=============================
တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ထင်းခုတ်ရောင်းတဲ့ ထင်းခုတ်သမားတစ်ဦးရှိပါတယ် ။ ထင်းခုတ်သမားဟာ တောထဲကခုတ်လို့ရတဲ့ ထင်းတွေကို ရောင်း ပြီး စားဝတ်နေရေးဖြေရှင်းသလို သူနေဖို့အိမ်ကလေးတစ်လုံးကိုလည်း သပ်သပ်ရပ်ရပ်ကလေးဆောက်လုပ်ခဲ့တယ် ။
အိမ်ကလေးကမကြီးပါဘူးတကယ့်ကိုမိုးလုံလေလုံကလေးဖြစ်ပါတယ်၊ဒီလိုနဲ့ တစ်နေ့မှာတော့ သစ်ခုတ်သမားက တောထဲကခုတ်လုပ်ရတဲ့ သစ်ပင်တွေကို ခုတ်ထစ်ပြီး ထင်းတွေအဖြစ် မြို့ထဲသွားရောင်းပါတယ် ။
အိမ်ပြန်ရောက်တဲ့အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေးမီးလောင်နေတာတွေ့လိုက်ရ တယ် ။ လူတွေက ၀ိုင်းပြီးမီးငြိမ်းပေးခဲ့ပေမယ့် မီးတောက်တွေက အိမ်တစ်လုံးလုံးကို ဝါးမြိုပစ်ခဲ့ပါတယ်၊ ထင်းခုတ်သမားက အလွန်ဝမ်းနည်းသွားပြီး ငေးပဲကြည့်နေခဲံရတယ် ။
မီးတွေအကုန်လောင်သွားပြီးတော့အိမ်တစ်လုံးလုံးပြာတွေအဖြစ်ကျန်ခဲ့တော့မှ ထင်းခုတ်သမားက ပြာတောထဲတိုးဝင်ပြီးတစုံတရာကိုအ သည်းအသန်လိုက်ရှာနေခဲ့တယ်၊လူတွေ ကသူစုစောင်းထားတဲ့အဖိုးတန်ပစ္စည်းတစ်ခု ပျောက်လို့ရှာနေတယ်လို့ပဲတွေးနေ မိကြတယ် ။
အတန်ကြာပြီးတဲ့အခါ ထင်းခုတ်သမားက ဝမ်းသာအားရအော်လိုက်တယ် ။ " တွေ့ပြီ . .တွေ့ပြီ"ဆိုပြီးသူ့ပုဆိန်ကိြုေ မှာက်ကိုင်လို့ပြာပုံထဲကပြန်ထွက်လာတယ်၊ပြီးတော့သူကလူတွေဖက်ကိုလှည့်ပြီးပြောလိုက်တယ် ။
"ဒီပုဆိန်တစ်လက်သာရှိမယ်ဆိုရင်ဒီထက်ပိုကောင်းတဲ့အိမ်ကြီးတစ်လုံးကျွန်တော်ပြန်ဆောက်နိုင်ပါတယ် " လို့ ၀မ်းသာအားရပြောလိုက်ပါတယ် ။
ဒီပုံပြင်လေးကိုဖတ်ပြီး ဓမ္မမိတ်ဆွေများစိတ်ထဲဘယ်လိုခံစားရလဲ မိမိကော သူ့နေရာမှာဆိုအဲဒီစိတ်မွေးနိုင် ပါမည်လောသူ့ကိုအတုယူသင့်ပါတယ်သူ ဟာကျဆုံးပြီးလို့စိတ်ထဲမှာမထားပဲဆက်လက်ကြိုးစားတယ်ဒီထက်ကောင်းေ အာင်ငါလုပ်နိုင်တယ်လို့ကြွေးကြော်ထားပြန်တယ်။
တခါကျရှုံးပေမဲ့ ပြန်ထဖို့ကြိုးစားသူ နှစ်ခါကျရှုံး ပြန်ထဖို့ကြိုးစားသူအကြိမ်ကြိမ် အခါခါကျရှုံးလို့အကြိမ်ကြိမ်ခါခါထဖို့ကြိုးစားသူတို့အဖို့ အောင်မြင်မှုဟာဥပေက္ခာပြုမထားဘူး ဆိုတာမိမိစိတ်ထဲမှာရှိနေဖို့လို ပါတယ်။
ကမ္ဘာကျော် အမေရိကန်သမ္မတကြီးဖြစ်တဲ့ လင်ကွန်းဟာ အလုပ်ပြုတ်ခဲ့ဖူး၊ စီးပွားရေးမှာ အရှုံးပေါ်ခဲ့ဖူး၊စိတ်ဓာတ်အကြီးအကျယ်ကျဆင်းပြိုလဲခဲ့ဖူးသူဖြစ်ပြီး နိုင်ငံရေးလောကမှာလည်း အကြိမ်ပေါင်းများစွာ ရှုံးနိမ့်ခဲ့ လွဲချော်ခဲ့ အငြင်းပယ်ခံခဲ့ရသူတစ်ဦးဖြစ်ခဲ့ ဖူးပါတယ်။
ဒါပေမဲ့သူဟာစိတ်ဓာတ်ကိုပြန်လည်ြ မင့်တင်လို့နောက်ဆုံးသူဟာကမ္ဘာကျော်ပုဂ္ဂိုလ်တဦးဖြစ်ကာသူ့အောင်ြ မင်မှုကိုသူ့ရအောင်ဖန်တီးကာသူ့အ မျိုးသူ့ဘာသာသူ့သာသနာအတွက်သာမကတ ခြားသူတွေအတွက်ပါသူနိုင်သလောက်ထ မ်းဆောင်သွားတာအတုယူဖွယ်တွေပါ။
ဘာတဲ့ကြားဖူးပါတယ် "The More, He Slaughter Us, the More, We Grow."
ဒင်းတို့များများနှိပ်ကွပ်လေများများရုန်းထလာကြမှာပါတဲ့…ဒီစကား လေးကလည်းတိုတိုနဲ့လိုရင်းထိတဲ့စ ကားလေးတခွန်းပါပဲကြိမ်များစွာကျ ရှုးံလေအကြိမ်များစွာထဖို့လိုပါ တယ်ဘာလို့လဲသင်ဟာတန်ဖိုးရှိလူသားတယောက်ဖြစ်နေလို့ပဲ။
လူသားတယောက်အဖို့စိတ်ညစ်လို့စိတ်ဆင်းရဲလို့ စီးပွားရေးတွေ ပညာရေးတွေ ကျရှုံးလို့အိပ်ပြစ်ရင် နောက်ပြီးအရက်သေစာတွေသောက်ကာမလိုအပ်တဲ့ကုစားမှုတွေနဲ့ကုစားမိရင် သင်ဘိတ်ဖြစ်ပြီဆိုတာမှတ်ထားလိုက်ပါ။
လူတွေကဆင်ခြေသဘောနဲ့ပြောကြတယ်၊ပါရမီချင်းကမတူဘူးတဲ့ဟုတ်တယ်၊ပါရ မီချင်းမတူပါဘူး၊ဒါပေမဲ့လူဖြစ်ေ နတော့ကြိုးစားအားထုတ်မှုတော့တူသ င့်ပါတယ်ကြိုးစားမှုရှိတဲ့လူသား တိုင်းကိုအောင်မြင်မှုကဆီးကြိုေ နမယ်ဆိုတာတထစ်ချပြောရဲပါတယ်။
သင်စိတ်ဓာတ်ကောင်းကောင်းနဲ့ကြိုးစာကြည့်စမ်းပါ…….
(ဓမ္မစမ်းရေ)
တစ်ခါတုန်းက ရွာလေးတစ်ရွာမှာ ထင်းခုတ်ရောင်းတဲ့ ထင်းခုတ်သမားတစ်ဦးရှိပါတယ် ။ ထင်းခုတ်သမားဟာ တောထဲကခုတ်လို့ရတဲ့ ထင်းတွေကို ရောင်း ပြီး စားဝတ်နေရေးဖြေရှင်းသလို သူနေဖို့အိမ်ကလေးတစ်လုံးကိုလည်း
အိမ်ကလေးကမကြီးပါဘူးတကယ့်ကိုမို
အိမ်ပြန်ရောက်တဲ့အခါ သူဆောက်ခဲ့တဲ့ အိမ်ကလေးမီးလောင်နေတာတွေ့လိုက်ရ
မီးတွေအကုန်လောင်သွားပြီးတော့အိ
အတန်ကြာပြီးတဲ့အခါ ထင်းခုတ်သမားက ဝမ်းသာအားရအော်လိုက်တယ် ။ " တွေ့ပြီ . .တွေ့ပြီ"ဆိုပြီးသူ့ပုဆိန်ကိြုေ
"ဒီပုဆိန်တစ်လက်သာရှိမယ်ဆိုရင်ဒ
ဒီပုံပြင်လေးကိုဖတ်ပြီး ဓမ္မမိတ်ဆွေများစိတ်ထဲဘယ်လိုခံစာ
တခါကျရှုံးပေမဲ့ ပြန်ထဖို့ကြိုးစားသူ နှစ်ခါကျရှုံး ပြန်ထဖို့ကြိုးစားသူအကြိမ်ကြိမ်
ကမ္ဘာကျော် အမေရိကန်သမ္မတကြီးဖြစ်တဲ့ လင်ကွန်းဟာ အလုပ်ပြုတ်ခဲ့ဖူး၊ စီးပွားရေးမှာ အရှုံးပေါ်ခဲ့ဖူး၊စိတ်ဓာတ်အကြီးအက
ဒါပေမဲ့သူဟာစိတ်ဓာတ်ကိုပြန်လည်ြ
ဘာတဲ့ကြားဖူးပါတယ် "The More, He Slaughter Us, the More, We Grow."
ဒင်းတို့များများနှိပ်ကွပ်လေမျာ
လူသားတယောက်အဖို့စိတ်ညစ်လို့စိတ
လူတွေကဆင်ခြေသဘောနဲ့ပြောကြတယ်၊ပ
သင်စိတ်ဓာတ်ကောင်းကောင်းနဲ့ကြို
(ဓမ္မစမ်းရေ)
0 comments:
Enregistrer un commentaire