို့ လာရပ်ပြီး လျှင် သူရမ္ဗဋ္ဌ ထံသို့ သတင်းပို့လိုက်၏ ။ သူရမ္ဗဋ္ဌ က ဘုရားရှင်အစစ်မှတ်ပြီး အရိုအသေပြုကာဦးချလေသည် ။

မာရ်နတ်က သူရမ္ဗဋ္ဌ အား တရားမှားပြင်လို၍ လာခဲ့ကြောင်း ကို စကားပလ္လင်ခံပြီးလျှင် - " ခုနက တရားပွဲမှာ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ခန္ဓာငါးပါး သည် အနိစ္စ ဟု မဆင်မခြင် မှားယွင်းဟောမိခဲ့ကြောင်း , အမှန်မှာ ခန္ဓာငါးပါး သည် နိစ္စသာဖြစ်ကြောင်း " ပြင်ဆင်ဟောကြားလေသည် ။

သူရမ္ဗဋ္ဌ သည် ချက်ချင်းအမှန်ကို သိရှိခွင့် ရရှိသွား၏ ။ ဘုရားရှင်တို့ အဖို့ မဆင်မခြင် တရားဟောခြင်းမည်သည် မဖြစ်နိုင် ၊ ဤသူကား ဘုရားရှင် အစစ်မဟုတ် ၊ ဘုရားရှင် အယောင်ဆောင် ထားသည့် မာရ်နတ် သာဖြစ်သည် ဟု ချက်ချင်းအမှန်ကို သိသွားလေသည် ။

ထို့နောက် " သင် မာရ်နတ် မဟုတ်လော " ဟု သူရမ္ဗဋ္ဌ က မေးမြန်း၏ ။ မာရ်နတ် လည်း ဆက်လက် မလိမ်ညာ ရဲတော့ပေ ။ ယုံကြည်မှု သဒ္ဓါတရား လှုပ်ရှားအောင် လာရောက်နှောက်ယှက်ခြင်း ဖြစ်ကြောင်းကို မာရ်နတ် ကဝန်ခံလေသည် ။

သူရမ္ဗဋ္ဌ က " သင်ကဲ့သို့သော မာရ်နတ်မျိုးရာထောင်သောင်းသိန်းလာရောက်နှောက်ယှက်သော်လည်း ငါ၏ သဒ္ဓါတရားကို လှုပ်ရှားစေ နိုင်မည် မဟုတ်ကြောင်း " ပြောကြားလိုက် လေသည် ။

ဗုဒ္ဓဘာသာဝင်တိုင်း၌ ပင်ကိုဓာတ်ခံ သဒ္ဓါတရားသည် ကောင်း ကြပါသည်။ သို့သော် ခိုင်မြဲခြင်းကားမရှိကြပေ။ မြဲမြံမှုကား စိတ်သုဉ်းလျက်ရှိပေသည်။ ဤသည်ပင်လျှင် ဆန့်ကျက်ဝါဒတို့၏ ထိုးနှက်မှုကို ခံရခြင်းအကြောင်းဖြစ်လာသည်။ ကာမဂုဏ်တပ်မက်၍လည်းကောင်း၊ ဘေးအန္တရာယ်ကို ကြောက်ရွံ့၍လည်းကောင်း၊ သဒ္ဓါတရား ညှိုးမှိန်ရသည်။

ဒါကြောင့်မိမိရဲ့သဒ္ဓါတရားသေချာဆန်းစစ်ဘယ်အကြောင်းနဲ့မှမိမိရဲ့သဒ္ဓါတရားမပျက်ပါစေနဲ့ သူရမ္ဗကိုအတုယူကာ မိမိတို့ပန်းတိုင်ကိုအရောက်လှမ်းကြည့်ကြမယ်။




( ဒီ၊ဋ္ဌ၊၃၊၄၈။ )

(ဓမ္မစမ်းရေ)

0 comments:

Enregistrer un commentaire